ဒီမေးခွန်းကို လူအများစုက မဖြစ်နိုင်ဘူးလို့ပဲ ဖြေကြမှာပါပဲ။ ပုံမှန် လူသားအများစုဟာ အအိပ်၊ အစား၊ ကာမ ဒီတာဝန် ၃ခုနဲ့ နေ့စဉ်ဘဝရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းတတ်ကြပေမယ့် လိင်မှုကိစ္စအပေါ် စိတ်ခံစားချက်၊ သာယာမှု မရှိတာ၊ စိတ်မဝင်စားတဲ့ လူနည်းစုဟာ အမှန်တကယ် ရှိနေပါတယ်။