လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို အမျိုးသမီးတွေမှာ ဘယ်လိုကာကွယ်မလဲ

    လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို အမျိုးသမီးတွေမှာ ဘယ်လိုကာကွယ်မလဲ

    လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေဟာ အရမ်းအန္တရာယ်ကြီးပြီး သူ့နာမည်အတိုင်းပဲ လိင်ဆက်ဆံရာကတစ်ဆင့် တစ်ဦးက နောက်တစ်ဦးဆီ ကူးသွားနိုင်တယ်ဆိုတာ ပြောနေစရာတောင်လိုမယ် မထင်ပါဖူး။ ဆိုတော့ ဒီရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲ။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါ။

    တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။

    ကာမပိုင် လင်မယား အချင်းချင်းကလွဲပြီး တခြားသူတွေနဲ့ လိင်ပိုင်းဆိုင်ရာ စပ်ယှက်မှု မရှိအောင် နေထိုင်ရပါမယ်။ ကိုယ့် အိမ်ထောင်ဖက်မှာလည်း လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေမရှိဘူး ပြီးတော့ တစ်လင်တစ်မယားစနစ်ကိုလည်း ကျင့်သုံးမယ်ဆိုရင် ဒီလိုကူးစက်ရောဂါတွေကနေ ကာကွယ်နိုင်ဖို့ စိတ်အချရဆုံးသော နည်းလမ်းဖြစ်မှာပါ။ ဒါပေမယ့် လင်မယား နှစ်ယောက်လုံးမှာ လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ ရှိမနေဖို့တော့ အရမ်း အရေးကြီးပါတယ်။ ဒါကြောင့် အိမ်ထောင်ဖက်အချင်းချင်း ရောဂါမကူးစက်စေဖို့အတွက် တစ်ဦးနဲ့တစ်ဦးပွင့်ပွင့်လင်းလင်း၊ရိုးရိုးသားသား ပြောဆိုဆွေးနွေးရပါမယ်။

    လိင်ဆက်ဆံဖော် အရေအတွက်ကို နည်းနိုင်သမျှနည်း ပါစေ။

    တစ်လင်တစ်မယား စနစ်နဲ့ သဘောတရားချင်း အတူတူပါပဲ။ လိင်ဆက်ဆံဖက်များလေလေ လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေရနိုင်ဖို့ အခွင့်အလမ်း များလေလေဆိုတာ သိထားရပါမယ်။ လိင်မဆက်ဆံခင်မှာ တစ်ဦးရဲ့ ကျန်းမာရေး အနေအထားကို နောက်တစ်ဦးက သိဖို့လိုပါတယ်။ ဒါမှသာ မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

    အကာအကွယ်သုံးပါ။

    လိင်မဆက်ဆံခင်မှာ တစ်ဦးရဲ့ နောက်ကြောင်းရာဇဝင်ကို တစ်ဦးက သိဖို့ အထူးပဲ အရေးကြီးပါတယ်။ ကွန်ဒုံးဟာ ကိုယ်ဝန်နဲ့ ရောဂါတွေကို တားဆီးရာမှာ ရာနှုန်းပြည့် စိတ်ချရတယ်လို့ မပြောနိုင်ပေမယ့် သူတို့ကို မှန်ကန်စွာ စနစ်တကျသုံးရင် အရမ်းအကျိုးရှိထိရောက်ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရလေအောင် ကွန်ဒုံးမှန်ကန်စွာ အသုံးပြုနည်းကို သိရှိအောင် လုပ်ထားပါ။ အမျိုးသားအတွက်ရော အမျိုးသမီးအတွက်ပါ ကွန်ဒုံးရှိပေမယ့် အမျိုးသားသုံး ကွန်ဒုံးကိုပဲ တွင်ကျယ်စွာ သုံးကြပါတယ်။ ပါးစပ်နဲ့ ဒါမှမဟုတ် ယောနိနဲ့ ဒါမှမဟုတ် စအိုနဲ့ လိင်ဆက်ဆံတော့မယ့် အကြိမ်တိုင်းမှာ ကွန်ဒုံးအသစ်ကို အမြဲတမ်း အသုံးပြုပါ။

    တကယ်လို့ သင်ဟာ latex ရာဘာနဲ့ ဓာတ်မတည့်သူတယောက်ဖြစ်ခဲ့မယ်ဆိုရင် latex မပါဝင်တဲ့ အထူးပြုလုပ်ထားသော ကွန်ဒုံးတွေကို သုံးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သိထားရမှာက ဒီ latex မပါဝင်တဲ့ ကွန်ဒုံးတွေဟာ latex ကွန်ဒုံးတွေထက် ပေါက်ပြဲဖို့ အခွင့်အလမ်း ပိုများတယ်ဆိုတာပါပဲ။ Natural membrane condom တွေဟာ ကိုယ်ဝန်ကိုပဲ ကာကွယ်ပေးနိုင်ပြီး လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်မပေးနိုင်တဲ့အတွက် မသုံးသင့်ပါဖူး။
    ကွန်ဒုံးသုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ လိင်ဆက်ဆံတဲ့အခါ ယောနိကို အရင်ဆက်ဆံပြီးမှ စအိုကို ဆက်ဆံသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပြောင်းပြန်လုပ်မယ်ဆိုရင်တော့ စအိုက ဘက်တီးရီးယား ပိုးမွှားတွေ ယောနိထဲဝင်သွားနိုင်တဲ့အတွက် လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ဖြစ်စေပါလိမ့်မယ်။
    လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို မှတ်သားထားပါ။ တကယ်လို့ သင့်အနေနဲ့ စိုးရိမ်ပူပန်မှု တစ်ခုခုရှိနေတာ၊မရှင်းလင်းတာ ဒါမှမဟုတ် မေးချင်တာမျိုးရှိတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အကြံဉာဏ်၊လမ်းညွှန်ချက်တွေ တောင်းယူပြီး ကုသမှုကို ခံယူပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    STD Prevention in Women

    http://www.healthcommunities.com/std/std-prevention-women.shtml

    Accessed March 7, 2017

    How You Can Prevent Sexually Transmitted Diseases

    https://www.cdc.gov/std/prevention/Accessed

    March 7, 2017

    UnderstandingSexually Transmitted DiseasePrevention

    http://www.webmd.com/sex-relationships/understanding-stds-prevention

    Accessed March 7,
    2017

     

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thiha Phyo Myint မှ ရေးသားသည်။ 10/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။