ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အိမ်မှာ အိမ်သားအသစ်စက်စက် ပိစိကွေးလေးတိုးလာတဲ့အခါ ဂရုစိုက်လုပ်ဆောင်ရတာတွေများလာပါမယ်။ သူတို့လေးတွေဘေးကင်းစေဖို့ အစားအစာကစလို့ အသုံးအဆောင်တွေအထိသေချာဂရုစိုက်ရပါမယ်။ ဒီလိုဂရုစိုက်တဲ့အထဲမှာ မဖြစ်မနေအရေးတကြီးလုပ်ပေးသင့်တာက ကလေးကို ဝတ်ပေးမယ့် အဝတ်အစားတွေပါ။ အဝတ်အစားရွေးချယ်တဲ့အခါ အမြင်လှဖို့ထက် ကလေးအတွက် သက်တောင့်သက်သာဖြစ်စေပြီး ကလေးအသားအရေကို ထိခိုက်မှုမရှိနိုင်တဲ့ အဝတ်အထည်မျိုးကို အဓိကထားရွေးချယ်ဖို့ လိုပါမယ်။

ဘေဘီလေးအသားအရေနဲ့ သင့်တော်မယ့် ပိတ်စတွေက ဘာတွေများဖြစ်မလဲ

ကလေးအတွက် သင့်တော်မယ့် အဝတ်အထည်တွေနဲ့ ပိတ်စလေးတွေကိုသေသေချာချာရွေးကြည့်ရအောင်နော်။

ချည်သား

ချည်သားကတော့ဘေဘီလေးတွေနဲ့ အသင့်တော်ဆုံးဖြစ်မှာပါ။ ချည်သားကနူးညံ့ပြီးအေးမြနေသလိုချွေးစုပ်ယူမှုအားလည်းကောင်းတာကြောင့် ထိခိုက်လွယ်တဲ့ဘေဘီလေးတွေ အသားအရေနဲ့ကွက်တိပါ။ အသားအရေကို ထိခိုက်ပွန်းပဲ့မှုကင်းစေပြီး အပူအအေးမျှတနေစေမှာပါ။ ဒါပေမယ့်ဘေဘီလေးကို ချည်သားဝတ်ဆင်ပေးမယ်ဆိုရင် အရင်ဆုံးလျှော်ဖွတ်ပြီးမှ ဝတ်ဆင်ပေးဖို့ မမေ့ပါနဲ့။

ချည်သားနဲ့Polyesterရောစပ်ထားတဲ့ အထည်

ဒီပိတ်စအမျိုးအစားကခြောက်သွေ့မြန်သလို၊ တွန့်ကြေခဲပါတယ်။နောက်ထပ် အားသာချက်တစ်ခုက ကလေးတွေ အဝတ်အထည်အတွက် အသုံးများတဲ့ ချည်သားစစ်စစ်လောက်လည်း စရိတ်စကမကြီးပါဘူး။ အလုပ်များတဲ့မေမေဖေဖေတို့အတွက်ရွေးချယ်သင့်တဲ့ ပိတ်စတစ်မျိုးပါ။ဘေဘီလေးရဲ့ အရေပြားကို ထိခိုက်မှုမရှိစေတဲ့အပြင်နေရထိုင်ရတာလည်း သက်တောင့်သက်သာဖြစ်စေမှာပါ။

ချည်သားနဲ့Spandexရောစပ်ထားတဲ့ အထည်

ကျုံ့နိုင်ဆန့်နိုင်တာကြောင့် ကလေးကလူးလွန့်လှုပ်ရှားတဲ့အခါ အဆင်ပြေပြေဖြစ်စေမှာပါ။ အသားကလည်း မကြမ်းတာကြောင့် အရေပြားထိခိုက်မှုရှိမှာကို မစိုးရိမ်ရပါဘူး။ ကလေးကိုနွေးထွေးမှုရရှိစေမှာဖြစ်တာကြောင့်ဘေဘီလေးတွေအတွက် သင့်တော်တဲ့ ပိတ်စတွေထဲက တစ်မျိုးလို့ဆိုပါရစေ။

မွေးပွအထည်

ကလေးငယ်ငယ်လေးတွေရဲ့ အနွေးထည်တွေအဖြစ်မြင်ရများနိုင်ပါတယ်။ ရာသီမရွေးဝတ်ဆင်ပေးလို့ရပြီး ကလေးကို အအေးဒဏ်ကနေ အကာအကွယ်ပေးနိုင်မှာပါ။လျှော်ဖွတ်တဲ့ အခါမှာလည်း အခြောက်မြန်တာကြောင့် ကလေးအတွက်ရော လူကြီးတွေအတွက်ပါ အဆင်ပြေစေမယ့် အထည်တစ်မျိုးပါ။

သိုးမွှေးထည်

ဒါကတော့ အထက်တန်းဆန်တဲ့ ကလေးအသုံးအဆောင်တစ်ခုပါ။ အချုပ်အလုပ်ကျွမ်းကျင်တဲ့မေမေတို့ကတော့မွေးမလာသေးတဲ့ဘေဘီလေးတွေအတွက် ကိုယ်တိုင် သိုးမွေးထိုးချုပ်လုပ်ပေးထားတာတွေရှိပါတယ်။ သိုးမွေးက နူးညံ့တာကြောင့်ဘေဘီလေးတွေကို အသားအရေထိခိုက်မှုမရှိစေဘဲနွေးထွေးမှုအပြည့်အဝပေးနိုင်မှာပါ။

ဖလန်ထည်

ဒီအသားကတော့ နူးညံ့ပြီးနွေးထွေးမှုရှိစေနိုင်တဲ့ ပိတ်စတစ်မျိုးပါ။ မိုးရာသီလိုမျိုး အချိန်တွေမှာလျှော်ရဖွတ်ရလွယ်သလိုဘေဘီလေးကို မိုးတွင်းရဲ့ အအေးဒဏ်ကနေ အကာအကွယ်ပေးနိုင်မှာပါ။ အဆင်လှလှလေးနဲ့ ဖလန်ထည်လေးဝတ်ဆင်ပေးပြီး အရေပြားပြဿနာကင်းစင်တဲ့ ချစ်စဖွယ်ဘေဘီလေးတစ်ယောက်ဖြစ်အောင်လုပ်ပေးလိုက်ပါ။

ဝါးချည်

ဒါကတော့ အခုနောက်ပိုင်းမှာ အသုံးများလာတဲ့ သဘာဝပစ္စည်းစစ်စစ်ကနေထုတ်ထားတဲ့ ချည်တစ်မျိုးနဲ့ ဖန်တီးထားတာပါ။ အပူအအေးကို ထိန်းညှိပေးနိုင်ပြီး ကလေးရဲ့ အသားအရေကို ထိခိုက်မှုမရှိလောက်အောင်ကို နူးညံ့တာပါ။မွေးကင်းစဘေဘီလေးတွေ အတွက်စိတ်ချရတဲ့ အထည်တစ်မျိုးပေါ့။

နောက်ဆုံးအနေနဲ့ သတိပေးချင်တာတစ်ခုကတော့ ကလေးအသားအရေနဲ့ ဘယ်လိုသင့်တော်တဲ့ ပိတ်စမျိုး အထည်မျိုးပဲဖြစ်ဖြစ် ကလေးရဲ့ ခန္ဓါကိုယ်ပေါ်မှာ မဝတ်ဆင်ပေးခင်အရင်ဆုံးလျှော်ဖွတ်လိုက်ပါ။ ဒါမှသာ အဝတ်အထည်ပေါ်မှာ အသုံးပြုထားတဲ့ တာရှည်ခံဆေးတွေနဲ့ ပိုးသတ်ဆေးတွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ကလေးအဝတ်အထည်တွေကိုလျှော်တဲ့အခါ လူကြီးတွေအဝတ်အစားတွေနဲ့ရောလျှော်တာမျိုး မလုပ်ပါနဲ့။ ဆပ်ပြာမှုန့်တွေမှာပါတဲ့ ဓါတုပစ္စည်းတွေကြာင့် ကလေးအရေပြားကို ထိခိုက်နိုင်တာကြောင့်ပါ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

ဝက်ခြံအမာရွတ်တွေက အလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး

ဗီတာမင် C က ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးရဲ့ ကိုယ်ခံအားတင် ကောင်းစေတာမဟုတ်ဘဲ အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ပေးစွမ်းပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

အခုတလော ဝက်ခြံတွေ ပိုထွက်လာတယ်။ သတိထားမိသလောက် Covid-19 ကြောင့် Work from Home စလိုက်ကတည်းကပေါ့။ကွန်ပျူတာရှေ့မှာ မနက်ကစထိုင်လိုက်တာ ညနေစောင်းတဲ့အထိပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်စွာ ရှင်သန်ပါစေ။

ကာကွယ်ဆေးထိုးတာက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပါတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပါ။ ကာကွယ်ဆေး ထိုးနှံမှုက ကလေးငယ်တွေရဲ့ အသက်ကို ကယ်တင်ပေးနေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read
အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ

ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 2 mins read