backup og meta

လိင်ဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုတွေ ပြေလျော့စေနိုင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုတွေ ပြေလျော့စေနိုင်ပါတယ်
    လူတိုင်းမှာ စိတ်ညစ်စရာ စိတ်ဖိစီးစရာတွေ ရှိတယ်နော်။ အလုပ်ခွင်ကိစ္စတွေကြောင့် စိတ်ညစ်ရတာ၊ လူမှုရေးကိစ္စတွေကြောင့်စိတ်ညစ်ရတာတွေ ရှိပါတယ်နော်။ စိတ်ညစ်တာကို အကြာကြီး မွေးထားမယ်ဆိုရင် စိတ်ညစ်စရာကနေ စိုးရိမ်စရာ စိတ်ဖိစီးစရာတွေ ဖြစ်လာပါမယ်။ ဒီလို ဖြစ်လာတဲ့အခါ နေ့စဉ် လူနေမှုဘဝမှာ ထိခိုက်မှု ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေကို မလျှော့ချနိုင်ဘူးဆိုရင် ရေရှည်မှာ ကြီးမားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ စိတ်ဖိစီးမှုကို အထိရောက်ဆုံး ပြေလျော့စေနိုင်မယ့် နည်းလမ်း ရှိပါတယ်။ အဲဒါကတော့ လိင်ဆက်ဆံခြင်းပါ။

    လိင်ဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုတွေ ပြေလျော့စေနိုင်ပါတယ်

    လိင်ဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုတွေ ပြေလျော့စေနိုင်ပါတယ် ….. လိင်ဆက်ဆံတာက ခံစားမှုကောင်းတာတင်မဟုတ်ပါဘူး။ ကျန်းမာစေဖို့ပါ အထောက်အကူပြုသလို စိတ်ဖိစီးမှုကိုပါ ကင်းစေနိုင်ပါသတဲ့။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ လိင်ဆက်ဆံတဲ့အခါ ခန္ဓာကိုယ်တွင်းက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ကျဆင်းသွားတာကြောင့်ပါ။

    အမျိုးသားနဲ့ အမျိုးသမီး အတူနေချိန်မှာ အချစ်ဟော်မုန်းလို့ တင်စား ခေါ်ဝေါ်ကြတဲ့ oxytocin နဲ့ endorphins ဟော်မုန်းတို့ ထွက်လာကြပါတယ်။ ဒီလို ထွက်ရှိလာမှုက စိတ်ထဲမှာ ဖြစ်နေတဲ့ စိုးရိမ်မှု၊ ပူပန်မှုတွေကို ပြေလျော့သွားစေဖို့ အထောက်အပံ့ ပေးပါတယ်။ စိတ်ကို တည်ငြိမ်သွားစေသလို စိတ်ခံစားမှု ကောင်းမွန်လာစေပြီး ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ကူညီပေးပါသေးတယ်။

    နောက်ထပ် ကောင်းကျိုး တစ်ခုကတော့ အချင်းချင်း ကြားမှာ နားလည်မှု၊ ယုံကြည်မှုတွေ တိုးစေတာပါ။ အချစ်ရေး အဆင်ပြေနေမှုက လူမှုဆက်ဆံရေးမှာရော အလုပ်ခွင်မှာပါ အကောင်းဆုံး စွမ်းဆောင်ရည်ကို ရရှိစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပြည့်ဝနေပြီး နေ့စဉ် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့အတွက်ဆိုရင် လိင်ဆက်ဆံတာကလည်း ချန်လှပ်ထားလို့ မရတဲ့ ကိစ္စတစ်ခု ပါနော်။ ဒါတွေတင် မကပါဘူး။ လိင်ဆက်ဆံမှုကနေ ရရှိနိုင်တဲ့ အခြား ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်နော်။

    ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

    • သွေးပေါင် ကျစေတယ်
    • ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေနိုင်တယ်
    • တစ်ဦး နဲ့ တစ်ဦး ယုံကြည်နားလည်မှု တိုးလာစေတယ်
    • စိတ်ပူပန်မှုတွေကို လျော့ကျစေနိုင်တယ်
    • ကောင်းကောင်း အိပ်ပျော်စေနိုင်တယ်
    • အမျိုးသမီးတွေမှာ ဆီးအိမ်ကြွက်သား တင်းရင်းစေနိုင်တယ်
    • ရုတ်တရက် နှလုံးရပ်နိုင်ခြေကို နည်းစေတယ်
    • ရာသီလာစဉ် နာကျင်မှု ဝေဒနာ အပါအဝင် ကိုက်ခဲနာကျင်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်
    • ကယ်လိုရီ လောင်ကျွမ်းစေနိုင်တယ်
    • ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။

    လူရယ်လို့ဖြစ်ပြီး အရွယ်ရောက်လာရင် ဒီကိစ္စက ရှောင်လွှဲလို့ မရတဲ့ ကိစ္စ တစ်ခုပါ။ ဒီလို နေ့စဉ်ဘဝမှာ လုပ်မိနေတဲ့ အလေ့အထလေးက စိတ်ဖိစီးမှုကို ပြေလျော့စေတယ်ဆိုတဲ့ မဆိုးဘူးပေါ့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement