backup og meta

ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အလွဲများ

စုံတွဲတွေအနေနဲ့ အတူနေတဲ့အခါ ကိုယ်ဝန်လည်း မရချင်ဘူး။ သားဆက်ခြားနည်းတွေ အကာအကွယ်တွေလည်း မသုံးချင်ဘူးဆိုပြီး ရုပ်ရှင်တွေထဲမှာ ကြားဖူးတဲ့ နည်းလမ်းတွေ၊ ပုရိသတွေကြားမှာ အချင်းချင်းပြောထားတဲ့ နည်းတွေနဲ့ ကိုယ်ဝန်မရအောင် လုပ်လို့ရတယ်ဆိုပြီး ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ လွဲမှားစွာ သိထားမိနိုင်တဲ့ အချက်လေးတွေ ရှိနိုင်ပါတယ်။

ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အလွဲများ

ဒီတစ်ခေါက်တော့ ပုရိသတွေ သိထားတဲ့ ကိုယ်ဝန်ရရှိခြင်း၊ မရရှိခြင်း အယူအဆတွေမှာ ဘာတွေက လွဲမှားနေလဲဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း မှားနေတာရှိရင် အမှန်လေး ပြင်ပြီး မှတ်လိုက်ဦးစို့နော်။

ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အလွဲများ

ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အလွဲများ

ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားတာတွေက မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်ကြည့်လိုက်ကြပါဦး။

Myth 1 – ရေထဲမှာ လိင်ဆက်ဆံရင် ကိုယ်ဝန် မရနိုင်ဘူး။

မှားပါတယ်။ တကယ်ကတော့ ရေထဲမှာပဲ လိင်ဆက်ဆံဆက်ဆံ၊ ကုန်းပေါ်မှာပဲ အတူနေနေ ကိုယ်ဝန်ကတော့ ရနိုင်ပါတယ်။ ရေကူးကန် နဲ့ ရေနွေးစိမ်တဲ့ ကန်ထဲမှာ အတူနေမယ်ဆိုရင်လည်း ကိုယ်ဝန်ရနိုင်ခြေက လျော့သွားတာမျိုး မရှိပါဘူး။ မိန်းမကိုယ်ထဲကို သုက်လွှတ်တာနဲ့ ကိုယ်ဝန်ရနိုင်ခြေက ရှိပါတယ်။

တစ်ခုရှိတာက အတူမနေဘဲ ရေကူးကန်ထဲမှာ ဒီတိုင်း သုက်လွှတ်လိုက်တာကတော့ အကျုံးမဝင်ပါဘူး။ ဆိုလိုတာက အမျိုးသားတစ်ယောက်က ရေထဲမှာ သုက်လွှတ်လိုက်ရုံနဲ့ အတူကူးနေတဲ့ ဘေးနားက အမျိုးသမီးတွေကို ကိုယ်ဝန်မရစေနိုင်ပါဘူး။ သုက်ကောင်လေးတွေက ခန္ဓာကိုယ်ပြင်ပမှာ အကြာကြီး အသက်မရှင်နိုင်ပါဘူး။

Myth 2 – အတူနေပြီးတဲ့အခါ ခုန်မယ်ဆိုရင် သုက်ပိုးက မိန်းမကိုယ်ထဲကနေ အပြင်ကို ထွက်ကျလာလိမ့်မယ်။

မှားပါတယ်။ အတူနေပြီးချိန်မှာ ဘယ်လောက်ပဲ ခုန်ခုန် သုက်ပိုးက မိန်းမကိုယ်ထဲကနေ ထွက်ကျလာတာမျိုး မရှိပါဘူး။ ခုန်တဲ့ ဘုတ်ပြားပေါ်မှာ ခုန်ရင်တောင် ကိုယ်ဝန်ရရှိမှုကို မတားဆီးနိုင်ပါဘူး။

Myth 3 – ပြင်ပမှာ သုက်လွှတ်ရင် ကိုယ်ဝန် မရနိုင်ဘူး။

ဒီနည်းလမ်းက ကိုယ်ဝန်ရနိုင်ခြေ နည်းတယ်ဆိုပေမယ့် သုက်လွှတ်ချိန်ကို အတိအကျ မှန်းဖို့ ခက်သလို သုက်မလွှတ်ခင်မှာ ထိန်းချုပ်နိုင်မယ်လို့ တထစ်ချ မဆိုနိုင်ပါဘူး။ မတော်တဆဆိုတဲ့ အခြေအနေကြောင့် ကိုယ်ဝန်ရရှိနိုင်ပါတယ်။

Myth 4 – ရုပ်ရှင်တွေထဲမှာ ပြောကြသလို အမျိုးသမီးကို အပေါ်မှာ နေစေပြီး လိင်ဆက်ဆံတာက ကမ္ဘာမြေရဲ့ ဆွဲအားကြောင့် ကိုယ်ဝန် မရနိုင်ဘူး။

ရုပ်ရှင်တွေထဲမှာ ပါသမျှကို အလုံးစုံ မှန်တယ်လို့ မယူဆပါနဲ့။ အမျိုးသမီးကို အပေါ်မှာ ထားပြီး လိင်ဆက်ဆံတဲ့အခါ ကမ္ဘာမြေရဲ့ ဆွဲအားကြောင့် သုက်ပိုးတွေက မမျိုးဥတွေဆီကို ရောက်ရှိအောင် မကူးခတ်နိုင်တာကြောင့် ကိုယ်ဝန် မရနိုင်ဘူးဆိုတာ မဟုတ်ပါဘူး။ သုက်ပိုးတွေက အထက်ကို ဆန်ပြီးလည်း ကူးခတ်နိုင်ပါတယ်။

Myth 5 – အရက်က သုက်ပိုးတွေကို သေစေနိုင်တာကြောင့် ကိုယ်ဝန် မရနိုင်ဘူး။

အရက်သောက်ထားသည် ဖြစ်စေ၊ မူးယစ်စေတတ်တဲ့ သောက်စရာတစ်မျိုးမျိုးကို သောက်ထားသည် ဖြစ်စေ မျိုးအောင်နိုင်စွမ်း အပေါ်မှာ သက်ရောက်မှု မရှိပါဘူး။ အရက်သောက်ထားတာကြောင့် ကိုယ်ဝန် မရနိုင်တာမျိုး မရှိပါဘူး။

Myth 6 – ပထမဆုံးအကြိမ် ဆက်ဆံမှုက ကိုယ်ဝန် မရနိုင်ဘူး။

သားဥကြွေချိန်နဲ့သာ ကိုက်ညီနေမယ်ဆိုရင် ပထမဆုံး အကြိမ်မှာမှ မဟုတ်ပါဘူး။ ၁၀၁ ကြိမ်မြောက် ဆက်ဆံရင်လည်း ကိုယ်ဝန်ကတော့ ရမှာပါပဲ။ ကိုယ်ဝန်မရရှိအောင် ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ အတူမနေတာပါပဲ။

Myth 7 – အတူနေပြီးချိန်မှာ မိန်းမကိုယ် အတွင်းပိုင်းထဲအထိ ဆေးကြောသန့်စင်မှုက ကိုယ်ဝန် မရနိုင်ဘူး။

ဒီအယူအဆက မှားနေပါတယ်။ အတူနေပြီးချိန်မှာ ဆီးသွားတာ၊ မိန်းမကိုယ်ကို ဆေးကြောတာ၊ မိန်းမကိုယ်ကို အတွင်းပိုင်းထဲအထိ ဆေးကြောသန့်စင်တာက ကိုယ်ဝန်ရရှိမှုကို မတားဆီးနိုင်ပါဘူး။

ကဲ ……. ပုရိသတွေ သိထားတာတွေထဲမှာ ဘယ်နှခုလောက်များ လွဲနေလဲ။ အဖြေမှန်လေးကို သေချာသိရှိပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိမှုတွေကို တားဆီးလိုက်ပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Contraception Myths https://my.clevelandclinic.org/health/articles/9137-contraception-myths Accessed Date 8 December 2021

Myths and Truths About Preventing Pregnancy https://www.choicespregnancy.org/sexual-health/pregnancy-education/myths-and-truths/ Accessed Date 8 December 2021

ယခုပုံစံ

15/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သုက်လွှတ်စောခြင်း ဖြစ်နေပါသလား။ ဒါကို ဘယ်လို ကုသမလဲ။

လိင်ဆက်ဆံမှုတစ်ခု အတွက် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/02/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။