backup og meta

အသားအရေကို ပုံမှန်သန့်စင်ပေးဖြစ်ရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေကို ပုံမှန်သန့်စင်ပေးဖြစ်ရဲ့လား

    အလှအပဆိုတာ လူတိုင်း မငြင်းဆန်နိုင်တဲ့အရာပါ။ ဒီလိုလှပမှုကို Grade တင်ပေးနိုင်တဲ့အရာတစ်ခုရှိတယ်နော်။ လေဒီလေးတော်တော်များများ ဒီအချက်ကို သိပြီးဖြစ်မှာပါ။ အသားလေးက ကြည်လင်နေရင် ဘယ်လိုလေးနေနေလှတယ်ဆိုတာကိုလေ။ မျက်နှာလေးသစ်ပြီး ဘာမှမလိမ်းရင်တောင် ကြည်လင်တဲ့အသားအရေလေးကြောင့် ချစ်စရာကောင်းတဲ့သွင်ပြင်ကို ပိုင်ဆိုင်နေဦးမှာ အသေအချာပါ။ ကြည်လင်လှပတဲ့အသားအရေလေးနဲ့  ကြည့်လို့ကောင်းသူတစ်ယောက်ဖြစ်ချင်ရင်တော့ ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်ပါ။

    အသားအရေကို ပုံမှန်သန့်စင်ပေးဖြစ်ရဲ့လား

    အသားအရေကို ပုံမှန်သန့်စင်ပေးဖြစ်ရဲ့လား လို့ မေးရတာက အသားအရေကို ပုံမှန် သန့်စင်ပေးတာက အသားအရေကြည်လင်ချင်သူတိုင်း လိုက်နာရမယ့် အခြေခံ အချက်တစ်ခု ဖြစ်နေလို့ပါ။

    အသားအရေလှပမှုက ဆုတောင်းလို့ရတဲ့အရာမဟုတ်ပါ

    အသားအရေလှပမှုက ဆုတောင်းရုံနဲ့ပြည့်ဝသွားတဲ့အရာမဟုတ်ပါဘူး။ ကိုယ်တိုင်ဂရုစိုက်ရပါတယ်။ နေ့တိုင်းမှာ စိတ်ရှည်လက်ရှည်နဲ့ဂရုစိုက်ပေးနိုင်မှ အသားအရေကလည်း တစ်နေ့ထက်တစ်နေ့ လှလာမှာပါ။ အသားအရေကောင်းနေတာက ဆုတောင်းကောင်းခဲ့လို့မဟုတ်ပါဘူး။ သေချာဂရုစိုက်တတ်မှုကြောင့်ပါ။

    အသားအရေအလှအပအတွက် ရန်သူတွေလည်းရှိနေတယ်

    မြို့ပြရဲ့လေထုညစ်ညမ်းစေတဲ့အရာတွေကလည်း အသားအရေကို ထိခိုက်စေနိုင်တယ်နော်။ ပြင်ပက နေရောင်ခြည်၊ တိုက်ခတ်လာတဲ့လေ၊ ဖုန်မှုန့်အညစ်အကြေးတွေနဲ့ ထိတွေ့ရာကနေ အသားအရေမှာ နေလောင်တာ၊ ဝက်ခြံနဲ့ ဓာတ်မတည့်မှုတွေဖြစ်လာတတ်တယ်လေ။ ထိခိုက်လွယ်၊ တုံ့ပြန်လွယ် အသားအရေပိုင်ရှင်သာဆို ပိုထိခိုက်ရနိုင်တာပေါ့။

    အသားအရေကို ဂရုစိုက်ဖို့ အရေးကြီးဆုံးအချက်က ဘာလဲ…

    အလုပ်သဘောလိုအပ်ချက်ကြောင့်ဖြစ်ဖြစ်၊ အမြင်တင့်တယ်စေဖို့ဖြစ်ဖြစ် မျက်နှာကိုလှလှလေး လိမ်းခြယ်တတ်တယ်ဆိုရင် အသားအရေကို တစ်နေ့တာကိစ္စတွေပြီးလို့ အိမ်ပြန်ရောက်ချိန်မှာ သေချာသန့်စင်ဖို့က မေ့ထားလို့မရပါဘူး။ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုရဲ့ အဓိကအရေးကြီးဆုံးအဆင့်က မျက်နှာသန့်စင်ဖို့ပါပဲ။ နေဒဏ်၊ လေဒဏ်၊ ညစ်ညမ်းမှုဒဏ်တွေနဲ့ မိတ်ကပ်၊ အလှကုန်တွေကို တစ်နေ့လုံး ထိတွေ့ထားရတာလေ။ အရည်အသွေးကောင်းတဲ့ မျက်နှာသန့်စင်ပစ္စည်းနဲ့ သေချာသန့်စင်လိုက်မှသာ ပင်ပန်းအားကုန်နေတဲ့ မျက်နှာ အသားအရေလေးက လန်းဆန်းသွားပြီး နောက်တစ်နေ့မှာ ကြည်လင်လှပနေပါလိမ့်မယ်။

    ညစ်ညမ်းမှုတွေချွေးပေါက်တွေနဲ့ မျက်နှာအရေပြားပေါ်မှာရှိနေမယ်။ ဒါကို မသန့်စင်ဘဲ အိပ်ရာဝင်မိမယ်ဆိုရင်တော့ အသားအရေက ထိခိုက်လာမှာ အထွေအထူးပြောနေစရာမလိုအောင်ပါ။ အသားအရေက ညဘက်မှာ အာဟာရကို စုပ်ယူပြီး အသစ်ပြန်လည်ပြုပြင်နိုင်စွမ်းအမြင့်ဆုံးပါ။ ဒီအချိန်မှာ အသားအရေကို သေချာလေးသန့်စင်ပေးမယ် လိုအပ်တဲ့ အသားအရေထိန်းသိမ်းမှုလေး တွေလုပ်ထားပေးမယ်ဆိုရင် အသားအရေကလန်းဆန်း​ကြည်လင်လို့ ကြည့်လိုက်တိုင်းလှပနေမှာပါ။

    မျက်နှာသန့်စင်နည်းကရော…

    မျက်နှာကို သန့်စင်ရမယ်ဆိုလို့ အိမ်ရောက်တဲ့အခါ မျက်နှာကို ဆပ်ပြာနဲ့သစ်လိုက်တယ်လေ။ ဒါဆိုရပြီလားဆိုတော့ မရသေးပါဘူး။ ဒါဆိုမျက်နှာသစ်ဆပ်ပြာနဲ့သစ်ရမှာကို ပြောတာလားဆိုတော့။ မမှန်သေးပြန်ဘူးပဲပြောပါရစေနော်။ မျက်နှာကို သန့်စင်တဲ့အခါ ဆပ်ပြာနဲ့သန့်စင်ရုံ၊ မျက်နှာသစ်ဆပ်ပြာနဲ့သန့်စင်လိုက်ရုံနဲ့ အရေပြားအတွင်းပိုင်းထဲက အညစ်အကြေးတွေ သန့်စင်သွားလားဆိုတော့ မဟုတ်ဘူးလေ။

    အရေပြားအတွင်းပိုင်းနဲ့ ချွေးပေါက်ထဲက အညစ်အကြေးတွေကို အထိရောက်ဆုံးသန့်စင်နိုင်စေဖို့အတွက်  Micellar Water ရှိပါတယ်။Micellar Water ဆိုတာက အဆီနဲ့အညစ်အကြေးတွေ၊ မိတ်ကပ်တွေကို သန့်စင်ပေးတဲ့ မော်လီကျူးလေးတွေ(micelles)နဲ့ပါဝင်တဲ့ မျက်နှာသန့်စင်ရည်ပါ။ သာမန်ကြည့်ရင်တော့ ရေလိုပဲဖြစ်နေပေမယ့် အလွန်သေးငယ်တဲ့ micelles လေးတွေက မော်လီကျူးလေးတွေဖြစ်ပြီး micellar water ဆိုတာကတော့ အဲဒီ micelles လေးတွေကို နူးညံ့တဲ့ရေထဲမှာ ထည့်ထားတာဖြစ်ပါတယ်။ မျက်စိနဲ့မမြင်ရတဲ့ အညစ်အကြေးတွေ ကိုပါ သန့်စင်ပေးနိုင်ပါတယ်။

    မျက်နှာသစ်ခြင်းကိုမှကြိုက်နှစ်သက်တဲ့ သူ​တွေအတွက်လည်း Double cleansing အ​နေနဲ့ Facial form ​တွေထပ်မံအသုံးပြုနိုင်ပါတယ်။ ဆပ်ပြာမပါ၀င်တဲ့ မျက်နှာသစ်အမျိုးစား​တွေ​ရွေးချယ်အသုံးပြုခြင်းဖြင့် အ​​ရေပြား​ခြောက်​သွေ့ခြင်းကို ကာကွယ်ပြီးသားဖြစ်ပါတယ်။

    မျက်နှာကိုသန့်စင်ပြီးရင်တော့ တိုနာလေးလိမ်းမယ်ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လေး ဒါမှမဟုတ် ညလိမ်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့ပါ။ ဒီအဆင့်လေးတွေကို သေချာလုပ်ပေးမယ်ဆိုရင် အသားအရေကအညစ်အကြေးကင်းစင်ပြီး မနက်နိုးလာတဲ့အခါ ကြည်ကြည်လင်လင်နဲ့ လှပနေမှာပါ။

    ဘာကိုရွေးချယ်မလဲ

    ဒီနေရာမှာအကြံပေးချင်တာက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ ရွေးချယ်တဲ့အခါ အသားအရေကိုမထိခိုက်စေဖို့အတွက် အကောင်းဆုံးဦးစားပေးထားတဲ့ အမှတ်တံဆိပ်ကို ရွေးချယ်သင့်ပါတယ်။ ဥပမာ Micellar နည်းပညာမှာ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ Bioderma ရဲ့ Sensibio H2O Micellar Water ကို အရင်ဆုံးရွေးကြည့်ရအောင်။ သူက မိတ်ကပ်တွေကို ရာနှုန်းပြည့်နီးပါးသန့်စင်ပေးနိုင်တယ်၊ မျက်စိနဲ့မမြင်နိုင်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ ဖုန်အညစ်အကြေးတွေအထိ ဖယ်ရှားပေးနိုင်တဲ့ မျက်နှာသန့်စင်ရည်ပါ။ ဇီဝဗေဒနည်းအရ သန့်စင်ထားတဲ့ရေကို အသုံးပြုထားတာကလည်း သူ့ရဲ့ထူးခြားမှုထဲမှာပါဝင်ပါတယ်။ ဒါ့အပြင် –

    • ဓာတ်မတည့်မှုတွေမဖြစ်စေနိုင်တဲ့ Hypo Allergenic အမျိုးအစားဖြစ်တယ်၊
    • paraben လုံးဝပါဝင်မှုမရှိပါဘူး၊
    • အမွှေးနံ့မပါဘူး၊
    • အသားအရေအမျိုးအစားအားလုံးနဲ့တည့်တယ်၊
    • Alcohol လုံးဝမပါဝင်ဘူး။
    • ဆပ်ပြာမပါ၀င်ဘူး

    ဂွမ်းစလေးပေါ်မှာ စွတ်ပြီးမျက်နှာတစ်ပြင်လုံး မျက်လုံး၊ နှုတ်ခမ်းပါ မကျန်သန့်စင်ပေးလို့ရပါတယ်။ ရေဓာတ်ပါဖြည့်ပေးနိုင်တာကြောင့် အသားအရေကစိုစိုအိအိလေးနဲ့ သန့်စင်လန်းဆန်းမှုကို အပြည့်အဝ ရရှိနိုင်မှာပါ။ ဓာတ်မတည့်ဖြစ်မှာလည်း ပူစရာမလိုသလို အရေပြားဆရာဝန်တွေဆီကနေ ထောက်ခံချက်ရထားတာဖြစ်လို့ အသားအရေအတွက် စိတ်ချလို့ရတဲ့ ကိုယ်ရံတော်လေးပေါ့။

    မျက်နှာသစ်ရမှစိတ်​ကျေနပ်မှုရမယ် ဆိုတဲ့သူ​တွေအတွက်လည်း Double cleansing အ​နေနဲ့ Bioderma Sensibio Gel Moussant ​လေးနဲ့ ထပ်မံအသုံးပြုနိုင်ပါတယ် ဆပ်ပြာမပါ၀င်တဲ့ Gel မျက်နှာသစ်အမျိုးစားဖြစ်လို့ မိမိဟာ ဆပ်ပြာနဲ့ ဓါတ်တည့်သူ၊ အသား​ရေ​ခြောက်​သွေတတ်သူ​တွေပါအသုံးပြုဖို့သင့်​တော်ပါတယ်။

    အညစ်အကြေးတွေ၊ နေ့စဉ်ထိတွေ့နေရတဲ့ ညစ်ညမ်းမှုတွေကြောင့် အသားအရေထိခိုက်မှု ကင်းချင်တယ်ဆိုရင် အသားအရေထိန်းသိမ်းမှုမှာ အရေးကြီးဆုံးဖြစ်တဲ့ သန့်စင်တဲ့အဆင့်ကို သေချာဂရုစိုက်ပေးလိုက်ရအောင်နော်။ အသားအရေကို အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေနဲ့ပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement