home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသည်းကင်ဆာ ထောက်ပံ့မှုနည်းလမ်းများ

အသည်းကင်ဆာ ထောက်ပံ့မှုနည်းလမ်းများ

အသည်းကင်ဆာထောက်ပံ့မှုနည်းလမ်းများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြောကြားချက်အရအသည်းကင်ဆာ ဖြစ်နိုင်ချေကို မြင့်စေသောအဓိကအချက်များမှာအဝလွန်ခြင်း၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်စားမှု နည်း ခြင်း၊ ခန္ဓါကိုယ် လှုပ်ရှားမှု မရှိခြင်း၊ ဆေးပြင်းလိပ်သောက် ခြင်း၊ အရက်သောက်ခြင်းတို့ ဖြစ်သည်။ သင့်သူငယ်ချင်းတွင် အသည်းကင်ဆာရှိသည်ဟုသိလိုက်ရပါကသင်လုပ်ရန် မလုပ်ရန် အတွက် နည်းလမ်းအချို့ရှိသည်။ ဤလမ်းညွှန် ချင်များကိုဂရုပြု လေးစားပါ။

ပြုလုပ်ရန်

  • ကင်ဆာလူနာထံမှ စကားအရိပ်အမြွက်ကိုရှာပါ။ အချို့လူများသည်ကျန်းမာရေးအခြေအနေအကြောင်းပွင့်လင်းစွာပြောကြပြီးအချို့မှာအလွန် သီးသန့်ဆန်ပါသည်။ လူနာ၏ မျှဝေလိုမှု သို့မဟုတ် လျှို့ဝှက်လိုမှုကိုလေးစားပါ။
  • သင်ဂရုစိုက်သည်ကိုသူတို့သိစေပါ။
  • သင် ဆန့်ကျင်လျှင်ပင် ကုသမှုအတွက် သူတို့၏ ဆုံး ဖြတ်ချက်ကိုလေးစားပါ။
  • ပုံမှန် အစီအစဉ်များ၊ လူအများပါဝင်သောပွဲများကိုသူတို့အားဖိတ်ခေါ်ပါ။ မလာချင်ပါကသူတို့အားကိုယ်ပိုင် ဆုံးဖြတ်ခွင့်ပေးပါ။
  • နားထောင်ပေးပါ။ သင် အမြဲတမ်း ပြန်ပြောရမည်ဟုမခံစားပါနှင့်။ တစ်ခါတစ်ရံကောင်းစွာနားထောင် ပေးသူတစ်ယောက်သည် သင့်သူငယ်ချင်းအလိုအပ် ဆုံးအရာဖြစ်သည်။
  • ကင်ဆာရှိသူသည် စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင် ရာတွင် ကောင်းသောနေ့၊ ဆိုးသောနေ့ ရှိသည်ကိုမျှော်လင့်ထားပါ။
  • သင်တို့၏ ဆက်ဆံရေးကိုတတ်နိုင်သလောက် ပုံမှန်အတိုင်း မျှမျှတတဆက်ထားပါ။ သည်းခံပြီး ကြင်နာပေးပါ။ သို့သော်လည်းသင်သည် သင့် သူငယ်ချင်း၏ ခံစားမှု အပေါ် အလေးထားသကဲ့သို့ သင့်သူငယ်ချင်းကလည်းသင့်ခံစားမှု အပေါ် အလေးထားသင့်သည်။
  • တိကျသေချာသောနည်းလမ်းများဖြင့် ကူညီရန် အကြံပြုသည်။

မပြုလုပ်ရန်

  • သူတို့ မမေးသောအရာများကိုအကြံမပြုပါနှင့်။ မဝေဖန်ပါနှင့်။
  • သင်သည် လေးနက်စွာစိတ်ဆိုးခြင်း၊ စိတ် ပြောင်းလဲခြင်းတို့ မပြုလုပ်ပါနှင့်။ တစ်စုံတစ်ယောက် နေမကောင်းသောကြောင့် စိတ်ဆိုးစိတ်ပျက်သောအပြုအမှုများမလုပ်ပါနှင့်။
  • အရာများကိုအလွန် သီးသန့်မဆန်စေပါနှင့်။ ကင်ဆာလူနာများသည် သာမန်ထက် တိတ်ဆိတ်သည်မှာပုံမှန် ဖြစ်သည်။ သူတို့သည် တစ်ယောက်တည်းနေရန် အချိန်လိုအပ်ပြီးစိတ်ဆိုးဒေါသထွက်တတ်ကြသည်။
  • ဖျားနာမှုအကြောင်းပြောရန် မကြောက်ပါနှင့်။
  • ကင်ဆာအကြောင်းအမြဲတမ်းပြောနေရမည်ဟု မ ခံယူပါနှင့်။ ကင်ဆာရှိသူသည် ရောဂါအကြောင်းမပါ သောစကားစမြည်ပြောခြင်းများကို နှစ်သက်နိုင် သည်။
  • ရောဂါမဖြစ်ခင်ကပွေ့ဖက်ခြင်းထိတွေ့ခြင်းစသောရင်းနှီးမှုရှိပါက ၎င်းတို့ ပြုလုပ်ရန် မကြောက်ပါနှင့်။
  • ထောက်ခံအားပေးနေပါ။ ( လူနာဘယ်လိုနေသလဲမေးရာတွင် “ဒီနေ့ဘယ်လောက် ဖျားသလဲ’’ ဟူသောအသံမျိုးဖြင့် မမေးပါနှင့်)
  • ကင်ဆာရှိနေသူအား “ငါမင်းဘယ်လောက် ခံစားရမယ်ဆိုတာတွေးကြည့်နိုင်ပါတယ်ကွာ’’ ဟုပြောပါ။

သင် သို့မဟုတ် သင့်မိသားစုဝင်များတွင် အသည်းကင် ဆာဖြစ်ပါကစိတ်မချမ်းမသာ ဖြစ်စေပါသည်။ အရေးအကြီးဆုံးအချက်မှာဆရာဝန်ညွှန်ကြားချက်အားလိုက်နာပြီးသင်၏ နေထိုင်မှုပုံစံနှင့် စားသောက်မှုတို့ကိုပြောင်းလဲနိုင် သောလုပ်သင့် မလုပ်သင့်သည်များကိုသေချာသိရန် ဖြစ် သည်။ ပိုမိုအသေးစိတ်ကျသောအချက်အလက်များအတွက် ဆရာဝန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ နှင့် တိုင်ပင်ဆွေးနွေးပါ။

Translated by ZinWai Yan Linn

Hello Health Group does not provide medical advice, diagnosis or treatment.

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံ
Dr. Zin Wai Yan Lin မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။