backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆီးလမ်းကြောင်းနာကျင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးလမ်းကြောင်းနာကျင်ခြင်း

ဆီးလမ်းကြောင်းနာကျင်ခြင်း ကို အမျိုးသားရော အမျိုးသမီးပါ ခံစားရနိုင်ပြီး နေရထိုင်ရ ခက်စေတာကတော့ အမှန်ပါ။ အခုတစ်ခေါက်တော့ ဆီးလမ်းကြောင်း နာကျင်ခြင်း ဆိုတာ ဘာလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ဆီးလမ်းကြောင်းနာကျင်ခြင်း (dysuria) ဆိုတာ ဘာလဲ?

dysuria ဆိုတာ ဆီးလမ်းကြောင်း နဲ့ပတ်သက်ပြီး တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ မသက်မသာ ခံစားရတာကို ဆိုလိုတာပါ။

  • ဘယ်သူတွေက ဆီးလမ်းကြောင်း နာကျင်မှုကို ခံစားရပါမလဲ?

အသက်အရွယ် ကျား၊ မ မရွေး လူတိုင်းတော့ ဆီးလမ်းကြောင်းနာကျင်ခြင်း ဖြစ်ဖူးပါတယ်။ အမျိုးသမီးတွေ ကတော့ ပိုအဖြစ်များ ပါတယ်။ သူတို့က ဆီးလမ်းကြောင်း ပိုးဝင်ဖို့ ပိုလွယ်ကူလို့ ပါ။ ပြီးတော့ ကိုယ်ဝန်ဆောင် မိန်းမတွေ နဲ့ ဆီးချို ရှိတဲ့ သူတွေမှာလည်း အဖြစ်များ ပါတယ်။

  • ဆီးလမ်းကြောင်းနာကျင်မှုကို ဖြစ်စေတဲ့ တရားခံက ဘာပါလဲ?

အကြောင်းရင်း ကတော့ အမျိုးမျိုး ရှိပါတယ်။ အများစု ကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း နဲ့ မိန်းမအင်္ဂါ ပိုးဝင်ခြင်း ရောင်ရမ်းခြင်းတို့ပဲ ဖြစ်ပါတယ်။

ရောင်ရမ်း စေတာတွေ ကတော့ လိင်ဆက်ဆံခြင်း၊ တားဆေး အသုံးပြုခြင်း၊ ဆပ်ပြာ သို့မဟုတ် မိန်းမကိုယ် ဆေးတဲ့ ခရင်မ်တွေနဲ့ ဓါတ်မတည့်ခြင်း စသဖြင့် ရှိပါတယ်။

တကယ်လို့ အမျိုးသား တစ်ယောက်က ဆီးလမ်းကြောင်း ခဏခဏ နာကျင် နေမယ်ဆိုရင် ပိုးဝင်တာ သာမက ရောဂါ တစ်ခုခုပါ ဖြစ်နိုင်ပါတယ်။

ဒီလို အခြေအနေမျိုးအတွက် သေချာလေး စစ်ဆေးပြီး ကုသမှု ခံယူဖို့ လိုမှာပါ။

  • ဘယ်လိုကုသမလဲ?

နာကျင်မှု level ကို မူတည်ပြီးတော့ လူနာ တစ်ယောက်ချင်းစီ အလိုက် ကုသပေး ရမှာ ဖြစ်ပါတယ်။ အများအား ဖြင့်တော့ ပိုးသတ်ဆေးကို အသုံးပြုကြ ပါတယ်။

ရောင်ရမ်းမှုများ ကိုလည်း သက်သာအောင် irretants တွေ အသုံးပြု ကုသမှု ပေးပါတယ်။ ဆီးသွားနေစဉ် နာကျင်မှုကို လျော့ချပေးဖို့ အဆင့်တွေ အများကြီး လိုက်နာ ဆောင်ရွက် ရပါမယ်။

နေ့တိုင်း ရေ များများ သောက်ပါ။ ဆေးကုသမှု ကိုလည်း စနစ်တကျ ခံယူပါ။

လိင်ဆက်ဆံပြီး နာကျင်မှုဟာ စိတ် မကျေနပ်မှုကို ဖြစ်စေပါတယ်။ တကယ်လို့ အပေါ်မှာ ပြောထားတဲ့ ရောဂါ အခြေအနေတွေ တွေ့ရင်တော့ ဘာမှ မစိုးရိမ် မတုံ့ဆိုင်းမနေဘဲ ဆရာဝန်နဲ့ အမြန် ကုသမှု ခံယူပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement