အရေပြား ခြောက်သွေ့မှုက ဆိုရီးရေးစစ် အရေပြား ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် အရေပြားကို အစိုဓာတ် ထိန်းဖို့ လိုပါမယ်။ လိုးရှင်းလိမ်းပါ။ အစိုဓာတ်ထိန်းစက် ဖွင့်ထားတာမျိုး လုပ်ပေးပါ။
ဆပ်ပြာတွေ အများစုမှာ အမွှေးနံ့တွေ ပါသလို ဆိုးဆေးတွေလည်း ပါပါတယ်။ ဒါတွေက အရေပြားကို မသက်မသာဖြစ်စေပါတယ်။ ဒီဆပ်ပြာတွေက အနံ့ကောင်းတာ မှန်ပေမယ့် ဆိုရီရေးစစ် ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။
ဒါကြောင့် ဆပ်ပြာ ရွေးချယ်တဲ့အခါ အမွှေးနံ့ ပြင်းလွန်းတာ၊ ဓာတုပစ္စည်းများလွန်းတာတွေကို ရှောင်ပါ။ “Sensitive skin” အတွက်လို့ ထုတ်ထားတာကို ရွေးပေးပါ။
အစားအသောက်ကလည်း ဆိုရီရေးစစ်ကို ထိန်းချုပ်တဲ့ နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့် အစားအစာ ရွေးချယ်တဲ့အခါ အနီရောင် အသား၊ ပြည့်ဝဆီ၊ သန့်စင်ထားတဲ့ သကြား၊ ကာဗိုဟိုက်ဒရိတ်၊ အယ်လ်ကိုဟော စတာတွေကို ရှောင်ပါ။ ဒီအစားအစာတွေက အရေပြားပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။
ငါး၊ အစေ့အဆန်၊ အခွံမာသီး၊ omega-3 fatty acids ကြွယ်ဝတာတွေကို စားပေးပါ။ ဒီအစားအစာတွေက ဆိုရီရေးစစ်ကို သက်သာစေနိုင်ပါတယ်။
သံလွင်ဆီက အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ သံလွင်ဆီကို အရေပြားပေါ်မှာ လိမ်းပြီး ခပ်ဖွဖွလေး နှိပ်နယ်ပေးတာက အရေပြားကို ကျန်းမာစေပြီး ဆိုရီရေးစစ် ပြဿနာကို သက်သာစေနိုင်ပါတယ်။
ဆိုရီရေးစစ် အပါအဝင် ကျန်းမာရေး ပြဿနာ အများစုရဲ့ အရင်းခံက စိတ်ဖိစီးတာပါ။ စိတ်ဖိစီးတဲ့အခါ အရေပြားပြဿနာက ပိုဆိုးလာပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ ယောဂလေ့ကျင့်တာမျိုး ပုံမှန် လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။