ဘယ်လိုစမ်းသပ်မလဲ
- မျက်နှာကို အရင်ဆုံးသစ်လိုက်ပါ။
- ဘာမှမလိမ်းဘဲ တစ်နာရီလောက်ထားပါ။
- တစ်သျှူးစသန့်သန့်လေးတစ်ရွက်ကို ယူပြီး မျက်နှာရဲ့ T-Zoneဖြစ်တဲ့ နှာဖူး၊နှာခေါင်း၊မေးစေ့တို့ကို တို့သုတ်လိုက်ပါနော်။
- ပြီးရင် တစ်သျှူးမှာ အဆီတွေအများကြီးပါလာရင် အဆီပြန်တဲ့ အသားအရေဆိုတာသေချာသွားပါပြီနော်။
အသားအရေစထိန်းကြစို့
အဆီပြန်တတ်သူသေချာသွာပြီဆိုရင်တော့ ဒီအဆင့်လေးတွေ ဆက်လုပ်ကြမယ်နော်။
ရေနွေးနွေးလေးသုံးမယ်
မျက်နှာကို တဘက်စသန့်သန့်လေးမှာရေနွေးနွေးလေး ဆွတ်ပြီး မျက်နှာကို ခပ်ဖွဖွလေးဆွဲသုတ်ပေးပါ။ အဆီတွေသက်သာစေဖို့ပါ။ရေနွေးငွေ့ခံပေးလို့လည်းရပါတယ်နော်။
မျက်နှာသစ်မယ်
အဆီပြန်တတ်သူဖြစ်တာကြောင့် အဆီပြန်တဲ့အသားအရေပိုင်ရှင်လေးတွေအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးမျိုးကိုရွေးချယ်ပါ။ ဒါမှ တစ်နေ့တာမှာ အဆီပြန်တာကို သက်သာစေတော့မပေါ့။ မျက်နှာသစ်တဲ့အခါ လက်ချောင်းလေးတွေကို သုံးလို့ စက်ဝိုင်းသဏ္ဍာန်လေးနှိပ်နယ်ပေးပါ။သွေးလည်ပတ်မှုကောင်းစေပြီးချွေးပေါက်တွေထဲမှာ အဆီတွေနဲ့ ဆဲလ်သေတွေ ပိတ်ဆို့တာကို ကာကွယ်နိုင်မှာပါ။
ဆဲလ်သေတွေဖယ်ရှားပါ
အသားအရေအမျိုးအစားတိုင်းကျော်သွားလို့မရတဲ့ အဆင့်တစ်ခုပါ။ အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက် ဆဲလ်သေတွေဖယ်ရှားပေးပါ။ ဒါမှ ကျန်းမာစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။
တိုနာသုံးပါ
အဆီပြန်တတ်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ တိုနာကို ဂွမ်းစသန့်သန့်လေးမှာ ဆွတ်ပြီး မျက်နှာပြင်အနှံ့ကို သုံးပေးပါ။ အယ်လ်ကိုဟောနဲ့အမွှေးနံ့ကင်းတဲ့ တိုနာမျိုးကိုသုံးပေးပါ။
Moisturizer သုံးပါ
အဆီပြန်နေတာပဲ အစိုဓါတ်ထိန်းဖို့ မလိုဘူးလို့ မထင်ပါနဲ့နော်။ ဘယ်အသားအရေအမျိုးအစားပဲဖြစ်ဖြစ် အသားအရေနဲ့ လိုက်ဖက်မယ့်Moisturizer လူဖို့လိုပါမယ်နော်။ အစိုဓါတ်ထိန်းမှာ Sebum ထွက်ရှိမှုကို တားဆီးနိုင်မှာပါနော်။ ဒါကြောင့် ဒီအဆင့်လေးကိုလည်းကျော်မသွားပါနဲ့နော်။
Sunscreen လိမ်းမယ်
အဆီပြန်တာပိုဆိုးသွားမယ်ဆိုပြီးနေလောင်ကာခရင်မ်မလူးဘဲမနေပါနဲ့နော်။ အသားအရေကို ထိခိုက်နိုင်တာကြောင့်ပါ။ ဒါကြောင့် အဆီပါဝင်မှုနည်းတဲ့နေလောင်ကာခရင်မ်ကို လူးပေးပါနော်။
မျက်နှာပေါင်းတင်မယ်
တစ်ပတ်ကိုတစ်ကြိမ်လောက်တော့ လုပ်သင့်တဲ့အရာပေါ့။ မျက်နှာပေါင်းတင်တဲ့အခါ အသင့်တော်ဆုံးဖြစ်မယ့်mask အမျိုးအစားတွေက Clay mask နဲ့Charcoal-Based mask တို့က အဆင်ပြေဆုံးပါနော်။
စိတ်ဖိစီးမှု ကင်းနိုင်သမျှ ကင်းအောင်နေဖို့နဲ့၊ အသီးအရွက်များများစားဖို့၊ရေသောက်ဖို့ နဲ့ အချိုတွေလျှော့စားဖို့ မမေ့ပါနဲ့နော်။ ဒီအဆင့်လေးတွေကို သတိထားလုပ်ဆောင်ကြည့်ပြီးအဆီပြန်တာကြောင့် အလှအပကိုမထိခိုက်အောင် ထိန်းသိမ်းစောင့်ရှောက်လိုက်ပါနော်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။