home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ

နေ့လည်စာလေးစားပြီး သောက်ပြီးလို့ နေ့ခင်းနေ့လယ်ချိန်ကို ရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထရှိတာ ဓမ္မတာပါပဲ။ လူအများစုမှာ ဒီလိုအခြေအနေမျိုးကို ကြုံဆုံရတတ်ပါတယ်။

အထူးသဖြင့် လုပ်ငန်းခွင်ထဲမှာ အလုပ်ပါးချိန်တွေ၊ နေအိမ်မှာ အားလပ်နေချိန်မျိုးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အိမ်မှာရှိနေသူတွေအတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေးရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက်ကတော့ ဒီလိုအခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။

တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက်သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။

ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတစ်ခုဖြစ်သလို ခွန်အားနဲ့ ဉာဏ်ရည်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ မိနစ် ၂၀၊ နာရီဝက်ဝန်းကျင်လောက် တရေးတမော အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကောင်းစေတာ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေတာအပါအဝင် အကျိုးကျေးဇူးတွေ အတော်များရှိပါတယ်။

နေ့လယ်စာ စားထားသည်ဖြစ်စေ မစားထားသည်ဖြစ်စေ နေ့ခင်းဘက် ၁ နာရီနဲ့ ၃ နာရီအကြားကာလတွေဟာ လူတေအတွက် နိုးကြားမှု လျော့နည်းတဲ့ ကာလဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ အိပ်ငိုက်တာတွေ၊ အလုပ်အပေါ် အာရုံမစိုက်နိုင်တာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ခနတဖြုတ် အနားယူအိပ်စက်ပေးရင် စိတ်ရောကိုယ်ပါ အကျိုးရှိစေမှာလိမ့်မယ်လို့ ကျန်းမာရေးပညာရှင်တွေကဆိုထားကြပါတယ်။

ဒီလို နေ့ခင်းနေ့လယ် အိပ်စက်အနားယူတဲ့သူတွေဟာ အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။

  • ၁။ မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်မယ်
  • ၂။ သွေးဖိအားမကျအောင် တားဆီးပေးမယ်
  • ၃။ ခန္တာကိုယ်တွင်းက နာ့ဗ်ကြောတွေကို တည်ငြိမ်စေမယ်
  • ၄။ စိတ်စွမ်းအားကို မြှင့်တင်ပေးမယ်
  • ၅။ စိတ်ခံစားချက် ကောင်းမွန်စေမယ်
  • ၆။ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွဖြစ်စေမယ်
  • ၇။ ကဖိန်းဓာတ်ထက် လူကိုပိုပြီး အကျိုးပြုမယ်
  • ၈။ အိပ်ရေးပျက်ထားချိန်မျိုးတွေမှာ တရေးတမော အိပ်ပေးရင် ညဘက်ပုံမှန် အိပ်ပေးသလို အကျိုးရှိမယ်
  • ၉။ စိတ်ဖိစီးမှုကို လျှော့ချပေးစေမယ်
  • ၁၀။ နှလုံးကို အားပေးကူညီတယ်
  • ၁၁။ ညဘက် ပိုပြီး ကောင်းကောင်းမွန်မွန် အိပ်စက် ေမယ်

ဒါကြောင့် နေ့ခင်းနေ့လယ်တွေမှာ ဖြစ်နိုင်ရင် တရေးတမော အိပ်စက်ကြည့်ပါ။ တစ်နေ့တစ်ကြိမ်မဟုတ်ရင်တောင်မှ တစ်ပတ်ကို ၄ ကြိမ်လောက် တရေးတမော အိပ်စက်သင့်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ အကောင်းဆုံးကတော့ နေ့ခင်းဘက် ၂ နာရီနဲ့ ၃ နာရီအကြားမှာ အိပ်စက်တာက အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 30/11/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။