ခြေသည်း ရှည်နေတာ ခြေသည်းက ကုပ်နေတာ ဖိနပ်ကြပ်ကြပ်စီးတာ ခြေသည်းကို အတွင်းနှိုက် ညှပ်ပေးမိတာ ခြေထောက် ထိခိုက်မိတာ ခြေထောက်ပေါ်မှာ ဖိအားများနေတာ ပိုးဝင် ကူးစက်တာတွေကြောင့် ခြေစွယ်ငုပ်နိုင်ပါတယ်။ ခြေစွယ်ငုပ်နေတာကို သက်သာစေဖို့
ဘေဘီလေးတွေက ခြေစွယ်ငုပ်နေတဲ့အခါ တော်တော်လေး နာနေနိုင်ပါတယ်။ ဒီပြဿနာကို သက်သာစေဖို့ဆိုရင်
ခြေထောက်ကို ရေနွေးနွေးလေး စိမ်ပေးပါ
ဘေဘီလေးက ခြေစွယ်ငုပ်နေတဲ့အခါ ခြေစွယ်ငုပ်နေတဲ့ ခြေထောက်လေးကို ရေနွေးနွေးလေးထဲ စိမ်ပေးပါ။ ရေနွေးနွေးလေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ စိမ်ပေးထားတာက ဘေဘီလေးကို ခြေစွယ်ငုပ်တာ သက်သာစေမှာပါ။ ရေနွေး အရမ်းမပူစေဖို့ သတိထားသင့်ပါတယ်။
နှိပ်ပေးပါ
ရေနွေးစိမ်ပြီးတဲ့အခါ ခြေထောက်ကို ရေခြောက်အောင် သုတ်ပေးပြီး ခြေမရဲ့ ပတ်ပတ်လည်ကို လက်ချောင်းလေးတွေ သုံးလို့ ခပ်ဖွဖွလေး နှိပ်ပေးပါ။ ဒီလို လုပ်ပေးတာက ငုပ်နေတဲ့ ခြေစွယ်ကို ပုံစံမှန်သွားစေဖို့ အကူအညီပေးနိုင်ပါတယ်။ ကလေးက ခြေစွယ်ငုပ်တာ နည်းနည်း သက်သာလာတဲ့အခါ ခြေသည်းလေးကို သေချာလေး ပုံစံချပေးတာမျိုး လုပ်ပေးပါ။
antibiotic cream လိမ်းပေးပါ
ဘေဘီလေး ခြေစွယ်ငုပ်တဲ့အခါ ခြေစွယ်ငုပ်တာကို သက်သာစေဖို့နဲ့ ပိုးဝင် ကူးစက်တာမျိုး မဖြစ်စေဖို့ ခြေစွယ်ငုပ်တဲ့နေရာကို antibiotic cream တစ်ခုခု လိမ်းပေးပါ။ ဘေဘီလေးရဲ့ ပါးစပ်ထဲကို ဆေးတွေဝင်တာမျိုး မဖြစ်စေဖို့ အိပ်ချိန်မှာသာ ကလေးကို ဆေးလိမ်းပေးပါ။
ခြေစွယ်ငုပ်တဲ့နေရာကို ဂရုစိုက်ပေးပါ
ခြေစွယ်ငုပ်တဲ့အခါ ခြေစွယ်ငုပ်နေတဲ့နေရာကို ပတ်တီး ခပ်ဖွဖွလေး စည်းပေးထားတာ ချည်သား ခြေအိတ် ပွပွချောင်ချောင်လေး ဝတ်ပေးထားတာ မျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်ရာ ရောက်သလို ခဏခဏထိမိတာ ဖိမိတာမျိုး မဖြစ်စေဘဲ မြန်မြန် သက်သာစေဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။