အာဟာရမျှတအောင်စားမယ်
ကိုယ်ခံအားစနစ်အတွက် လိုအပ်မယ့်အာဟာရဓါတ်တွေရရှိအောင် အသီးအရွက်၊ အသားငါးနဲ့ သီးနှံ၊ အစေ့အဆန်တွေ မျှတအောင်စားပါ။ တုပ်ကွေးရာသီမှာ အစားလျှော့ Diet လုပ်တဲ့သူတွေ ကိုယ်ခံအားစနစ် အားမနည်းအောင်ဂရုစိုက်စီမံသင့်ပါတယ်။
လက်ဆေးတဲ့အကျင့်ကိုမွေးပါ
လက်မဆေးဘဲ အစားစားတာ၊ မျက်နှာကိုပွတ်တာ၊ အပြင်ကပြန်လာပြီး လက်မဆေးတာတွေက ရောဂါပိုးတွေ အကုန်ဖိတ်ခေါ်နေသလိုပါပဲ။ ဆပ်ပြာနဲ့ရေကိုသုံးပြီး လက်ဆေးတဲ့အကျင့်ကိုလုပ်ပါ။ လက်ဆေးရလို့ လက်အသားအရေခြောက်သွေ့တယ်ထင်ရင် hand cream ဖြစ်ဖြစ် သံလွင်ဆီဖြစ်ဖြစ်ပြန်လိမ်းလို့ရတာပဲ။ လှုပ်ရှားသွားလာရင်း အလွယ်တကူဆေးနိုင်ဖို့ လက်သန့်ဆေးရည် အိတ်ကပ်ထဲဆောင်ထားပါ။
တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်မယ်
လက်ဆေးရုံနဲ့မပြီးပါဘူး။ လူလည်းသန့်ရှင်းမှုရှိမှဖြစ်မှာပါ။သန့်ရှင်းမှုကို ဂရုစိုက်မှရောဂါပိုးတွေရန်က ကာကွယ်နိုင်ပါလိမ့်မယ်။
ကိုယ်လက်လှုပ်ရှားမှု လုပ်မယ်
တစ်နေ့လုံးနေမှ မိနစ်ပိုင်းလောက်လေ့ကျင့်ခန်းလုပ်ရတာ သိပ်အလုပ်မရှုပ်လောက်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုဆိုတာ Gym သွားမှမဟုတ်ပါဘူး။ ခြေနဲ့လက်လှုပ်ပြီး ဟိုဟိုဒီဒီလမ်းထလျှောက်လည်းရတယ်၊ အကြောဆန့်ရုံလည်းရတယ်၊ယောဂလေ့ကျင့်ခန်းနှစ်ကွက်လောက်ဆိုလည်းဖြစ်တယ်။ ဘာများခက်ခဲမှာမို့လို့လဲ။
ကိုယ်ခံအားတက်စေမယ့် အစားအသောက်တွေကို စားပေးမယ်
အာဟာရပြည့်အောင်စားပေမယ့် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်မယ့် အစားအသောက်တွေကိုလည်း ထည့်စားမယ်၊ ပိုစားမယ်ဆို အထောက်အကူဖြစ်စေနိုင်တယ်။ ဥပမာ ကြက်သွန်ဖြူဆိုရင်ရောဂါပိုးမွှားတွေကိုသေစေနိုင်တဲ့ အစွမ်းသတ္တိပါဝင်သလို ကိုယ်ခံအားလည်းတိုးစေတယ်။ ဒါပေမယ့်အပူပေးလိုက်ရင် သူ့ရဲ့အဓိကပါဝင်ပစ္စည်းကို အားပြယ်စေလို့ အစိမ်းစားတာပိုကောင်းပါတယ်။ အသုပ်နဲ့တွဲစားတာ၊ လက်ဖက်သုပ်နဲ့စားတာ၊ ဗီတာမင် စီပါတဲ့ သံပရာသီးနဲ့ အချဉ်ထောင်းစားတာမျိုးပေါ့။နောက်တစ်ခုကဆေးဖက်ဝင်တဲ့မှိုတွေပါ။ ရှီတာကီမှိုလိုမျိုးဆေးဖက်ဝင်မှိုတွေက ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဗီတာမင်စီ ပါတဲ့အစားအသောက်၊အသီးအနှံ၊ အသီးအရွက်တွေကိုလည်းစားပေးလို့ရတယ်။ ကြက်စွပ်ပြုတ်သောက်တာလည်း အသားဓါတ်အပါအဝင်အာဟာရဓါတ်တွေရနိုင်တဲ့အပြင် ကိုယ်ခံအားတက်စေတဲ့နည်းတစ်မျိုးပါ။
ဒီလောက်ဆိုတော်တော်လေးစုံနေပြီဆိုတော့ သဘာဝကာကွယ်မှုစနစ်ကိုစောင့်ရှောက်ဖို့ သေချာလိုက်နာပြီး ရောဂါကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ကြလိုက်ပါတော့။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။