မျက်စိနာရင် ဘာလုပ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

မျက်လုံးနာခြင်းဆိုသည်ကို မျက်ကြည်လွှာယောင်ခြင်းဟုလည်းခေါ်သည်။ အဖြစ်များဆုံးမျက်လုံးရောဂါတစ်ခုဖြစ်ပြီး ကလေးတော်တော်များတွင်ဖြစ်နိုင်သည်။ မျက်လုံးနာခြင်းကယောင်ခြင်းဖြစ်သည်။ မျက်ကြည်လွှာသည် မျက်လုံးအဖြူအပိုင်းတွင်ရှိပြီး မျက်ခွံလွှာအာက်တွင်ရှိသည်။ ကျောင်း ပတ်ဝန်းကျင်ရှိလူများသို့ ပြန့်လွယ်သည်။ ပုံမှန်အားဖြင့် မပြင်းထန်သော မျက်လုံးပိုးဝင်ခြင်းဖြစ်သော်လည်း တစ်ခါတရံ ပြင်းပြင်းထန်ထန်ဖြစ်နိုင်သည်။

မျက်စိနာခြင်းဘာကြောင့်ဖြစ်တာလဲ။

အဖြစ်အများဆုံး အကြောင်းမှာ

  • ဗိုင်းရပ်စ်
  • ဘက်တီးရီးယားကဲ့သို့သော ကလက်မိုင်းဒီးယား
  • စိတ်မသက်သာစေသောပစ္စည်းများ ဥပမာ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေကန်ထဲရှိ ကလိုရင်းစသည်။
  • ဓါတ်မတည့်သောပစ္စည်းများ ဥပမာ ဖုန်၊ ပန်းဝတ်မှုန်၊ မီးခိုး၊ မျက်ကပ်မှန် စသည်။

ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားကြောင့်ဖြစ်ပါက လူတော်တော်များများသို့ပြန့်သွားနိုင်သည်။ မျက်ကပ်မှန်တပ်ရန်မသင့်တော်ခြင်း သို့မဟုတ် မမှန်သော မျက်ကပ်မှန်ကိုသုံးပါက မျက်လုံးရဲလာနိုင်သည်။ ကလေးတွင်ဖြစ်ပါက ဆရာဝန်ထံချက်ချင်းအကြောင်းကြားသင့်သည်။ ကလေးတွင် အခြားမျက်လုံးပြဿနာများရှိနေနိုင်သည်။

မျက်စိယောင်ခြင်းရဲ့လက္ခဏာတွေကဘာလဲ။

လက္ခဏာများတွင် ယောင်ခြင်းအပေါ်မူတည်သည်။ အောက်ပါတို့ပါဝင်နိုင်သည်။

  • မျက်ခွံအတွင်းပိုင်းယောင်ခြင်း
  • မျက်ရည်တရွဲရွဲဖြစ်နေခြင်း
  • မျက်တောင်ဆူးခြင်း အဓိကအားဖြင့်အိပ်နေချိန်တွင်။
  • မျက်လုံးယားခြင်း။
  • မျက်လုံးပူခြင်း။
  • အမြင်ဝါးခြင်း
  • အလင်းမခံနိုင်ခြင်း

သင်တွင် မျက်စိနာခြင်း၏လက္ခဏာများရှာတွေ့ပါက ဆရာဝန်နဲ့သွားတွေ့ပြီး မျက်လုံးစမ်းသပ်ခြင်းများပြုလုပ်သင့်သည်။ မျက်ခွံ၏နမူနာကိုယူပြီး ဓါတ်ခွဲခန်းတွင်စမ်းသပ်ခြင်းများပြုလုပ်သင့်သည်။

ဘယ်လိုကုသင့်လဲ။

ဖြစ်သောအကြောင်းပေါ်မူတည်ပြီး ရောဂါကိုကုသသင့်သည်။

ကုသသည့်ပုံစံလေးမျိုးရှိသည်။

ဗိုင်းရပ်စ်

အဖြစ်များသော မျက်စိနာစေသည့်အကြောင်းတွင် ဟားပီးစင်းပလပ်ဗိုင်းရပ်(အိပ်အက်ဗီ) ဗယ်နီစယ်လာ ဇိုစတာဗိုင်းရပ်(ဗီဇပ်ဗီ) ပီကိုနာဗိုင်းရင်(အန်ထရိုဗိုင်းရပ်စ် ၇၀ ကော့စကီးအေ ၂၄) ပေါ့ဗိုင်းရပ်(မော်လူစမ် ကွန်တာဂျီအိုစန် ဘယ်စီနီယာ) တို့ဖြစ်သည်။ အေးသော ရာသီဥတုတွင် အလျင်အမြန်ပျံသွားနိုင်သည်။ ထိုကြောင့်ကူးစက်လွယ်ပြီး လေးရက်မှ ခုနှစ်ရက်ထိကြာနိုင်သည်။ ကာကွယ်ရန် လက်ကိုခဏခဏဆေးသင့်သည်။ တစ်ခုခုမစားခင် သို့မဟုတ် တစ်ယောက်ယောက်ကိုမကိုင်မီလက်သေချာဆေးသင့်သည်။ မျက်ကပ်မှန်တပ်နေသူဖြစ်ပါက မျက်စိနာနေချိန်မတပ်သင့်ပဲ မျက်မှန်ကိုတပ်သင့်သည်။ မျက်စိနာနေချိန်အမြင်ဝါးလာပါက ဆရာဝန်နှင့်ချက်ချင်းပြသင့်သည်။ အချို့သောဗိုင်းရပ်များက မျက်ကြည်လွှာတွင် အမာရွတ်ကျန်နိုင်သည်။

ဘက်တီးရီးယား

အဖြစ်များဆုံးနှစ်ကောင်မှာ ကလက်မိုင်းတီးယားနှင့် ဂနောရီးယားဖြစ်သည်။ လိင်မှကူးသောရောဂါကြောင့်ဖြစ်သည့် ဘက်တီးရီးယားဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေး မျက်စဉ်းဆေးများဖြင့်ကုသသင့်သည်။

ကော်ရီယန် နှင့် မျက်စဉ်းဆေးကို မျက်ခွံအတွင်းသို့ တစ်နေ့သုံးကြိမ်မှ လေးကြိမ်ထည့်ပေးသင့်သည်။ ငါးရက်မှခုနှစ်ရက်ထိကုသရန်လိုအပ်သည်။ တစ်ပတ်အတွင်းရောဂါသက်သာနိုင်သည်။ ဆရာဝန်ညွန်ကြားသောဆေး သို့မဟုတ် ပိုးသတ်ဆေးကိုသုံးပါ။

စိတ်မသက်သာစေသောအရာ

မျက်လုံးထဲသို့ထိုအရာများဝင်သွားပါကတတ်နိုင်သမျှ ရေနှင့်ဆေးချရမည်။ အနည်းဆုံးငါးမိနစ်ခန့်ဆေးချရမည်။ လေးနာရီအတွင်းသက်သာလာလိမ့်မည်။ ပိုဆိုးသောကိစ္စများ ဥပမာ အက်စစ် သို့မဟုတ် အယ်ကာလီဖြစ်ပါက ဆရာဝန်နှင့်ချက်ချင်းတိုင်ပင်ခြင်း သို့မဟုတ် ဆေးရုံသို့ချက်ချင်းသွားခြင်း ရေဖြင့်ချက်ချင်းဆေးချခြင်းတို့လုပ်သင့်သည်။

ဓါတ်မတည့်ခြင်း

ဓါတ်မတည့်ခြင်းသည် ရာသီဓါတ်မတည့်သောသူများတွင်ဖြစ်တတ်သည်။ ဓါတ်မတည့်သောအရာကိုဖယ်လိုက်ပါက သက်သာသွားမည်။ မျက်စိနာခြင်းသည် ဓါတ်မတည့်ခြင်းနှင့်တွဲဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

မျက်စိနာခြင်းကိုဘယ်လိုသက်သာစေနိုင်မလဲ။

သက်သာစေရန်အောက်ပါအချက်များကိုလေ့လာနိုင်သည်။

  • ရောဂါရှိသောမျက်လုံးကိုမပွတ်ပါနှင့်။
  • အစာမစားခင် ဆပ်ပြာ နှင့်ရေနွေးတို့ဖြင့်လက်ကိုသေချာဆေးပါ။
  • အချွဲများထွက်ပါက သန့်ရှင်းသောဝါဂွမ်းလေးဖြင့်ဆေးပေးပါ။
  • မျက်ကပ်မှန်တပ်ခြင်းရှောင်ပါ။ အခြားသူ၏မျက်ကပ်မှန်ကိုမသုံးပါနှင့်။
  • မျက်စိအလှပြင်ပစ္စည်းများကိုသူများနှင့်တွဲမသုံးပါနှင့်။
  • မျက်စဉ်းဆေးမလိမ်းမီသင့်လက်ကိုဆေးပါ။
  • မျက်စိနာခြင်းသာမက အခြားမျက်လုံးပြဿနာများကိုသက်သာစေရန် သုံးစွဲသည့်ပစ္စည်းများကို သန့်ရှင်းစွာရှိနေစေရန် အရေးကြီးသည်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သောက်ဆေးနဲ့ ဓာတ်မတည့်တဲ့အခါ ဘာလုပ်သင့်လဲ

ဓာတ်မတည့်ခြင်း သောက်ဆေး ပိုးသတ်ဆေး အကိုက်အခဲပျောက်ဆေး ကင်ဆာရောဂါ ကင်ဆာကုထုံး ဓာတ်မှန်ရိုက်ခြင်း အင်ပျဉ်ထခြင်း သတိလစ်ခြင်း ဘေးထွက်ဆိုးကျိုး ကုသနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချမလဲ

ဓာတ်မတည့်ခြင်း လေထုညစ်ညမ်း လေမသန့် အဆိပ် ဓာတုပစ္စည်း အိမ်သုတ်ဆေး အိမ်တွင်း ဆေးလိပ် ဖုန်တက်ခြင်း ဓာတ်ငွေ့ အိမ်သန့်ရှင်းရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အအေးဒဏ်ကြောင့် အရေပြားမှာအဖုအပိမ့်တွေ မထအောင်ကာကွယ်မယ်

ဆောင်းရာသီ အအေးဒဏ် ဓာတ်မတည့်ခြင်း အရေပြား ယားယံခြင်း အဖုအပိမ့် အင်ပျဉ် အသားခြောက်ခြင်း ထိခိုက်လွယ်အသားအရေ တစ်ကိုယ်ရေသန့်ရှင်းရေး ရေချိုးခြင်း အစိုဓာတ် အသားအရေ အလှအပ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အရက်နှင့် ဓာတ်မတည့်ခြင်းဆိုတာ ဘာလဲ

အရက် ဓာတ်မတည့်ခြင်း ပါဝင်ပစ္စည်း အစာခြေစနစ် ကိုယ်ခံအား အရေပြားယားယံခြင်း ဖောရောင်ခြင်း အဖုအပိမ့် အနီစက် မူးဝေအော့အန် ဗိုက်အောင့် ဝမ်းလျှော အသက်ရှူကျပ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ ဘာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read

သင် ဘာလို့ ခဏခဏ ဖျားနာနေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read

ပိုးဟပ်တွေနဲ့ မိသားစု ကျန်းမာရေးအန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2020 . 2 mins read

ဓာတ်မတည့်ခြင်းရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်တာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2020 . 2 mins read