backup og meta

ဇရာကြောင့် ဖြစ်လာမယ့် အဓိကကျကျ အာဟာရ ပြဿနာ (၃) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇရာကြောင့် ဖြစ်လာမယ့် အဓိကကျကျ အာဟာရ ပြဿနာ (၃) မျိုး

    ဇရာကြောင့် ဖြစ်လာမယ့် အဓိကကျကျ အာဟာရ ပြဿနာ (၃) မျိုး အကြောင်း အနည်းငယ် ပြောပြပေးချင်ပါတယ်။ အသက်အရွယ်လေး ရလာပြီ ဆိုရင်ဖြင့် ဟိုက ဖြစ်၊ ဒီကဖြစ်နဲ့ ကျန်းမာရေးပြဿနာ တွေ စလာတယ်ပေါ့။ ဇရာက စကားပြောလာတယ် လို့ ပြောလေ့ ရှိကြတယ်။ ဒါပေမယ့် အာဟာရ  နဲ့ ကျန်းမာရေး လိုက်စားတဲ့ လူကြီးပိုင်းတွေကျ လူငယ်တောင် ရှုံးအောင် ကြံ့ခိုင်လိုက်တာမှ၊ သိပ်အားကျဖို့ ကောင်းလှပါတယ်။

    သဘာဝတရား အရ တော့ အသက်ကြီးလာရင် ခန္ဓာကိုယ်ရဲ့ စနစ်တွေ ပျက်ယွင်းလာမယ်၊ အားနည်းလာမယ်၊ အာဟာရ စုပ်ယူနိုင်စွမ်း နည်းလာမယ်။ ခန္ဓာကိုယ်က အိုဟောင်းလာပြီကိုး။ ဒါပေမယ့် ရှိသင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုရယ်၊ ကောင်းမွန်တဲ့ အာဟာရစနစ် ရယ် ပိုင်ဆိုင်ထားရင် ကျန်းမာအသက်ရှည်မှာ သေချာပါတယ်။

    ဒီလို အာဟာရ နဲ့ ပတ်သက်ပြီး ဟန်ချက် ညီညီ ထိန်းနိုင်ဖို့က ဒီ (၃) ချက်အပေါ်မှာ အများကြီး မူတည်နေပါတယ်။

    ဇရာကြောင့် ဖြစ်လာမယ့် အဓိကကျကျ အာဟာရ ပြဿနာ (၃) မျိုး

    ဇရာကြောင့် ဖြစ်လာမယ့် အဓိကကျကျ အာဟာရ ပြဿနာ (၃) မျိုး ကတော့

    (၁) ကိုယ်အလေးချိန် ထိန်းခြင်း

    သက်ကြီးပိုင်း အတော်များများက ကိုယ်အလေးချိန်ကို ပုံသေထိန်းထားနိုင်ဖို့ မလွယ်လှပါဘူး။ ခန္ဓာကိုယ်က အိုမင်းလာတာနဲ့အမျှ ဇီဝကမ္မဖြစ်စဉ်က တဖြည်းဖြည်းလုပ်ဆောင်ချက် နည်းလာပါတယ်။ ဒါဟာ ခန္ဓာကိုယ်က အရင်ကထက် ကယ်လိုရီလောင်ကျွမ်းမှု နည်းလာတာပဲဖြစ်ပါတယ်။ အသက်က ကြီးလာတော့ ကိုယ်လက်လှုပ်ရှားမှု ကလည်း နည်းလာပါတယ်။

    ဒီနှစ်ချက် ပေါင်းသွားတဲ့အခါ အဝလွန်ခြင်း ဘက်ကို ဦးတည်လာစေပါတယ်။ တဖက် မှာလည်း တချို့လူကြီး တွေမှာ အစာစားချင်စိတ် မရှိတာတွေ ၊ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားလာရတာ အပြင် အစာဝင်တာ နည်းလာခြင်း၊ အာဟာရချို့တဲ့ခြင်း နဲ့ ကိုယ်အလေးချိန် ကျဆင်းခြင်း တို့ဖြစ်နိုင်ခြေ ပိုများစေပါတယ်။

