backup og meta

ဆီးချိုရောဂါနောက်ဆက်တွဲဆိုးကျိုးများ ရှောင်ရှားဖို့ နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါနောက်ဆက်တွဲဆိုးကျိုးများ ရှောင်ရှားဖို့ နည်းလမ်းများ

    ဆီးချိုရောဂါသည် တစ်သက်တာလုံးဂရုစိုက်ရမည့် ရောဂါဖြစ်သောကြောင့်ဆီးချိုနောက်ဆက်တွဲဆိုးကျိုးများကိုကာကွယ်ရန် နည်းလမ်းများကို စဉ်းစားသင့်ပါတယ်။ ဆီးချို ရောဂါမျိုးသည် အရေးကြီးပါတယ်။ ကုသမှုတွေကိုအမြဲတမ်းစနစ်တကျခံယူရမယ့်အပြင်ကိုယ်တိုင်လည်းဂရုစိုက်ရမှာဖြစ်တယ်။ ဂရုတစိုက်ကုသခြင်းက ဆီးချိုနောက်ဆက်တွဲ ကြောက်စရာကောင်းသော သေသည်အထိဖြစ်စေနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကို လျော့ချပေးနိုင်ပါသည်။

    ဆီးချိုရောဂါထိန်းချုပ်နိုင်ပြီးကျန်းမာသောအနာဂတ်ကိုပိုင်ဆိုင်နိုင်ဖို့အောက်ပါ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

    (၁)သင့်ရဲ့ဆီးချိုကိုထိန်းချုပ်ဖို့စီစဉ်ပါ။

    သင့်ဆီးချိုရောဂါကိုကုသပေးနေသောအဖွဲ့ဝင်များ( ဥပမာ- ဆရာဝန်၊ ဆီးချိုအထူးသူနာပြု၊ အာဟာရပညာရှင်)တို က သင့်ကိုဆီးချိုအတွက် ဆောင်ရန်ရှောင်ရန်တွေနားလည်အောင်အကူအညီတွေပေးနိုင်ပါတယ်။ ဆီးချိုကိုထိန်းချုပ်ဖို့ကတော့သင်အပိုင်းပါ။

    ဆီးချိုနဲ့ပတ်သက်မျှသင်လေ့လာနိုင်သလောက် လေ့လာပါ။ ကျန်းမာစွာစားသောက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့လည်းမမေ့ပါနဲ့။ ကိုယ်အလေးချိန်ကိုလည်းထိန်းပါ။ သင့်သွေးတွင်းသကြားဓါတ်ကိုလည်း ပုံမှန်တိုင်းတာပါ။ သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သွေးတွင်းသကြားဓါတ်ကိုထိန်းပါ။ တကယ်လို့အကူအညီလိုရင်ဆရာဝန်ကိုဆက်သွယ်ဖို့ဝန်မလေးပါနဲ့။

    (၂) ဆေးလိပ်မသောက်ပါနဲ့။

    ဆေးလိပ်သောက်ခြင်းကသင့်ဆီးချိုကိုအခြေအနေပိုဆိုးစေပါတယ်။

    • ခြေထောက်ရဲ့ သွေးလည်ပတ်မှုကို လျော့နည်းစေပြီးရောဂါပိုးကူးစက်ဖို့ပိုလွယ်ကူစေပြီးပြည်တည်နာတွေဖြစ်နိုင်တဲ့အပြင်အခန့်မသင့်ရင် ခြေထောက်ပုပ်ပြီးဖြတ်လိုက်ရတဲ့အထိဖြစ်နိုင်ပါတယ်။

    • နှလုံးရောဂါ

    • လေဖြတ်ခြင်း

    • မျက်လုံးကွယ်ခြင်း

    • အာရုံကြောထိခိုက်ခြင်း

    • ကျောက်ကပ်ထိခိုက်ခြင်းတို့ဖြစ်နိုင်ပါတယ်

    ဆေးလိပ်သောက်ခြင်း (သို့) ဆေးရွက်ကြီးတခြားအမျိုးအစားများသုံးနေတာကို ဖြတ်ဖို့ အတွက်သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။

    (၃)သင့်သွေးတိုးနှုန်းနဲ့ကိုလက်စထရောပါဝင်မှုနှုန်းကိုထိန်းထားပါ။

    သွေးတိုးကလည်းဆီးချိုလိုပဲ သွေးကြောတွေကိုပျက်စီးစေပါတယ်။ ကိုလက်စထရောမြင့်တက်ခြင်းကလည်းဂရုစိုက်စရာတစ်ခုပါ။ သင့်မှာဆီးချိုရှိရင်အခြေအနေပိုဆိုးလာစေပါတယ်။ ဒီအခြေအနေတွေအားလုံး ပေါင်းသွားတဲ့အခါနှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့တခြားသေနိုင်လောက်တဲ့အခြေအနေတွေထိဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်သော အဆီနည်းသော အစားအသောက်များ စားသုံးခြင်းနဲ့လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းကသွေးတိုးထိန်းနိုင်ပြီးကိုလ်စထရောပါဝင်မှုကျစေပါတယ်။ သင့်ဆရာဝန်အနေနဲ့ ဆေးတွေလည်း ပေးကောင်း ပေးနိုင်ပါတယ်။

    (၄)ဆရာဝန်နဲ့ တွေ့ရမယ့်ရက်၊မျက်လုံးစစ်ဆေးရမယ့်ရက်ကိုကြိုတင်စီစဉ်ပါ။

    နှစ်စဉ်ရုပ်ပိုင်းဆိုင်ရာနဲ့မျက်စိစစ်ဆေးခြင်းတွေအပြင် ဆီးချိုရောဂါစစ်ဆေးဖို့တစ်နှစ်ကိုဆရာဝန်ဆီအနည်းဆုံးသုံးလေးခါသွားသင့်ပါတယ်။

    ရုပ်ပိုင်းဆိုင်ရာစစ်ဆေးတဲ့အခါမှာတော့ဆရာဝန်ကသင့်ကိုစားသောက်မှုပုံစံနဲ့ကိုယ်လက်လှုပ်ရှားမှုအခြေအနေကိုမေးပြီးဆီးချိုရောဂါနောက်ဆက်တွဲလက္ခဏာ (ဥပမာ ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောချို့ယွင်းခြင်း၊ နှလုံးရောဂါ လက္ခဏာ) တွေကိုစစ်ဆေးပါလိမ့်မယ်။ ဒါ့အပြင်တခြားကျန်းမာရေးဆိုင်ရာပြဿနာတွေကိုလည်းစစ်ဆေးပါလိမ့်မယ်။

    သင့်မျက်စိအထူးကုဆရာဝန်က အမြင်လွှာပျက်စီးခြင်း၊ အတွင်းတိမ် နဲ့ရေတိမ် လက္ခဏာများ စစ်ဆေးပါလိမ့်မယ်။

    (၅)ကာကွယ်ဆေးပုံမှန်ထိုးပါ။

    သွေးထဲမှာသကြားဓါတ်မြင့်မားတာကသင်ကို ကိုယ်ခံအားနည်းစေပါတယ်။ ဒါကြောင့်ကာကွယ်ဆေးတွေကပိုပြီးအရေးပါလာပါတယ်။ သင်ဆရာဝန်ကိုဒီဆေးတွေအကြောင်းမေးပါ။

    • တုပ်ကွေးကာကွယ်ဆေး : နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးထားခြင်းကသင့်ကိုကျန်းမာနေစေမယ့်အပြင်တုပ်ကွေး၏ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။

    • အဆုတ်ရောင်ရောဂါကာကွယ်ဆေး : ပုံမှန်ဆိုဒီဆေးကတစ်ကြိမ်ပဲထိုးဖို့လိုပေမယ့်သင့်မှာဆီးချိုရှိနေရင်ဒါမှမဟုတ်အသက်၆၅ထက်ကြီးနေရင်တော့၅နှစ်အကြာတွင် booster (ခုခံအားမြှင့်ဆေး) တစ်လုံးထပ်ထိုးရပါမယ်။

    • အသည်းရောင်အသားဝါ B ကာကွယ်ဆေး :ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ဘီပိုးကာကွယ်ဆေးမထိုးရသေးသောဆီးချိုဝေဒနာသည်လူငယ်များနှင့် အသက် ၆၀ အောက်အရွယ်များတွင်ထိုးသင့်ကြောင်းထောက်ခံထားပါတယ်။ တကယ်လို့သင်ကအသက်၆၀ နှင့်အထက်ဖြစ်ပြီး ဆေးတစ်ခါမှမထိုးရသေးဘူးဆိုရင်တော့ထိုးသင့်မသင့်ကိုဆရာဝန်နဲ့ဆွေးနွေးပါ။

    • တခြားကာကွယ်ဆေးများ : မေးခိုင်ကာကွယ်ဆေးကိုလည်းထိုးထားသင့်ပါတယ်။ ဆရာဝန်ကလည်းတခြားကာကွယ်ဆေးတွေကိုညွှန်ကြားနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 12/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement