လိင်ဆက်ဆံမှုအတွက် အလိုလိုပါရှိလာတဲ့ဆန္ဒ
လူတွေရဲ့ ခန္ဓာကိုယ်ဟာ ဒီလိုလုပ်ရမယ်ဆိုတာ ညွှန်ကြားထားပြီးဖြစ်ကာ ဦးနှောက်ကလဲ ဒီလိုအမူအကျင့်ပြုမူအောင် လှုံ့ဆော်တတ်ပါတယ်။ လိင်ဆက်ဆံမှုဆိုတာဦးနှောက်ရဲ့ လှုံ့ဆော်မှုကြောင့် ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ခန္ဓာကိုယ်ဟာ အားအင်ပြည့်ဝဖို့ အာဟာရတွေကို လိုအပ်သလို ဆင့်ကဲဖြစ်စဉ်တွေအတွက်လည်း လိင်ဆက်ဆံမှုကိုလိုအပ်ပါတယ်။ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ကျွမ်းကျင်သူတွေက လူတွေရဲ့ အသက်ရှင်နေထိုင်မှုအတွက် လိင်ဆက်ဆံချင်တဲ့ ဆန္ဒဟာလူတွေ ကိုယ်ထဲမှာ ပါပြီး ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ရည်ရွယ်ချက်ကဘာလဲ။
UT- Austin မှာ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဟာ ကျောင်းသား၁၅၀၀ကို သူတို့ရဲ့ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ အတွေ့အကြုံတွေနဲ့ အရင်းခံအကြောင်းအရင်းတွေကိုမေးမြန်းခဲ့ကြပါတယ်။ အဖြေတွေကိုတော့ လေးအုပ်စုခွဲခြားနိုင်ပါတယ်။
- ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အကြောင်းရင်းများ – သာယာမှု၊ စိတ်ဖိစီးခြင်းလျော့နည်းမှု၊ လေ့ကျင့်ခန်း၊ လိင်ပိုင်းဆိုင်ရာစူးစမ်းလိုစိတ်နဲ့ အခြားတစ်ယောက်ကို ကြိုက်နှစ်သက်မှု
- ရည်မှန်းချက်တစ်ခုခုကို အခြေခံတဲ့ အကြောင်းတရားများ – ကလေးရရှိလိုခြင်း၊ လူမှုရေးမှာထင်ရှားလိုစိတ်၊ ကလဲ့စားချေလိုစိတ်
- စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားများ – အချစ်၊ လက်ထပ်ခြင်း၊ ကျေးဇူးတရား
- ကိုယ့်ကိုယ်ကို လုံခြုံမှုမရှိခြင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းတရားများ – ကိုယ့်ကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ဖို့ကိုယ့်ချစ်သူကို အခြားနေရာမှာလိင်ဆက်ဆံခြင်းမှ တားမြစ်လိုစိတ်၊ (သို့) တာဝန်၊ ဖိအား (ဥပမာ – ချစ်သူက လိင်ဆက်ဆံခြင်းကိုဖိအားပေးခြင်း)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။