    (၂) အရသာခံ နိုင်စွမ်း ပြဿနာ

    လူကြီးတွေမှာ အဖြစ်များတဲ့ ပြဿနာက အငန် နဲ့ အချိုကို အရသာခံနိုင်စွမ်း အားနည်းလာတာပဲ ဖြစ်ပါတယ်။ ချိုနေမှန်းမသိ၊ ငန်နေမှန်းမသိတဲ့အခါ အစားအစာထဲမှာ အငန် ပိုထည့်မိလာပြီး ကြာလာရင် သွေးတိုးရောဂါ ဖြစ်လာနိုင်ပါတယ်။

    အလားတူပဲ ချိုတဲ့အစားအစာတွေကို စားချင်စိတ် ပိုဖြစ်လာပြီး အချိုရည်တွေ ပိုသောက်မိနိုင်ပါတယ်။

    (၃) ရေဓာတ် ဆုံးရှုံးခြင်း

    အသက်ကြီးရင့်လာတာ နဲ့အမျှ ခန္ဓာကိုယ်က ရေဓာတ် ထိန်းသိမ်းနိုင်စွမ်း မရှိတော့ဘဲ ရေဆာနေတာ ကိုလည်း သတိမထားမိကြတဲ့အခါရေသောက်နည်းလာပါတယ်။

    တချို့ ကဆို ကိုယ့်ခန္ဓာကိုယ်မှာ ရေဓာတ် ဆုံးရှုံးရင် ဘာဖြစ်လာနိုင်မလဲ ဆိုတာ သေချာ မသိဘဲ ဆီးအိမ်မှာ လုပ်ဆောင်ချက် လွန်ကဲလာမှာ ကို စိုးရိမ်ပြီး ရေ သိပ်မသောက်ဖို့ တောင် သေချာ သတိထားကြတာ ရှိပါတယ်။

    ရေသောက်နည်းခြင်းရဲ့နောက်ဆက်တွဲပြဿနာ တွေကတော့ ဝမ်းချုပ်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ခေါင်းမူးခြင်း ၊ သွေးဖိအားကျခြင်း ၊  နှလုံးခုန်မြန်ခြင်း ကနေ တက်ခြင်း ၊ ကျောက်ကပ် ပျက်စီးခြင်း ၊  ဦးနှောက်ရောင်ခြင်း နဲ့ အသက်ဆုံးရှုံးရခြင်း တွေအထိ ဖြစ်နိုင်ပါတယ်။

    အာဟာရဓာတ် ရရှိခြင်း ဆိုင်ရာ ပြဿနာတွေ မဖြစ်ရအောင် ဘယ်လိုလုပ်သင့်လဲ

    အရင်ဆုံး လုပ်ရမှာက လူကြီးတွေ စားမယ့် အစားအသောက်တွေ ထဲမှာ လိုအပ်သမျှ အာဟာရဓာတ် တွေ အပြည့်အဝ ပါဝင်စေဖို့ပဲ ဖြစ်ပါတယ် ။ နေ့စဉ် စားသောက်ပုံ အာဟာရ ထဲမှာ ဒါလေးတွေ ပါဝင်ဖို့ ဂရုစိုက်ပါ။

    ငါး

    ငါး အမျိုးမျိုး ၊  အထူးသဖြင့် ဆော်လမွန်ငါး မှာ ခန္ဓာကိုယ် နဲ့ ဦးနှောက် အတွက် အကျိုးကျေးဇူး များစေတဲ့ omega-3 fats တွေ ပါဝင်ပါတယ် ။ Omega-3 fats တွေဟာ ဦးနှောက်ရဲ့ ဖွဲ့စည်းပုံ မှာ အရေးပါတဲ့ အပိုင်းက ပါဝင်ပြီး ဦးနှောက်ဆီကို သတင်း ပေးပို့ရာမှာ အထောက်အပံ့ ပေးနိုင်ပါတယ်။

    အစိမ်းရောင် ရှိတဲ့ အသီးအရွက်များ

    ပန်းဂေါ်ဖီစိမ်း ၊ ကိုက်လန် နဲ့ ဟင်းနုနယ် တို့လို အစိမ်းရောင် ရှိတဲ့ အသီးအရွက်တွေမှာ ဦးနှောက်တွင်းက homocysteine ပမာဏကို ကျစေဖို့ မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် B6 ၊ B12 ၊  folate တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ homocysteine ပမာဏ မြင့်နေရင် နှလုံးရောဂါ နဲ့ အာရုံကြော အားနည်းတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေ များစေနိုင်ပါတယ်။

    လက်ဖက်စိမ်း

    နှပ်ပြီးကာစ green tea က ရေဓာတ် ပြည့်ဝစေပြီး catechin လို့ ခေါ်တဲ့ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝမှုကြောင့် free radicals ကြောင့် ခန္ဒာကိုယ်ဆဲလ်တွေ ထိခိုက်ပျက်စီးမှု ကနေ ကာကွယ်ပေးနိုင်ပါတယ်။

    လေ့လာမှု တချို့အရ green tea ကသွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးတွင်း ကိုလက်စထရောဓါတ် ကို လျော့ကျစေနိုင်တဲ့ အပြင် နှလုံးရောဂါ ၊ ကင်ဆာအမျိုးအစား တချို့ နဲ့ အာရုံကြော ရောဂါတွေကို ဖြစ်နိုင်ခြေ နည်းပါးစေပါတယ်။

    အသီးအနှံများ

    လတ်ဆတ်တဲ့ အသီးအနှံ တွေက အရည်ဓာတ်၊ အမျှင်ဓာတ် ၊ ဗီတာမင် တွေ နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝပါတယ် ။ အသီးတွေ နေ့စဉ် စားသုံးပေးရင် လူကြီးတွေမှာ ဝမ်းမှန်စေပါတယ် ။

    flavanoids လိုမျိုး သဘာဝ ပါဝင်ပစ္စည်း တွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေကြောင့် ဆဲလ်တွေကို အကာအကွယ် ဖြစ်စေပါတယ်။

    အစေ့အဆံများ

    အစေ့အဆံ တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မပြည့်ဝဆီတွေ နဲ့ monounsaturated fats ၊ ဗီတာမင် နဲ့ အမိုင်နိုအက်ဆစ်တို့ ပါဝင်ပါတယ် ။

    အစေ့အဆံ အများစု ဟာ ဗီတာမင် E ၊ ဗီတာမင် B2 နဲ့ အမျှင်ဓါတ် ၊ မဂ္ဂနီဆီယမ် ၊ ပိုတက်စီယမ် ၊ ကော့ပါး နဲ့ ဆယ်လီနီယမ် တို့ကြွယ်ဝပါတယ်။ ဒါ့ကြောင့်ပဲ သူတို့က နာတာရှည် နှလုံးရောဂါ ၊ ကင်ဆာ ၊ လေဖြတ်ခြင်း ၊  ရုတ်တရက် နှလုံး ခေတ္တရပ်ခြင်း တို့ဖြစ်နိင်ခြေ လျော့နည်းစေပါတယ်။

    ဖြည့်စွက် အာဟာရ

    ထိုက်သင့်တဲ့ အာဟာရ ကို ရရှိဖို့ အရေးကြီးတဲ့ အကြောင်း အတော်များများက သိကြပေမယ့် အသက်ကြီးရင့်လာတဲ့ သဘာဝတရား ကြောင့်ပဲ ဒီလို အာဟာရတွေ ရရှိနိုင်ဖို့တော့ မလွယ်ပါဘူး။

    ဒါ့ကြောင့် လူကြီးမိဘတွေမှာ အစာစားချင်စိတ် မရှိတာတွေ ဖြစ်လာပြီဆိုရင် ဖြည့်စွက်အာဟာရတွေကို ကျွေးပေးဖို့ လိုပါမယ်။ နေ့စဉ် ပုံမှန်စားသုံးနေတဲ့ စားသောက်မှုပုံစံမှာ အာဟာရ ညီညွတ်မျှတစွာ ပါဝင်တဲ့ ဖြည့်စွက်အာဟာရတွေ ၊ အထူးသဖြင့် macro နဲ့ micro nutrients တွေ ပါဝင်တဲ့ အမျိုးအစားကို ရွေးချယ်ပါ ။

    ရွေးချယ်ပြီးတဲ့ ဖြည့်စွက်အာဟာရကို ဆရာဝန် နဲ့ တိုင်ပင်ပြီး အကြံပြုညွှန်ကြားချက်တွေ အတိုင်း လိုက်နာပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement