backup og meta

လိင်ဆက်ဆံမှုနဲ့ပတ်သက်တဲ့ အမျိုးသမီးတွေသိထားသင့်တဲ့ အချက် ၁၃ ချက်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံမှုနဲ့ပတ်သက်တဲ့ အမျိုးသမီးတွေသိထားသင့်တဲ့ အချက် ၁၃ ချက်

    အမျိုးသမီးတိုင်းသိထားသင့်တဲ့ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အများကြီးရှိပါတယ်။ အောက်ပါအချို့အချက်များကိုသိထားခြင်းဟာသင့်ကို ပြီးပြည့်စုံတဲ့ လိင်ဆက်ဆံမှုတစ်ခုကိုရရှိစေပါလိမ့်မယ်။

    (၁) ယောက်ျားတစ်ယောက်မှာယောက်ျားအင်္ဂါအပြင် အရေးကြီးတာတွေရှိပါသေးတယ်။

    လိင်တံဟာလိင်စိတ်နဲ့ တိုက်ရိုက်စက်သွယ်မှုရှိပြီးသူ့ရဲ့ ယောက်ျားပီသမှုကိုဖော်ပြတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် ခံစားမှုလွယ်ကူပြီးသူ့ကိုအလွယ်တကူလိင်စိတ်တက်ကြွအောင်လုပ်နိုင်တဲ့ အခြားခန္ဓါကိုယ် အစိတ်အပိုင်းတွေ ရှိပါသေးတယ်။ နှုတ်ခမ်း၊ လည်ပင်း၊ နား၊ ရင်ဘတ်၊ နောက်ကျော၊ ကုပ်ပိုး၊ ပေါင်အတွင်းဘက်နဲ့ ပေါင်ခြံတွေလိုမျိုးကိုနမ်းရှုပ်ခြင်း၊ ထိတွေ့ခြင်းနဲ့ ညင်သာစွာပွတ်သပ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

    (၂) သင့်ရဲ့ ချို့ယွင်းချက်တွေကိုသူသတိမထားမိပါဘူး။

    လိင်ဆက်ဆံစဉ်မှာယောက်ျားတစ်ယောက်ရဲ့ လိင်စိတ်ဟာပျော်ရွှင်စရာခံစားမှုတွေနဲ့ ဖုံးလွှမ်းခံရတဲ့အတွက် သင့်ချို့ယွင်းချက်တွေကိုသူသတိထားမိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ခန္ဓါကိုယ်နဲ့ ပတ်သက်တဲ့ စိုးရိမ်စိတ်တွေကိုမေ့လိုက်ပါ။ သင်ဟာသင့်ပုံစံနဲ့ သင်လှပနေတယ်ဆိုတာကိုသတိရပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိတဲ့သူဟာသူ့ရဲ့ မျက်လုံးထဲမှာလည်းလှပနေမှာဖြစ်ပြီးလိင်စိတ် တက်ကြွစေမှာပါ။

    (၃) ပထမအကြိမ် လိင်ဆက်ဆံခြင်းဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး။

    ပထမအကြိမ် လိင်ဆက်ဆံခြင်းဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ နှစ်ယောက်လုံးမှာနာကျင်မှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် စည်းချက်ညီညီလှုပ်ရှားမှုတွေမှာအခက်အခဲတွေ တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် ဒီအတွေ့အကြုံနဲ့ ပတ်သက်ပြီးသူ့ကိုသံသယဝင်ခြင်းတွေ ဝေဖန်ခြင်းတွေ မပြုလုပ်ပါနဲ့။ ဒါကိုအကျင့်ဖြစ်သွားဖို့ အချိန်ယူရမှာပါ။

    (၄) သူနဲ့အတူလှုပ်ရှားပါ။

    လိင်ဆက်ဆံမှုပြုခြင်းဟာအမျိုးသားတွေအတွက်ပဲလို့ မထင်မြင်ပါနဲ့။ ဒီအစားသင်လည်းသူနဲ့အတူလိုက်လှုပ်ရှားပါ။ သင့်အားအင် စိုက်ထုတ်ခြင်းဖြင့် နှစ်ယောက်လုံးအတွက် သာယာပျော်ရွှင်မှုကိုပိုမိုရရှိစေမှာပါ။

    (၅) တက်ကြွမှုရှိသူကိုယောက်ျားတွေကပိုသဘောကျပါတယ်။

    သူ့ကိုလိင်စိတ်တက်ကြွစေဖို့ သင်ကလည်းလိင်ပိုင်းဆိုင်ရာအပြုအမူတွေကိုစတင်သင့်ပါတယ်။ လိင်စိတ်တက်ကြွအောင် လှလှပပဝတ်ဆင်ခြင်း၊ ပရောပရီပြုခြင်း၊ သူ့နားထဲကိုမကြားတကြားပြောခြင်းနဲ့ သင်နောက်ဘာလုပ်ချင်တယ်ဆိုတာကိုနားလည်အောင် ပြောပြသင့်ပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာပုံမှန် ထိုးသွင်းဆက်ဆံခြင်းထက် အများကြီးပိုပါတယ်။ ဒါကြောင့် မရှက်ပါနဲ့။

    (၆) လိင်မဆက်ဆံခင် သင့်ကိုယ်သင်အချိန်ပေးပါ။

    ဒါဟာသင့်ကိုအလုပ်ကရရှိတဲ့ စိတ်ဖိစီးမှုတွေကိုလျော့ကျစေရုံသာမကသင့်ကိုလိင်ဆက်ဆံဖို့ အဆင်သင့်ဖြစ်စေပါတယ်။ ရေပူနဲ့ ရေချိုးပြီးအနားယူခြင်းတို့ကို ပြုလုပ်ခြင်းဟာသင့်အတွက် ကောင်းမွန်ပါတယ်။

    (၇) ရရှိလေလေလိုချင်လေလေဖြစ်မှာပါ။

    လိင်ဆက်ဆံခြင်းဟာကျေနပ်သာယာဖွယ်ဖြစ်တာကြောင့် သင့်ခန္ဓါကိုယ်ကဒီခံစားမှုကိုမှတ်မိနေမှာပါ။ ဒါဟာရှောင်လွှဲမရတဲ့ ပုံမှန် အရာတစ်ခုဖြစ်ပါတယ်။ သင့်ဆန္ဒဟာမဖြစ်သင့်ဘူးလို့တွေးပြီးကိုယ့်ကိုကိုယ်အပြစ်တင်ခြင်းတွေ မပြုသင့်ပါဘူး။

    (၈) လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းအတွက် မပူပန်ပါနဲ့။

    လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းအတွက် မပူပန်ပါနဲ့။ ဘာလို့လဲဆိုတော့ သင်အရမ်းကိုပူပန်ကြောင့်ကြနေမယ်ဆိုရင် သင်လက်လှမ်းမီဖို့အခွင့်ပိုနည်းသွားမှာပါ။ ထိတွေ့မှုနဲ့ အနမ်းတစ်ခုချင်းစီကို ကြည်နူးသာယာမယ်ဆိုရင် လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းဟာအလိုလိုဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါ့အပြင် လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကိုအတုမပြုလုပ်ပါနဲ့။ သင့်ခံစားမှုမကောင်းမွန်ဘူးဆိုရင် သင့်လိင်ဆက်ဆံဖက်ကိုရိုးသားစွာပြောဆိုခြင်းအားဖြင့် သူဟာနည်းလမ်းတွေကိုပြောင်းလဲမှာဖြစ်ပြီး နှစ်ယောက်လုံးအတွက် သာယာမှုတွေ ရရှိလာမှာပါ။

    (၉) လိင်ဆက်ဆံစဉ်မှာသင့်ခန္ဓါကိုယ်ကိုကိုယ်တိုင်ထိတွေ့မှု ပြုနိုင်ပါတယ်။

    သင့်ကိုယ်သင် ထိတွေ့ခြင်းဟာအလွန် လိင်ဆွဲဆောင်မှု ရှိပြီးသင့်လိင်ဆက်ဆံဖက်ရဲ့ လိင်စိတ်ကိုတက်ကြွစေပါလိမ့်မယ်။

    (၁၀) အာရုံစူးစိုက်မှုကအရေးကြီးပါတယ်။

    သင့်လိင်စိတ်ပေါ်မှာအာရုံစူးစိုက်ပါ။ သင့်စိတ်မှာတွေးစရာတွေ အများကြီးရှိနေတယ်ဆိုရင် လိင်စိတ်ကျဆင်းစေပါတယ်။

    (၁၁) အမြဲဆီးသွားပြီးသန့်ရှင်းရေး ပြုလုပ်ပါ။

    လိင်ဆက်ဆံပြီးရင် ဆီးသွားဖို့နဲ့ သင့်မိန်းမကိုယ်ကိုသန့်ရှင်းရေး ပြုလုပ်ဖို့ သတိရသင့်ပါတယ်။ ဒါဟာသင့်ကိုဆီလမ်းကြောင်းပိုးဝင်ခြင်းတွေကကာကွယ်ပေးပါလိမ့်မယ်။

    (၁၂) သင်ဟာတစ်လင်တစ်မယားစနစ်ကိုကျင့်သုံးသူဆိုရင်တောင် တစ်ကိုယ်ရေ ဆန္ဒဖြေဖျောက်မှု ပြုလုပ်နိုင်ပါတယ်။

    တစ်ကိုယ်ရေ ဆန္ဒဖြေဖျောက်ခြင်းဟာတစ်လင်တစ်မယားစနစ်မှာသင့်ကိုယ်သင် သာယာမှုရရှိနိုင်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါဟာပုံမှန်ဖြစ်လို့ အပြစ်ရှိသလိုခံစားဖို့ မလိုပါဘူး။

    (၁၃) ကီဂယ်လ် လေ့ကျင့်ခန်း

    ကီဂယ်လ် လေ့ကျင့်ခန်းဟာအကျိုးရှိပါတယ်။ သင့်ရဲ့ တင်ပဆုံနဲ့ မီးညောင်ရိုး ကြွက်သားတွေကိုကျန်းမာသန်စွမ်းစေပြီးလိင်စိတ်အထွတ်အထိပ် ရောက်ရှိမှုကိုပိုမိုပြင်းထန်စေပြီးသာယာမှု ပိုမိုရရှိနိုင်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement