ကျန်းမာစိုပြေတဲ့ အသားအရေပိုင်ဆိုင်ရဖို့ ရေဓါတ်ခမ်းခြောက်မနေစေဖို့၊ အစိုဓါတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ရေကို အနည်းဆုံး ဖန်ခွက် ၈ခွက် သောက်ပေးသင့်တဲ့အပြင် အစိုဓါတ်ထိန်းခရင်မ်၊ အဆီကို လိမ်းပေးခြင်းဖြင့် အသားအရေကို နုပျိုသန့်စင်ေအာင် ထိန်းပေးနိုင်ပါတယ်။
၆။ အပြင်ထွက်တိုင်း နေလောင်ကာခရင်မ် လိမ်းပါ။
နေရောင်ခြည်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ SPF 30 အနည်းဆုံးပါဝင်တဲ့ နေလောင်ကာ လိမ်းဆေး၊ ခရင်မ်တွေကို မျက်နှာအနှံ့ လိမ်းပေးပါ။ အောက်ကနေ အစိုဓါတ်ထိန်းခရင်မ် တစ်ထပ် ခံပြီးမှ လိမ်းရင်လည်း အဆင်ပြေပါတယ်။
၇။ ဆောင်းရာသီမှာ ရေနွေးနဲ့ မျက်နှာသစ်ပါ။
ရာသီဥတုအေးလို့ မျက်နှာမသစ်ပဲ နေမယ့်အစား ရေနွေးနွေးလေးနဲ့ မျက်နှာကို ဆေးကြောသန့်စင်ပေးပါ။ ရာသီဥတုသိပ်မအေးတဲ့အချိန်မှာ ရေအေး သို့မဟုတ် ရေကျက်နွေးနဲ့ မျက်နှာသန့်စင်ပေးပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။