backup og meta

ကွန်ဒုံး မကာကွယ်ပေးနိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါ များ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ဒုံး မကာကွယ်ပေးနိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါ များ

    ကွန်ဒုံးသုံးတယ်ဆိုတာ ရည်ရွယ်ချက် နှစ်ခုနဲ့ပါ။ ကိုယ်ဝန်တားချင်တာရယ်၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေရယ်က ကာကွယ်ဖို့ပါ။ ဒါပေမယ့် ဘယ်အရာကမှ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ ကွန်ဒုံးက လိင်ကတဆင့်ကူးစက်ရောဂါ တွေကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် အကုန်လုံးတော့ မဟုတ်ပါဘူး။ သူကာကွယ်မပေးနိုင်တဲ့ တချို့ရောဂါလေးတွေ ရှိနေပါသေးတယ်။

    ကွန်ဒုံး မကာကွယ်ပေးနိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါ များ

    ရေယုန်က အရေပြားချင်း ထိတွေ့ရာကနေ ကူးစက်တတ်ပါတယ်။ လိင်အင်္ဂါရေယုန်တွေဆိုရင် ပေါင်ခြံတို့၊ ဆီးခုံတို့မှာ ပေါက်လေ့ရှိပါတယ်။ ဒီလိုနေရာတွေကျ ကွန်ဒုံးစွပ်လို့ မရတဲ့အတွက် အတူနေလို့ အရေပြားချင်း ထိတွေ့တဲ့အခါ ကူးနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် လတ်တလောမှာ လိင်အင်္ဂါရေယုန် ပေါက်နေရင် အတူနေတာကို ရှောင်သင့်ပါတယ်။

  • HPV ဗိုင်းရပ်စ်
  • HPV ဗိုင်းရပ်စ်တွေက လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တယ်ဆိုပြီး လူသိများကြပါတယ်။ ဗိုင်းရပ်စ် အမျိုးပေါင်း ၂၀၀လောက်ရှိပြီး ဗိုင်းရပ်စ်တချို့ကပဲ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတာပါ။ ကြွက်နို့ကလည်း ရေယုန်လိုမျိုးပဲ ကွန်ဒုံးမကာနိုင်တဲ့ ပေါင်ခြံ၊ ဆီးခုံလိုနေရာမျိုးမှာ ဖြစ်တတ်ပြီး အရေပြားချင်းထိရုံနဲ့တင် ကူးစက်နိုင်ပါတယ်။ နောက်ပြီး ကြွက်နို့မပေါ်ဘဲ HPV ဗိုင်းရပ်စ်ရှိရုံနဲ့တင်ကိုလည်း ကူးစက်နိုင်ပါတယ်။

    Molluscum ကလည်း ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး အရေပြားမှာ အဖုလေးတွေ ပေါက်တတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလည်း မဟုတ်သလို နာတာရှည်ပြဿနာလည်း ပေးလေ့မရှိပါဘူး။ အရေပြားမှာ အဖုလေးတွေ ပေါက်ရုံကလွဲပြီး ထူးထူးခြားခြား လက္ခဏာ မရှိပါဘူး။ ကလေးတွေမှာဆို အချင်းချင်း ကူးတတ်ပေမယ့် လူကြီးတွေမှာတော့ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။

    များသောအားဖြင့်တော့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် အရေပြားမှာ တွေ့ရတာ များပါတယ်။ ပိုးဝင်ပြီး ၂-၃လောက်နေမှ အရေပြားမှာ အဖုလေးတွေ ပေါ်လာတာပါ။ ယားပြီး တစ်ခါတလေ နာတတ်ပါတယ်။ မိန်းမကိုယ်အရေပြားမှာ ဖြစ်နေတဲ့အတွက် ကွန်ဒုံးကာကွယ်ပေးနိုင်တဲ့ အနေအထား မဟုတ်ပါဘူး။

    ဆစ်ဖလစ်က တစ်ခါတလေကျရင် မနာတဲ့ မာချပ်ချပ် အနာဝိုင်းလေးအနေနဲ့ တွေ့ရတတ်ပါတယ်။ အနာဖြစ်တဲ့နေရာကို ကွန်ဒုံးအုပ်နိုင်ခြေရှိမရှိ ဆိုတာပေါ်မူတည်ပြီး ကာကွယ်နိုင်သလားဆိုတာ ကွဲသွားပါတယ်။ လိင်တံမှာ ပေါက်နေရင်တော့ ကွန်ဒုံးစွပ်လိုက်ရင် အုပ်သွားမှာပါ။ တခြားနေရာဆိုရင်တော့ ထိတွေ့မိရင် ကူးနိုင်ခြေ ရှိပါတယ်။

    ဒါဆိုရင် ကွန်ဒုံးမသုံးသင့်ဘူးလား။

    ကွန်ဒုံးမကာကွယ်နိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါ တွေက အင်မတန်နည်းပါတယ်။ ဒီရောဂါတွေကို မကာကွယ်နိုင်လို့ဆိုပြီး ကွန်ဒုံးမသုံးရင် တခြားကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်နိုင်မှာ မဟုတ်တော့ပါဘူး။

    ကွန်ဒုံးတွေက လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ၉၈ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။  ဒီထဲမှာ HIVလို၊ အသည်းရောင် အသားဝါဘီလို ရောဂါတွေလည်း ပါတာကြောင့် ဆက်သုံးသင့်ပါတယ်။

    ဒါ့ပြင် စနစ်တကျ သုံးမယ်ဆိုရင် ကိုယ်ဝန်တားပြီးသားပါ ဖြစ်သွားပါတယ်။

    ကွန်ဒုံးနဲ့ မကာကွယ်နိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါ တွေကို ဘယ်လိုကာကွယ်ကြမလဲ။

    • လိင်မှုကိစ္စရှောင်ကြဉ်ပါ။

    စာတွေထဲမှာ ရေးထားတာကတော့ လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်ချင်ရင် လိင်ဆက်ဆံမှုကို လုံးဝရှောင်လိုက်ပါတဲ့။ ဒါကတော့ အိမ်ထောင်လုံးဝမပြုဘူး။ လိင်ဆက်ဆံမှု လုံးဝမလုပ်ဘူးဆိုရင်တော့ ဟုတ်တာပေါ့။ သာမန် အိမ်ထောင်ပြု သားမွေးလုပ်မယ့်သူတွေကျတော့ ဒီနည်းလမ်းက လက်တွေ့မကျလှပါဘူး။

    • လိင်ဆက်ဆံဖော် မများပါစေနဲ့။

    လိင်ဆက်ဆံဖော်များမယ်ဆိုရင်တော့ ရောဂါကူးနိုင်ခြေက ပိုများနိုင်ပါတယ်။ ဒါ့ပြင် တစ်ယောက်ဆီကနေ နောက်တစ်ယောက်စီကို ရောဂါဖြန့်နေသလိုလည်း ဖြစ်နိုင်ပါတယ်။

    • လက္ခဏာတွေကို သိထားပါ။

    လိင်အင်္ဂါရေယုန်၊ လိင်အင်္ဂါကြွက်နို့၊ Molluscum၊ ဆစ်ဖလစ် စတဲ့ ရောဂါတွေရဲ့ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။ များသောအားဖြင့် ဒီရောဂါတွေက အနာ၊ အဖု၊ အရည်ကြည်ဖု စတဲ့ လက္ခဏာတွေ ပြတတ်တာကြောင့် မိမိနဲ့ မိမိအဖော်ရဲ့ လိင်အင်္ဂါ၊ ပေါင်ခြံ၊ ဆီးခုံနဲ့ မိန်းမကိုယ်တစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့ အနာတွေ ရှိနေရင် လိင်မဆက်ဆံပါနဲ့။

    နောက်တစ်ခုသိထားရမှာက လက္ခဏာမပြပေမယ့် ကူးနိုင်ခြေ ရှိပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေက ပိုးဝင်တာနဲ့ တန်းပြီး လက္ခဏာပြတာ မဟုတ်ပါဘူး။ ရက်ပိုင်းကနေ လပိုင်းလောက်ထိ ကြာတတ်ပါတယ်။ တစ်ခါတလေ လုံးဝလက္ခဏာမပြတာလည်း ရှိပါတယ်။ ဒီလို လက္ခဏာမပြပေမယ့်လည်း ကူးသွားနိုင်ပါတယ်။ ဒါကတော့ တတ်နိုင်တဲ့အပိုင်း မဟုတ်တော့ပါဘူး။ ဒါဆိုရင်တော့ လက္ခဏာပြတာကို စောင့်ကြည့်ပြီး ကုသရုံပဲရှိပါတော့တယ်။

    # ဒီနေရာမှာ ကိုယ်တိုင် စစ်ဆေးကြည့်လိုက်ပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement