သုက်ပိုးတွေ ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာ အသက်ရှင်နိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 26, 2020 . 2 mins read
Share now

အမျိုးသားရဲ့ လိင်အင်္ဂါက လိင်စိတ်ဆန္ဒပြီးမြောက်ပြီးနောက် သုက်လွှတ်ပါတယ်။ နေရာဒေသနဲ့ အခြေအနေပေါ် မူတည်ပြီး သုက်ပိုးတွေဟာ ပြင်ပက လေနဲ့ ထိတွေ့မိတဲ့အခါ အနှေးနဲ့ အမြန် သေဆုံးပါတယ်။ လေထုဟာ သုက်ပိုးတွေကို ခြောက်သွေ့စေတဲ့ အကြောင်းရင်းကြောင့် အဓိက သေဆုံးရခြင်း ဖြစ်ပါတယ်။

တစ်ကိုယ်ရေ အာသာဖြေပြီးနောက် အဝတ်အစား သို့မဟုတ် အရာဝတ္ထု တစ်ခုခုပေါ် သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်ခြောက်သွားတာနဲ့ သုက်ပိုးတွေသေသွားနိုင်ပါတယ်။

အမျိုးသမီးရဲ့ ယောနိ အင်္ဂါထဲ သုက်လွှတ်ပြီးနောက် သုက်ပိုးတွေဟာ သားအိမ်အတွင်းမှာ ၅ရက်ထိ ကြာအောင် အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ရာသီလာနေစဉ် အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်ရနိုင်ခြေ ရှိတယ်လို့ ဆရာဝန်တွေက ပြောကြတာ ဖြစ်ပါတယ်။ ရာသီစက်ဝန်း ပြီးတဲ့နောက် သားအိမ်အတွင်း သားဥတည်တဲ့အခါ မသေသေးတဲ့ သုက်ပိုးကောင်လေးတွေ ရှိရင် မျိုးပွားနိုင်ပြီး ကိုယ်ဝန်ရတတ်ပါတယ်။

မိန်းမကိုယ်အနီး သုက်ရည်ရှိတဲ့အခါ ကိုယ်ဝန်ရတတ်လား။

ဖြစ်နိုင်ခြေ နည်းပေးမယ့် ရနိုင်ပါတယ်။ ပြင်ပလေထုကြောင့် သုက်ပိုးဟာ ခြောက်သွေ့ပြီး မသေခင်အထိ အချိန်တစ်ခု ကြာအောင် အသက်ရှင်နိုင်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံတာဖြစ်စေ၊ လိင်ဆက်ဆံပြီးနောက် သုက်ရည်ကို မိန်းမကိုယ် အပြင်ဘက်မှာ စွန့်ထုတ်ခဲ့တာဖြစ်စေ၊ စအိုဝဖြင့် လိင်ဆက်ဆံပြီး သုက်လွှတ်တာဖြစ်စေ၊ သုက်ပိုးဟာ ရှင်နေသေးသရွေ့ သားအိမ်အတွင်းသို့ ရောက်ရှိပြီး မျိုးအောင်နိုင်ပါတယ်။ သုက်ပိုးတွေဟာ အေးပြီး စိုစွတ်တဲ့ နေရာတွေကို ပိုပြီး ကြိုက်တာကြောင့် မိန်းမကိုယ်တစ်ဝိုက်မှာ စိုစွတ်နေမယ်ဆိုရင် အချိန်ကြာကြာ အသက်ရှင်နိုင်ပါတယ်။

ရေပူစိမ်နေရင်း သုက်လွှတ်မိတဲ့အခါ ကိုယ်ဝန်ရနိုင်လား။

တချို့နိုင်ငံတွေမှာ ရေပူစမ်း စိမ်နေရင်းဖြစ်စေ၊ ရေချိုးကန်ထဲမှာ ရေပူနဲ့ စိမ်နေတဲ့အခါ ကိုယ့်ရဲ့ ချစ်သူ သို့မဟုတ် သူစိမ်းယောက်ျားလေးတစ်ယောက် သုက်လွှတ်မိရင် ကိုယ်ဝန်မရနိုင်ပါဘူး။ ပူလွန်းတဲ့ ရေအပူချိန်အပြင် ရေထဲမှာ ရှိနေတဲ့ ဆပ်ပြာ၊ ကလိုရင်းအစရှိတဲ့ ဓာတုဗေဒပစ္စည်းတွေဟာ သုက်ပိုးတွေကို စက္ကန့်ပိုင်းအတွင်း သေသွားစေနိုင်ပါတယ်။

ရေပူမဟုတ်ပဲ ရေကျက်နွေးဆိုရင်တောင် မိနစ်အနည်းငယ်ထိသာ အသက်ရှင်နိုင်ပါတယ်။ သုက်ပိုးရဲ့ ကျန်းမာရေးနဲ့ ရွေ့လျားနိုင်စွမ်းပေါ် မူတည်ပြီး မိန်းမကိုယ်အတွင်းသို့ ဝင်နိုင်ခြေ အနည်းနဲ့ အများတော့ ရှိပါတယ်။

Spermicide တွေဟာ သုက်ပိုးတွေကို သေစေနိုင်လား။

ကွန်ဒုံးနဲ့ဖြစ်စေ၊ ကွန်ဒုံးမပါပဲဖြစ်စေ သန္ဓေတားတဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းဖြစ်ပါတယ်။ ခရင်မ်၊ ဂျယ်လ်၊ အမြှုပ်၊ သားအိမ်၊ မိန်းမကိုယ်ထဲ သွင်းတဲ့ ပစ္စည်း၊ ဆေးတောင့်ဆိုပြီး ပုံစံအမျိုးမျိုး ရှိပါတယ်။ သူ့ရဲ့ အဓိကတာဝန်ကတော့ သုက်ပိုးတွေကို သားအိမ်ထဲ မရွေ့သွားစေဖို့ ထိန်းချုပ်ပေးတာ ဖြစ်ပါတယ်။ သုက်ပိုးတွေကို မသေစေနိုင်ပါဘူး။

မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုမယ်၊ အမျိုးသားကလည်း ကွန်ဒုံးစွပ်ပြီး လိင်ဆက်ဆံမယ်ဆိုရင် ၉၈ ရာခိုင်နှုန်းအထိ ကိုယ်ဝန်ကို တားဆီးပေးနိုင်ပါတယ်။ spermicide ပါဝင်တဲ့ အမျိုးသမီးသုံး ကွန်ဒုံးတွေမှာဆိုရင် ၇၀ မှ ၉၀ ရာခိုင်နှုန်းထိ ကိုယ်ဝန်တားပေးနိုင်ပါတယ်။

သုက်ကောင်ရဲ့ ကျန်းမာရေးကို ဘယ်အရာတွေက ထိခိုက်စေနိုင်လဲ။

၁။ စိတ်ဖိစီးမှု

၂။ လွန်ကဲတဲ့ အပူချိန်

၃။ တချို့သော ဆေးဝါးတွေ

၄။ အစာအာဟာရ မပြည့်ဝမှု

၅။ ဆေးလိပ်၊ အရက် သောက်သုံးခြင်း

၆။ ကျပ်နေတဲ့ ဘောင်းဘီ၊ အတွင်းခံဘောင်းဘီ အမြဲဝတ်ဆင်ခြင်း

၇။ မကြာခဏ ရေပူဖြင့် ရေချိုးခြင်း၊ ရေစိမ်ခြင်းကြောင့် သုက်ကောင်ရဲ့ ကျန်းမာရေး၊ ရွေ့လျားနိုင်စွမ်းနဲ့ မျိုးအောင်ခြင်းကို သွားပြီး ထိခိုက်နိုင်ပါတယ်။

ယေဘုယျအားဖြင့် သုက်ပိုးတွေဟာ စွန့်ထုတ်လိုက်တဲ့ နေရာနဲ့ အခြေအနေပေါ် မူတည်ပြီး အသက်ရှင်နိုင်စွမ်း ကွာခြားနိုင်ပါတယ်။ သုက်ပိုးတွေဟာ အေးမြပြီး စိုစွတ်တဲ့ နေရာမှာ ပိုပြီး ရွေ့လျားနိုင်တယ်။ ပူပြင်းလွန်းတဲ့ အပူချိန်အောက်မှာ အကြာကြီး မနေနိုင်ပါဘူး။ မိန်းမကိုယ်အထဲမှာ သုက်လွှတ်မိရင်တော့ သားဥနဲ့ မျိုးပွားဖို့ မိနစ်အနည်းငယ်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။ သုက်ပိုးကျန်းမာပြီး မျိုးအောင်ဖို့အတွက်ဆိုရင်တော့ ကိုယ့်ရဲ့ နေပုံထိုင်ပုံနဲ့ အစာအာဟာရကို သေချာဂရုစိုက်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

P-Shot ဆိုတာက သွေးတွင်း platelet-rich plasma (PRP) ကိုရယူပြီး လိင်အင်္ဂါဆီ ထိုးသွင်းတာပါ။ ဒီနည်းဟာ လိင်အင်္ဂါ ပိုဖွံ့ထွားစေပြီး စွမ်းဆောင်ရည်း မြင့်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအကြောင်း တစေ့တစောင်း

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးက လူတစ်ယောက် ကျန်းမာဖို့အတွက် အတော်လေး ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

COVID-19 က အမျိုးသားတွေကို ပိုပြီး ထိခိုက်စေနိုင်မလား။

COVID-19 က အမျိုးသားတွေမှာ ပိုဖြစ်နိုင်သလား။ အမျိုးသားတွေ ကြားထဲမှာ ဖြစ်နှုန်းတွေ၊ သေနှုန်းတွေ များနေတာ၊ နောက်ဆက်တွဲတွေ ခံစားရတာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19 ကြောင့် ညိုးနွမ်းသွားနိုင်တဲ့ အမျိုးသားတို့ဘဝ

COVID-19 ရဲ့ ကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့ အမျိုးသားတွေမှာ လိင်တံမထောင်မတ်တာကို တွေ့လာရပါတယ်။ ကိုဗစ်ကြောင့်လား တခြားကြောင့်လားဆိုတာ ဆက်လက်လေ့လာရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အမျိုးသားတွေရော ချဉ်ခြင်းတပ် ကြသလား

အမျိုးသားတွေရော ချဉ်ခြင်းတပ် ကြသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read