backup og meta

မလိုလားတဲ့အမွေးအမျှင်များကို မီးဖိုချောင်သုံးပစ္စည်းများနှင့်ဖယ်ရှားခြင်း


Wathun Myat Chal မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မလိုလားတဲ့အမွေးအမျှင်များကို မီးဖိုချောင်သုံးပစ္စည်းများနှင့်ဖယ်ရှားခြင်း

    မလိုလားတဲ့ အမွှေးတွေကို ဖယ်ရှားဖို့ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေဟာ လိုက်လုပ်ဖို့လွယ်ကူပါတယ်။ ဘယ်နည်းလမ်းက သင့်အတွက် အဆင်အပြေဆုံး ဖြစ်မလဲဆိုတာ ရှာကြည့်ပါ။

    မျက်နှာပေါ်မှ အမွှေးအမျှင်များအတွက် သကြားသံပုရာအရော

    သကြားကိုရေနဲ့ သံပုရာရောထားတာဟာ သင့်မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် သဘာဝအတိုင်း အရောင်ချွတ်ပေးနိုင်ပါတယ်။ အသုံးပြုလိုက်တဲ့ သံပုရာရာရည်က သင့်မျက်နှာပေါ်က အမွှေးတွေကို အရောင်ဖျော့သွားစေပါတယ်။ ပါဝင်ပစ္စည်းသုံးမျိုးလုံးကိုရောလိုက်ခြင်းကတော့ မျက်နှာပေါ်က အမွှေးတွေအပြင် အခြားအစိတ်အပိုင်းက အမွှေးတွေကိုပါ ကောင်းကောင်းဖယ်ရှားပေးနိုင်ပါတယ်။ ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတွေကိုတော့ ဒီအရာတွေ အသုံးမပြုသင့်ပါဘူး။

    လိုအပ်သောပစ္စည်းများ

  • သကြားစားပွဲတင်ဇွန်း ၂ဇွန်း
  • ရေစားပွဲတင်ဇွန်း ၁၀ဇွန်း
  • သံပုရာရည် လက်ဖက်ရည်ဇွန်း၂ဇွန်း
  • ခွက်သေးလေးတစ်ခွက်
  • နည်းလမ်း

    • ခွက်ထဲမှာ သကြားနဲ့ရေကို ရောလိုက်ပါ။
    • သကြားပျော်ရည် အသင့်ဖြစ်ပြီဆိုရင် သံပုရာရည်ထပ်ထည့်ပြီ းသေချာမွှေပေးပါ။
    • ဒီအရောက ိုမျက်နှာပေါ်မှာ အမွှေးပေါက်ရာ လမ်းကြောင်းအတိုင် းလိမ်းပေးပါ။
    • ၁၅မိနစ်မှ မိနစ်၂၀ထိထားပါ။
    • မိနစ်၂၀ကြာပြီးတဲ့နောက် အရောတွေကို လက်နဲ့သေချာနူးညံ့စွာ ပွတ်သပ်ပေးပြီး ရေဆေးချပါ။
    • မျက်နှာပေါ်ကအမွှေးတွေ လျော့နည်းသွားဖို့အတွက် တစ်ပတ်ကို ၂ကြိမ် မှ ၃ကြိမ် လုပ်ပေးနိုင်ပါတယ်။

    ခြေထောက်နှင့်လက်မှ အမွှေးများအတွက် သကြား၊ ပျားရည်နှင့် သံပုရာအရော

    သကြားကိုရေ၊ပျားရည်၊သံပုရာ စတာတွေနဲ့ရောထားတာဟာ သင့်ခန္ဓါကိုယ်ပေါ်က မလိုအပ်တဲ့ အမွှေးအမျှင်များအတွက် အလွန်ကောင်းမွန်ပါတယ်။ ခြေထောက်နဲ့လက်မှာ ပေါက်နေတဲ့မလိုလားတဲ့ အမွှေးအမျှင်တွေက ိုဖယ်ရှားတဲ့နေရာမှာ ဖယောင်းလိုပါပဲ။ ဒီနည်းကို လုပ်တဲ့အချိန်မှာ အလှပြင်ဆိုင်တွေမှာ ဖယောင်းကပ်ခွာသုံးပြီး အမွှေးနှုတ်တာနဲ့ ဆင်တူတာကြောင့် အနည်းငယ်တော့ နာကျင်နိုင်ပါတယ်။

    လိုအပ်သောပစ္စည်းများ

    • သကြား စားပွဲတင်ဇွန်း၁ဇွန်း
    • သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
    • သဘာဝပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
    • ရေ (အရောကိုအနည်းငယ်ကြဲစေရန်)
    • ပြောင်းဖူးမှုန့် သို့မဟုတ် ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းမှ ၂ဇွန်း
    • အဝတ်စ သို့မဟုတ် ဖယောင်းကပ်ခွာ
    • Waxing(ဖယောင်းသွင်း)လုပ်ရာတွင်သုံးသော spatula (ထိပ်ကားဇွန်းပြား)သို့မဟုတ် ထောပတ်သုတ်ဓါး

    လုပ်နည်းအဆင့်ဆင့်

    • ခွက်ငယ်လေးထဲမှာ သကြား၊ သံပုရာနဲ့ ပျားရည်ကိုထည့်ပြီး သေချာမွှေပေးပါ။
    • ၃မိနစ်ခန့်အပူပေးပြီး ချောချောမွေ့မွေ့ လွတ်လွတ်လပ်လပ်သွားနိုင်တဲ့ အရောဖြစ်ပါစေ။
    • အရောက အနည်းငယ်ပျစ်နေတယ်လို့ထင်ရင် ရေထည့်ပြီး သေချာရောပေးပါ။ ဒီအရော (paste)ကို အခန်းအပူချိန်မှာအအေးခံပါ။
    • သင် ဒီအရောကိုလိမ်းမယ့် ခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုသန့်စင်ပါ။ ပြီးရင် ပြောင်းဖူးမှုန့်သို့မဟုတ် ဂျုံမှုန့်ကိုသုတ်ထားပါ။
    • Waxing spatula ကိုသုံးပြီးသင်အမွှေးဖယ်ရှားချင်တဲ့နေရာမှာအရောကိုညင်သာစွာလိမ်းပေးပါ။
    • အမွှေးပေါက်ရာ လမ်းကြောင်းအတိုင်း လိမ်းပေးပြီး အဝတ်စနဲ့ကပ်လိုက်ပါ။ Paste နဲ့ ကပ်သွားအောင်ဖိပေးပါ။
    • မလိုအပ်တဲ့အမွှေးတွေကိုသေချာဖယ်ရှားနိုင်အောင် အဝတ်စကို အမွှေးပေါက်ရာလမ်းကြောင်းနဲ့ ပြောင်းပြန်ဆွဲခွာလိုက်ပါ။
    • ဒါကိုတော့ သင့်လက်နဲ့ခြေထောက်မှာ အမွှေးတွေရှိနေတာ သတိထားမိတိုင်း လုပ်ပေးနိုင်ပါတယ်။

    မျက်နှာပေါ်မှ အမွှေးများဖယ်ရှားရန်အတွက် ကြက်ဥမျက်နှာဖုံး (mask)

    ကြက်ဥအကာဟာ သကြား၊သံပုရာ၊ပျားရည် maskလိုမျိုး ကပ်စေးစေးနိုင်တဲ့အရာပါ။ သင့်မျက်နှာပေါ်မှာ ၎င်းခြောက်သွားပြီဆိုတာနဲ့ ဆွဲခွာဖို့လွယ်ကူပြီး သင်ခွာလိုက်တာနဲ့ မလိုအပ်တဲ့အမွှေးတွေပါ တစ်ခါတည်း ပါလာမှာပါ။ ဒါပေမဲ့ ခြောက်နေတဲ့ ကြက်ဥ mask ကိုဆွဲခွာတဲ့အချိန်မှာနာကျင်စေနိုင်ပါတယ်။

    လိုအပ်သောပစ္စည်းများ

    • ပြောင်းဖူးဂျုံ စားပွဲတင်ဇွန်းတစ်ဝက်
    • ကြက်ဥတစ်လုံး
    • သကြားစားပွဲတင်ဇွန်းတစ်ဇွန်း
    • ရောရန်အတွက် ခွက်တစ်လုံး

    နည်းလမ်း

    • ကြက်ဥကိုခွဲပြီး အကာက ိုခွက်ထဲထည့်ပါ။
    • ပြောင်းဖူးဂျုံနဲ့ သကြားကို ရောထည့်ပါ။ ချောမွေ့တဲ့ paste တစ်ခုဖြစ်အောင် သေချာမွှေပေးပါ။
    • မျက်နှာကပ် mask အဖြစ် သုံးလိုက်ပါ။ သင့်မျက်နှာပေါ်မှာခြောက်သွားဖို့ မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ။
    • လုံးဝခြောက်သွားတဲ့အခါကျရင်တော့ ကြက်ဥမျက်နှာဖုံးထူထူလေးဖြစ်နေမှာပါ။
    • Mask ကိုလက်နဲ့ တင်းတင်းကိုင်ပြီးဆွဲခွာပါ။ ဒီလိုလုပ်မှသာမျက်နှာပေါ်ကအမွှေးတွေအကုန်ပါမှာပါ။
    • မျက်နှာပေါ်က အမွှေးတွေကိုအပြီးတိုင်ရှင်းလင်းပစ်ဖို့ တစ်ပတ်ကို၂ကြိမ် သို့မဟုတ် ၃ကြိမ်ပြုလုပ်နိုင်ပါတယ်။

    သင်္ဘောသီး

    ဒါကတော့ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်တဲ့အပြင် ထိခိုက်လွယ်သော အရေပြားအတွက်ပါ အဆင်ပြေပါတယ်။ သင်္ဘောသီးမှာ papain လို့ခေါ်တဲ့ အင်ဇိုင်းပါပြီး သူကမွှေးညှင်းပေါက်တွေကို ပိတ်လိုက်ခြင်းအားဖြင့် အမွှေးတွေရဲ့ကြီးထွားမှုကိုကန့်သတ်ပေးပါတယ်။ သင်္ဘောသီးဟာ အသားအရည်မှာရှိတဲ့ ဆဲလ်သေတွေနဲ့ အညစ်အကြေး တွေကို ဖယ်ရှားပေးတဲ့အတွက်လည်း နူးညံ့ချောမွေ့တဲ့အထိအတွေ့ကို ပိုင်ဆိုင်နိုင်စေမှာပါ။

    နည်းလမ်း -၁ (သင်္ဘောသီးနဲ့ နနွင်း)

    ပြုလုပ်ပုံ

    • အခွံခွားထားပြီးတဲ့ သင်္ဘောသီးကိုယူပြီး အတုံးသေးသေးလေးတွေ တုံးပါ။
    • အနှစ်ရလာသည်အထိခြေလိုက်ပါ။
    • ဒီအနှစ်ကို စားပွဲတင်ဇွန်း၂ဇွန်းခန့်ယူပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ရောမွှေပါ။
    • ဒီအရောကိုမျက်နှာ သို့မဟုတ် ခြေထောက် သို့မဟုတ် အခြားအစိတ်အပိုင်းတွေမှာရှိတဲ့ မလိုလားတဲ့ အမွှေး တွေနေရာမှာ လိမ်းပေးပါ။
    • ၁၅မိနစ်မှ မိနစ်၂၀ထိ ဒီအရောကို အသားထဲစိမ့်ဝင်အောင် နှိပ်ပေးပြီးရေနဲ့ ဆေးချလိုက်ပါ။
    • ခန္ဓါကိုယ်နဲ့ မျက်နှာမှာရှိတဲ့ မလိုအပ်တဲ့အမွှေးတွေကိုဖယ်ရှားပေးနိုင်ဖို့ တစ်ပတ်ကိုနှစ်ကြိမ် အနည်းဆုးံ လုပ်ပေးပါ။

    နည်းလမ်း -၂ (သင်္ဘောသီးနှင့် ရှားစောင်းလက်ပတ်)

    လိုအပ်သောပစ္စည်းများ

    • သင်္ဘောသီးအနှစ် သို့မဟုတ် အမှုန့် စားပွဲတင်ဇွန်း၁ဇွန်း
    • ရှားစောင်းလက်ပတ်ဂျယ် စားပွဲတင်ဇွန်း၃ဇွန်း
    • မုံညင်းဆီ စားပွဲတင်ဇွန်း၁ဇွန်း
    • Gram flour စားပွဲတင်ဇွန်းလေးပုံတစ်ပုံ
    • နနွင်းမှုန့် စားပွဲတင်ဇွန်းလေးပုံတစ်ပုံ
    • Essential oil ၂စက်
    • သန့်ရှင်းခြောက်သွေ့သော အဝတ်စ
    • Moisturizer တစ်မျိုးသို့မဟုတ် သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း

