အမွှေးရနံ့ပြင်းတာတွေရှောင်ပါ
ခြောက်သွေ့တဲ့အသားအရေ၊ ထိခိုက်လွယ်တဲ့အသားအရေကို အစိုဓာတ်ထိန်းချင်တယ်ဆိုရင် အသားအရေကို ထိခိုက်စေမယ့်ပါဝင်ပစ္စည်းမျိုးတွေကို တွေးကြောက်ရပါလိမ့်မယ်။ အရောင်တွေ၊ အမွှေးရနံ့တွေပြင်းတဲ့ ပစ္စည်းတွေမှာ အရေပြားကို ဓာတ်မတည့်ဖြစ်စေနိုင်၊ အရေပြားအလွှာကိုထိခိုက်စေနိုင်မယ့် ဓာတ်ပစ္စည်းတွေပါနေတတ်ပါတယ်။
အားဖြည့်ပေးမယ့် နှုတ်ခမ်းနီကိုရွေးပါ
အရောင်လှဖို့ထက် နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပြီး အစိုဓာတ်ထိန်းပေးမယ့် နှုတ်ခမ်းနီကိုရွေးတာအကောင်းဆုံးပါ။ အသားအရမ်းခြောက်တတ်သူတွေအတွက် glycerin၊ shea butter ဒါမှမဟုတ် jojoba oil တို့ပါဝင်တာကိုရွေးပါ။ နှုတ်ခမ်းခြောက်တာ၊ နှုတ်ခမ်းကွဲတာ၊ အဖတ်ကွာတာတွေကို ပြန်လည်ကုစားပေးမယ့် Atoderm Lip Stick လည်းရှိပါတယ်။ နှုတ်ခမ်းသားမှာ နူးညံ့စိုပြည်မှု ကြာရှည်ခံစေဖို့ စီမံထားသလို ဓာတ်မတည့်ဖြစ်လွယ်တဲ့ နှုတ်ခမ်းပိုင်ရှင်တွေအတွက်လည်း သင့်တော်ပါတယ်။
ခြောက်သွေ့လွန်းတဲ့အသားအရေဖြစ်ဖြစ်၊ ဓာတ်မတည့်ဖြစ်လွယ်တဲ့အသားအရေဖြစ်ဖြစ် ဒီအချက်တွေကို စဉ်းစားပြီးမှ ကိုယ့်အတွက်ရွေးချယ်ဝယ်ယူမယ်ဆိုရင် ကြည်လင်လှပတဲ့အသားအရေကို ဘေးကင်းစွာနဲ့ပိုင်ဆိုင်နိုင်ပါတယ်နော်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။