home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မိတ်ကပ် ဖော့ နဲ့ ဘရပ်ရှ်တွေကို မဆေးကြောဘဲ ပစ်ထားရင် ဘာတွေ ဖြစ်တတ်လဲ

မိတ်ကပ် ဖော့ နဲ့ ဘရပ်ရှ်တွေကို မဆေးကြောဘဲ ပစ်ထားရင် ဘာတွေ ဖြစ်တတ်လဲ

မိတ်ကပ်တွေ လိမ်းတယ်၊ ပြီးရင် ဖော့နဲ့ ဘရပ်ရှ်တွေကို ဆေးကြောသန့်စင်ဖို့ကျ မေ့တယ်ဆိုရင်တော့ ခုလတ်တလော ကြည်လင်ပြီး ဂလိုးနေတဲ့ စကင်းလေးကို ကြိုပြီးသာ တာ့တာပြထားလိုက်ပါတော့။ ဒီလို အရေးကြီးတဲ့ သန့်ရှင်းမှုကို မေ့နေမယ်ဆိုရင် ဘာတွေဖြစ်တတ်လဲဆိုတော့ ဒါတွေဖြစ်တတ်ပါတယ်။

၁။ ဘက်တီးရီးယားတွေ ပေါက်ပွားတတ်ပါတယ်

ဒါက ပြောနေစရာတောင် မလိုပါဘူး။ ဘယ်အရာကိုမဆို မဆေးဘဲ အကြာကြီး ပစ်ထားရင် ဘက်တီးရီးယားတွေ ပေါက်ဖွားတတ်တာပဲ မဟုတ်လား။ ဘရပ်ရှ်တွေ၊ ဖော့တွေလည်း ဒီလိုပါပဲ။ ဘက်တီးရီးယား၊ ဖုန် နဲ့ အညစ်အကြေးတွေ တစ်ပုံကြီး ဖြစ်နေမှာပါ။

အဲဒီကနေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ အရေပြား ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

၂။ ဝက်ခြံတွေ ပေါက်လာနိုင်ပါတယ်။

ဝက်ခြံ ဘယ်ကဖြစ်။ အဆီ၊ ဖုန် နဲ့ အညစ်အကြေးတွေ ချွေးပေါက်ထဲ ပိတ်မိရာကဖြစ်။ ဟုတ်တယ်ဟုတ်။ ဆိုတော့ မဆေးကြော မသန့်စင်ဘဲ အမြဲသုံးနေတဲ့ ဘရပ်ရှ်နဲ့ ဖော့ပေါ်က ဘက်တီးရီးယားတွေဟာ မျက်နှာအရေပြားပေါ် ပျော်ပျော်ကြီး ခုန်ဆင်းပြီး ချွေးပေါက်တွေကို ပိတ်စေပါတယ်။ ပြီးရင်တော့ ဝက်ခြံလေးတွေက ဟောတစ်လုံး၊ ဟောတစ်လုံး ထွက်လာတော့မှာပါ။

၃။ အရေပြား နီရဲရောင်ရမ်းခြင်း

ဘရပ်ရှ်တွေရဲ့ အမွေးလေးတွေက မဆေးဘဲ ဒီတိုင်းအကြာကြီးသုံးရင် ဘာဖြစ်လာလဲဆိုတော့ မာလာပါတယ်။ အဲဒီမှာ ဖုန်၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေပါ ပေါင်းလိုက်တော့ မျက်နှာပေါ် ဘရပ်ရှ်တင်တဲ့အခါ မိတ်ကပ်သား ဆွဲလို့မကောင်းတာက တစ်မျိုး၊ မာကျောနေတဲ့ ဘရပ်ရှ်မွေးတွေကြောင့် မျက်နှာအရေပြား ထိခိုက်တာ တစ်မျိုးနဲ့ မျက်နှာအသားအရေပေါ် ကော်ပတ်စားသလို ခံစားမှုမျိုး ဖြစ်စေနိုင်ပြီး အရေပြား ဒဏ်ဖြစ်သွားနိုင်ပါတယ်။

၄။ မျက်စိနာနိုင်ပါတယ်။

ဟုတ်တယ်လေ။ ညစ်ပတ်နေတဲ့ ဘရပ်ရှ်ကြီးနဲ့ မျက်လုံးနားတစ်ဝိုက်သုံးနေလို့ မျက်စိမနာမှသာ အဆန်းတကြယ်ဖြစ်နေမှာကိုး။ မျက်ဝတ်ထွက်တာ၊ မျက်လုံးရဲတာတွေက စလို့ နောက်ဆုံး မျက်လုံး နီရဲပြီး ရောင်လာတဲ့ထိ ဖြစ်နိုင်ပါတယ်။

၅။ မိတ်ကပ်ဖုန်တက် ဖြစ်နိုင်ပါတယ်။

အပေါ်ကဟာတွေ ဘာမှမကြောက်ရင်တောင် အလှပျက်မှာတော့ ကြောက်ကြတယ်မလား။ သိတယ်ဟုတ်။ မိတ်ကပ်က ကိုယ်ဖြစ်စေချင်သလို ထွက်မလာတော့ဘဲ ဖုန်ဖုန်ကြီး ဖြစ်နေတာမျိုး။ ဆိုတော့ ဒီ ညစ်ပတ်ပြီး မာခေါက်နေတဲ့ ဘရပ်ရှ်တွေဟာ မိတ်ကပ်ဆွဲတဲ့အချိန်၊ ရှဲဒိုးတွေ ခြယ်သတဲ့အချိန်မှာ ကိုယ်လိုချင်သလို ထွက်လာဖို့ အတော်လေး အားစိုက်ရပါတယ်။

ပုံမှန်ထက် ပိုပြီး ခြယ်သရပါတယ်။ အချိန်ပိုကုန်ပါတယ်။ ပြီးတော့ မညီမညာဖြစ်နိုင်ခြေလည်း အရမ်းများပါတယ်။

ဒါတွေကတော့ မိတ်ကပ် ဘရပ်ရှ်နဲ့ ဖော့တွေကို မသန့်စင်ဘဲ သုံးမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာပါပဲ။ ကျန်းမာစိုပြည်တဲ့ အသားအရေနဲ့ ဂလိုးနိုင်ကြပါစေနော်။

ရေးသားသူ – Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 25/08/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။