    လုပ်ဆောင်ပုံ

    • သင်္ဘောသီးအနှစ်၊ gram flour, ရှားစောင်းဂျယ်လ်နဲ့ နနွင်းမှုန့်၊ မုံညှင်းဆီနဲ့ essential oilတွေကိုရောပြီးအနှစ်ပျစ်ပျစ်တစ်ခုရအောင်လုပ်ပါ။
    • ဒီအရောကို အမွှေးပေါက်ရာလမ်းကြောင်းနဲ့ ပြောင်းပြန်လိမ်းပါ။
    • ၁၅မိနစ် မိနစ်၂၀ခန့်ထားပါ။
    • အဝတ်စကိုယူပြီး ခြောက်သွားတဲ့ အနှစ်တွေကို အမွှေးပေါက်ရာလမ်းကြောင်းနဲ့ပြောင်းပြန်ပွတ်ပေးပါ။
    • ရေဆေးချလိုက်ပြီး ခြောက်သွားအောင် သဘက်နဲ့သုတ်ပေးပါ။
    • သံလွင်ဆီအနည်းငယ်၊ baby oil အနည်းငယ် သို့မဟုတ် Moisturizer အနည်းငယ်သုံးပြီး နှိပ်နယ်ပေးပါ။
    • တစ်ပတ်ကို ၃-၄ကြိမ် ၃လလောက်လုပ်ပြီးရင် မလိုအပ်တဲ့အမွှေးတွေအားလုံးရှင်းသွားပါလိမ့်မယ်။

    နနွင်း

    နနွင်းကို ရာစုနှစ်ပေါင်းများစွာ အသားအရည် ပြဿနာတွေအတွက် အသုံးပြုလာကြပါတယ်။ ပိုးမွှားတွေကို သေစေနိုင်တဲ့ဂုဏ်သတ္တိရှိတဲ့အပြင်ကို နနွင်းဟာ အမွှေးတွေကြီးထွားမှုကို ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒီနည်းလမ်းဟာ အမွှေးတွေ ဖယ်ရှားဖို့အတွက် လွယ်ကူရိုးရှင်းပေမဲ့ ထိရောက်ပါတယ်။ အမွှေးပါးပါးကို ဖယ်ရှားတာနဲ့ အမွှေးထူထူကို ဖယ်ရှားတာ အတွက် မတူညီတဲ့နည်းလမ်းတွေကို သုံးရပါတယ်။

    အမွှေးပါးများအတွက် လုပ်နည်းအဆင့်ဆင့်

    • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းသို့မဟုတ် ၂ဇွန်း သို့မဟုတ် လုပ်လိုသောနေရာကိုဖုံးအုပ်နိုင်မယ့်လုံလောက်တဲ့ ပမာဏကိုယူပါ။
    • နှင်းဆီရည်၊ နွားနို့ သို့မဟုတ် ရေလုံလောက်တဲ့ပမာဏထဲထည့်ကာချောမွေ့ပြီးမျက်နှာပေါ်အဆင်ပြေပြေတင်လို့ရနိုင်မယ့် အနှစ်တစ်ခုပြုလုပ်ပါ။
    • Paste ကို မျက်နှာပေါ်သို့မဟုတ် လုပ်လိုတဲ့နေရာမှာ ၁၅မိနစ်မှ မိနစ်၂၀ခန့်ထိထားပေးပါ။ သို့မဟုတ် ခြောက်သွားသည်အထိထားပေးပါ။
    • မိနစ်၂၀ ပြည့်ပြီးနောက် ရေနွေးနဲ့ဆေးချပါ။

    အမွှေးများသော နေရာများအတွက် ပြုလုပ်နည်း

    • နနွင်းမှုန့်ကို gram flour သို့မဟုတ် ဆန်မှုန့် သို့မဟုတ် ground oat တို့နှင့်ပေါင်းစပ်ပြီး နွားနို့နှင့်ရောပါ။ အထက်တွင်ဖော်ပြထားသည့် အမွှေးပါးသည့်နေရာများကို ပြုလုပ်သည့် နည်းလမ်းများအတိုင်း ဆက်လက်ပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement