home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မိဘသွေးအမျိုးအစားက ကလေးအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ

မိဘသွေးအမျိုးအစားက ကလေးအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ

လူသားတွေမှာ အဓိကအားဖြင့် ABO blood group system နဲ့ Rh (Rhesus) blood group system ရယ်ဆိုပြီး အဓိကသွေးအုပ်စုတွေ သတ်မှတ်ထားတာရှိပါတယ်။ တကယ်လို့ သင့်ရဲ့သွေးအမျိုးအစားက A Rh (အတိုကောက်ပြောပြရင် A positive) ဆိုပါက သင်ဟာ ABOသွေးအမျိုးအစားအုပ်စုမှာ Aသွေးအမျိုးအစားဖြစ်ပြီး Rhသွေးအုပ်စုအမျိုးအစားမှာ Rh positiveဖြစ်ပါတယ်။

မိဘရဲ့ ABO သွေးအမျိုးအစားအုပ်စု မတူတာကြောင့် ကလေးရဲ့ကျန်းမာရေးအပေါ်မျာ ထိခိုက်မှုမရှိပေမယ့် ဖခင်ဖြစ်သူက Rh positiveဖြစ်နေပြီး မိခင်က Rh negativeဖြစ်နေမယ်ဆိုရင်မွေးဖွားလာမယ့် ဒုတိယမြောက်ကလေးမှာ Rhဝေဒနာဖြစ်နိုင်ခြေရှိပါတယ်။

ဘာတွေဖြစ်နိုင်သလဲ။

ဖခင်ဖြစ်သူရဲ့သွေးအမျိုးအစားက Rh positiveဖြစ်ပြီး မိခင်ရဲ့သွေးအမျိုးအစားက Rh negativeဖြစ်နေမယ်ဆိုရင် ကလေးရဲ့သွေးအုပ်စုအမျိုးအစားက Rh positiveဖြစ်နိုင်ခြေရှိပါတယ်။

ပထမဆုံး သားဦးကလေးကိုမွေးဖွားချိန်မှာ မိခင်က ကလေးရဲ့သွေးအမျိုးအစားနဲ့ ထိတွေ့မိပြီး မိခင်ရဲ့ သွေးအမျိုးအစားက ကလေးရဲ့သွေးနီဥဆဲလ်ထဲမှာရှိတဲ့Rh antigen ကိုဆန့်ကျင်တဲ့အခါ ပဋိပစ္စည်းတွေထွက်ပေါ်လာတာကိုဖြစ်စေပါတယ်။ အဆိုပါအနေအထားက မိခင်က ဒုတိယ ကလေးကိုကိုယ်ဝန်ဆောင်ချိန်မှာ ပဋိပစ္စည်းတွေက သန္ဓေသားရဲ့သွေးနီဥဆဲလ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။

လက်ထပ်ဖို့ မသင့်တော်တဲ့သွေးအုပ်စုများ

အမျိုးသား အမျိုးသမီး

A O နဲ့ B

B O နဲ့ A

AB O၊ A နဲ့ B

Rh positive Rh negative

လက်ထပ်လို့သင့်တော်တဲ့သွေးအုပ်စုများ

အမျိုးသား အမျိုးသမီး

A A နဲ့ AB

B B နဲ့ AB

O O၊ A ၊ B နဲ့ AB

AB AB

Rh positive Rh positive

Rh negative Rh negative

လက်မထပ်ခင်မှာ ဘာကြောင့်သွေးအုပ်စုတွေ လိုက်ဖက်မှု ရှိ၊မရှိ ဆန်းစစ်သင့်တာလဲ

လက်မထပ်မီမှာ အမျိုးသားနဲ့အမျိုးသမီးရဲ့သွေးအုပ်စုချင်းကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးဖို့က အရေးပါပါတယ်။ ဒါမှသာRh အမျိုးအစားချင်း သဟဇာတ တည့်၊မတည့်သိရှိနိုင်မှာဖြစ်ပါတယ်။Rh incompatibility Rh သဟဇာတမဖြစ်ခြင်း ကမွေးလာမယ့် ကလေးငယ်မှာerythroblastosis fetalis လို့ခေါ်တဲ့မွေးရာပါသွေးရောဂါ ဖြစ်စေနိုင်ပါတယ်။ အဆိုပါအခြေအနေက သန္ဓေသားမှာသွေးနီဥဆဲလ်တွေ ပျက်စီးစေပြီးပြင်းထန်တဲ့သွေးအားနည်းရောဂါကို ရရှိစေမှာဖြစ်သလို အသားဝါရောဂါကိုလည်းခံစားရစေနိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အနေအထားမျိုးမှာ သန္ဓေသားက ရုတ်တရက်နှလုံးရပ်ပြီးသေဆုံးတာမျိုးအထိဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အဆိုပါအနေအထားကို antigen-antibodies reaction နဲ့ အဆင်ပြေအောင်လုပ်ဆောင်ရပါတယ်။ မိခင်ဆီက ပဋိပစ္စည်းတွေက အချင်းတစ်လျှောက်မှာ စီးဆင်းနေတာကိုတွေ့ရှိရပါတယ်။ အခုလိုအနေအထားမျိုးက Rh positive အမျိုးသား နဲ့ Rh negative အမျိုးသမီးတွေလက်ထပ်တဲ့အခါမှာတွေ့ကြုံရနိုင်ပါတယ်။ ဒါကြောင့် Rh postive အမျိုးသားနဲ့ Rh negative အမျိုးသမီးလက်ထပ်ဖို့မသင့်တော်ပါဘူး။

မွေးဖွားလာမယ့် ကလေးငယ်မှာဖြစ်ပွားလာနိုင်တဲ့သွေးအားနည်းရောဂါကို ကလေးကိုမမွေးဖွားလာခင်ကတည်းကသွေးလဲပေးတာမျိုးလုပ်ဆောင်ပြီး ကုသနိုင်ပါတယ်။ ABOသွေးအမျိုးအစား မတူတာကြောင့်တော့erythroblastosis fetali မဖြစ်နိုင်ပါဘူး။ မိခင်ကို ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ်လောက်ကနေစပြီးRho (D) immune globulin ကိုထိုးပေးရမှာဖြစ်ပါတယ်။ ကလေးမွေးပြီး ၇၂ နာရီအတွင်းမှာလည်းဆေးထိုးပေးဖို့လိုအပ်ပါတယ်။

သွေးအုပ်စုတူတဲ့ သူအချင်းချင်းလက်ထပ်မှုကပြဿနာမရှိပါဘူး။ လူတိုင်းကမွေးဖွားလာစဉ်ကတည်းကသွေးအုပ်စု အတိအကျ၊ Rh postive ၊ Rh negative အတိအကျနဲ့မွေးဖွားလာတာဖြစ်ပါတယ်။ Rh positive က Rh negative ထက်တွေ့ရများပါတယ်။

မိခင်နဲ့ သန္ဓေသားရဲ့ Rh အမျိုးအစားမတူညီတဲ့ အခါမိခင်ရဲ့ ခန္ဓါကိုယ်က ပဋိပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။ အဆိုပါ ပဋိပစ္စည်းတွေက Rh positive အမျိုးအစားဖြစ်နေတဲ့ ကလေးငယ်ရဲ့သွေးကိုတိုက်ခိုက်ပါတယ်။ ထိုသို့တိုက်ခိုက်မှုက ကလေးငယ်ရဲ့သွေးနီဥဆဲလ်တွေကို ပျက်စီးစေပြီး ကလေးငယ်မှာသွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။ အခြေအနေပြင်းထန်မယ်ဆိုရင်တော့ ကလေးငယ်မှာနာမကျန်းဖြစ်တာ၊ ဦးနှောက်ပျက်စီးတာနဲ့သေဆုံးတာမျိုးအထိဖြစ်ပေါ်နိုင်ပါတယ်။

တကယ်တော့သွေးအုပ်စုအမျိုးအစားကပြဿနာရှိတာမဟုတ်ပါဘူး။ Rh အမျိုးအစားကပဲပြဿနာရှိတာဖြစ်ပါတယ်။သွေးအမျိုးအစား A positive အချင်းချင်းကမွေးဖွားလာမယ့် ကလေးငယ်ကလည်း Rh positive ပဲဖြစ်မှာဖြစ်တာကြောင့်သွေးအမျိုးအစားအတူတူချင်းလက်ထပ်တာက ဘာမှအခက်အခဲမရှိပါဘူး။ အကောင်းဆုံးလို့ဆိုရပါမယ်။

Rh negative မိခင်အနေနဲ့ ကိုယ်ဝန်ဆောင်တဲ့အခါanti-D immunoglobulin လို့ခေါ်တဲ့ဆေးတစ်မျိုးကိုထိုးရမှာဖြစ်ပါတယ်။ အဆိုပါ ထိုးဆေးက ကလေးငယ်ကိုသွေးရဲ့ Rh အမျိုးအစားမတူတာကြောင့် အန္တရာယ်မဖြစ်အောင်ကာကွယ်ပေးပါတယ်။

တကယ်လို့ မိခင်ဖြစ်သူက Rh negativeဖြစ်ပြီး Rh positive သန္ဓေသားကို ကိုယ်ဝန်ဆောင်ထားရမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ သွေးချင်းရောပြီးပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။ မိခင်ရဲ့ကိုယ်ခံအား စနစ်က ကလေးရဲ့သွေးကိုဆန့်ကျင်တဲ့ ပဋိပစ္စည်းတွေထုတ်လုပ်တာမျိုးဖြစ်ပေါ်နိုင်ပါတယ်။ ဒီအနေအထားက ကလေးငယ်မှာသွေးအားနည်းရောဂါဖြစ်စေနိုင်သလို အခြားရောဂါတွေဝင်စေနိုင်တဲ့အပြင် မိခင်ရဲ့နောက်ထပ် ကိုယ်ဝန်ဆောင်မှုအပေါ်မှာပါထိခိုက်မှုရှိစေနိုင်ပါတယ်။

anti-D immunoglobulinဆေးထိုးထားတာက ကလေးငယ်ကိုရောဂါတွေမဝင်ရောက်အောင်ကာကွယ်ပေးပါတယ်။ ကလေးငယ်ဖခင်ရဲ့သွေးအမျိုးအစားကို အတိအကျသိရမှသာ မိခင်အနေနဲ့ဆေးထိုးဖို့လိုအပ်မလား၊မလိုအပ်ဖူးလားဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

RhD-positive အမျိုးအစားသွေးအုပ်စုပိုင်ရှင်တွေမှာ သူတို့ရဲ့သွေးနီဥဆဲလ်တွေမှာD antigen လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးရှိနေတတ်ပါတယ်။ RhD-negative သမားတွေမှာတော့D antigen လို့ခေါ်တဲ့ ပရိုတင်းမရှိတတ်ပါဘူး။

သားသမီးတွေက မိဘတွေထံကနေrhesus factor ကိုဆက်ခံကြတာဖြစ်ပါတယ်။ လူဖြူဥရောပ မျိုးရိုးနောက်ခံရှိသူတွေ ၈၅ ရာခိုင်နှုန်းလောက်မှာ RhD-positiveသွေးအမျိုးအစားရှိတတ်တာဖြစ်ပြီး အာဖရိကလူမျိုးတွေရဲ့ ၉၄ ရာခိုင်နှုန်းနဲ့ နဲ့ အာရှလူမျိုးတွေရဲ့ ၉၀ ရာခိုင်နှုန်းကRhD-positiveသွေးအမျိုးအစား ရှိတတ်ပါတယ်။

တော်တော်များရဲ့ သွေးအမျိုးအစားက RhD-positiveဖြစ်နေတာက မိဘနှစ်ပါးထဲကတစ်ယောက်ယောက်ရကြ ဆီကနေ ဆက်ခံရယူလိုက်တာကြောင့်ဖြစ်ပါတယ်။ မိဘနှစ်ပါးမှာ Rh-positiveဖြစ်နိုင်သလို Rh-negative လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မျိုးဗီဇ နှစ်ရပ်မှာ Rh- positive ကအမြဲ လွှမ်းမိုးနိုင်ပါတယ်။

  • မိဘနှစ်ပါးမှာ တစ်ဦးက Rh-positiveဖြစ်ပြီး တစ်ဦးက Rh-negativeဖြစ်မယ်ဆိုရင် ကလေးငယ်က Rh-positiveဖြစ်နိုင်ပါတယ်။
  • မိဘနှစ်ဦးစလုံးက Rh-positive ဆိုရင်မွေးလာမယ့်ကလေးငယ်ကRh-positiveဖြစ်မှာဖြစ်ပါတယ်။
  • မိဘနှစ်ပါးစလုံးက Rh-negative ဆိုရင်တော့မွေးလာမယ့်ကလေးငယ်က RhD-positiveဖြစ်နိုင်ခြေမရှိပါဘူး။
  • မိခင်တွေအနေနဲ့ သူတို့ရဲ့ သွေးအုပ်စုနဲ့ Rh အမျိုးအစားကို သိရှိနိုင်စေဖို့အတွက် ကိုယ်ဝန်စဆာင်စဉ်ကတည်းကသွေးစစ်ဆေးမှုကို ကြိုတင်လုပ်ဆောင်သင့်ပါတယ်။

ABO Blood Group System

  • သွေးနီဥဆဲလ်တွေကိုA antigens ကဖုံးအုပ်ထားပြီးသွေးအမျိုးအစားကလည်း A ဆိုပေမယ့်B-antibodies ရှိနေနိုင်ပါတယ်။
  • သွေးနီဥဆဲလ်တွေကို B antigens ကဖုံးအုပ်ထားပြီးသွေးအမျိုးအစားကလည်း B ဆိုပေမယ့် A-antibodies ရှိနေနိုင်ပါတယ်။
  • သွေးနီဥဆဲလ်တွေကိုA နဲ့ B antigens ကဖုံးအုပ်ထားပြီးသွေးအမျိုးအစားကလည်း AB ဆိုပေမယ့် A-antibodies (သို့) B-antibodies ပါမရှိနေနိုင်ပါဘူး။
  • သွေးနီဥဆဲလ်တွေကိုA နဲ့ B antigensတွေကဖုံးအုပ်ထားခြင်းမရှိဘဲသွေးအမျိုးအစားက Oဖြစ်နေမယ်ဆိုရင်A-antibodies ရော B-antibodies ပါရှိနေနိုင်ပါတယ်။

မိဘသွေးအမျိုးအစား A B AB O

A A၊O A၊ AB၊ O၊ B A၊B၊AB A၊O

B A၊AB၊O၊B B၊O B၊AB B၊O

AB A၊B၊AB B၊AB A၊B၊AB A၊B၊AB

O A၊O B၊O A၊B၊AB O

Rhesus (Rh) system

သွေးနီဥဆဲလ်အပေါ်မှာ A နဲ့ Bantigen အပြင်အခြားအရေးကြီးတဲ့antigen တစ်မျိုးရှိပါတယ်။ ဒါကတော့D-Antigen လို့သိကြတဲ့Rh antigen ပဲဖြစ်ပါတယ်။

  • Rh antigen ရှိတဲ့သူတွေက RhD positive အမျိုးအစားသွေးပိုင်ရှင်တွေဖြစ်ကြပါတယ်။
  • Rh antigen မရှိတဲ့သူတွေက RhD negative အမျိုးအစားသွေးပိုင်ရှင်တွေဖြစ်ကြပါတယ်။
  • ABသွေးအမျိုးအစား မိဘ နှစ်ပါးကနေမွေးဖွားတဲ့ကလေးက Aသွေး၊Bသွေး (သို့) ABသွေးတွေဖြစ်နိုင်ပေမယ့် Oသွေးတော့မဖြစ်နိုင်ပါဘူး။
  • A သွေးအမျိုးအစား မိဘ နှစ်ပါးကနေမွေးဖွားတဲ့ကလေးက Aသွေး (သို့) O သွေးတွေဖြစ်နိုင်ပေမယ့် B သွေး (သို့) AB သွေးတော့မဖြစ်နိုင်ပါဘူး။
  • B သွေးအမျိုးအစား မိဘ နှစ်ပါးကနေမွေးဖွားတဲ့ကလေးက B သွေး (သို့) O သွေးတွေဖြစ်နိုင်ပေမယ့် A သွေး (သို့) AB သွေးတော့မဖြစ်နိုင်ပါဘူး။
  • Oသွေးအမျိုးအစား မိဘ နှစ်ပါးကနေမွေးဖွားတဲ့ကလေးက O သွေးသာဖြစ်နိုင်ပြီး Aသွေး၊ B သွေး (သို့) AB သွေးတော့မဖြစ်နိုင်ပါဘူး။
  • မိဘနှစ်ပါးစလုံးကrhesus-negative ဆိုရင်တော့မွေးလာမယ့်ကလေးrhesus-negative ပဲဖြစ်မှာဖြစ်ပါတယ်။ မိဘနှစ်ပါးစလုံးကrhesus-positive ဆိုရင်တော့မွေးလာမယ့် ကလေးငယ်ကrhesus-positive ပဲဖြစ်လာမှာဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။