အရေပြားယားယံတာကို လူတိုင်းကြံဆုံဖူးကြပါတယ်။ အကြောင်းအရင်းအမျိုးမျိုးကြောင့် အရေပြားပေါ်မှာ အဖုအပိမ့်တွေ၊ အကွက်တွေပေါ်ထွက်လာပြီး ယားယံတတ်ပါတယ်။ အများစုကတော့ သာမန်ယားနာရောဂါတွေကြောင့်ပါ။ ဒါပေမယ့် သာမန်မဟုတ်တဲ့ အခြေအနေတွေလည်း ရှိပါသေးတယ်။ ဆိုရီယေးစစ် ဒါမှမဟုတ် အရေပြားကင်ဆာ တို့လို အခြေအနေတွေကြောင့်ဆိုရင်ပေါ့။