ဇရာဆိုတာ ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ လူ့သဘာဝနဲ့ လောကနိယာမပါပဲ။ လူမှန်ရင် အသက်ကြီးမယ်၊ အသက်ကြီးလာရင် အရေးအကြောင်း ဖြစ်မယ်၊ ပါးရေတွန့်မယ်၊ အားအင်ချိနဲ့မယ်။ တချို့တွေကျတော့လည်း ငယ်ငယ်ရွယ်ရွယ်လေးနဲ့ စိတ်ဖိစီးမှုတွေ၊ အသားအရေကို ဂရုမစိုက်ဘဲ ပစ်ထားတော့ နဖူးပေါ်မှာ အရေးအကြောင်းတွေ တွန့်နေရင် ကြည့်ရဆိုးတာပေါ့။ ဒီဆောင်းပါးလေးမှာတော့ နဖူးပေါ်မှာ ထင်းနေတဲ့ အရေးအကြောင်းလေးတွေကို ဘယ်လို သက်သာအောင် လုပ်လို့ ရမလဲဆိုတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။