ဆိုရီရေးစစ် (Psoriasis) နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်သလဲ!
ဆိုရီရေးစစ် (Psoriasis) ဆိုတာက အရေပြားမှာ အင်ပြင်ထပြီး ယားယံစေသလို အဖက်တွေလန်စေတဲ့ အရေပြား ပြဿနာ တစ်ခုပါ။ ဒီအရေပြားပြဿနာက နာတာရှည် ကျန်းမာရေးပြဿနာ ဆိုပေမယ့် သေချာလေး ကုသဖို့ရော ဂရုစိုက်ဖို့ပါ လိုပါမယ်။ ဒီလိုပြောရတာက ဆိုရီရေးစစ် အရေပြား ပြဿနာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။ ကဲ …. ဒီတော့ ဆိုရီရေးစစ် (Psoriasis) နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်သလဲ! ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ဆိုတာ ဘာများလဲ! ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာက autoimmune disorder လို့ခေါ််တဲ့ ခုခံအားစနစ် ကမောက်ကမဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ အရေပြားပေါ်မှာဖြစ်လို့ အရေပြားတစ်ထောက်စာကနေ စလာတဲ့ ရောဂါ မဟုတ်ပါဘူး။ ဒီရောဂါက […]