backup og meta

HIVရောဂါရှိနေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီမလဲ။


Dr. Khin Yin Kyay မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIVရောဂါရှိနေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီမလဲ။

    တကယ်လို့သင့်သူငယ်ချင်းထဲက တစ်ယောက်ယောက်ဟာ HIVရောဂါပိုးရှိတယ်လို့ ဆေးစစ်ပြီး သိရတဲ့အခါ သူတို့ဟာအရမ်းကို စိတ်လှုပ်ရှားပြီး စိုးရိမ်ပူပန်နေပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဦးတည်းသီးခြားနေနိုင်ပြီး အလွန်ကြောက်ရွံ့ စိုးရိမ်နေပါလိမ့်မယ်။ ဒီလိုအချိန်မှာသင်ဟာ သူတို့အတွက် ယုံကြည်စိတ်အချရဆုံးနှင့် ရင်ဖွင့်စရာ သူငယ်ချင်း အဖော်ကောင်း တစ်ယောက်အဖြစ် သင်ရှိနေနိုင်ပါတယ်။ သို့သော်တကယ်လို့ သင်ဟာ သူတို့ကိုကောင်းကောင်းမကူညီနိုင်ဘူးဆိုရင်တော့ သင်လုပ်ပေးသမျှတွေက သူတို့ကိုပိုပြီးထိခိုက်စေ စိတ်ဓါတ်ကျစေတာလည်း ဖြစ်စေနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်တစ်ချို့က သင်ဟာ သင့်ရဲ့ HIV ရောဂါပိုးရှိတဲ့ သူငယ်ချင်းကို ကူညီပေးနိုင်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။

    မိမိကိုယ်ကို မိမိယုံကြည်မှုရှိခြင်းဟာ အကောင်းဆုံးဆိုတာကို သတိရအောင် ပြောပြပေးပါ။

    သင့်သူငယ်ချင်းဟာ သူရဲ့ရောဂါအကြောင်းကို သင့်ကို ဖွင့်ပြောလာပါက ဒါဟာ သင့်ကို အယုံကြည်ဆုံးမို့လို့ပြောပြခြင်း ဖြစ်ပါတယ်။ သူတို့ဟာ သူတို့မယုံကြည်ရတဲ့သူတွေအကြောင်းကိုလည်း သင့်ကိုပြောပြနိုင်ပါတယ်။ သင့်သူငယ်ချင်းဟာ သူရဲ့ရောဂါအကြောင်းကို ဖွင့်ဟပြောဆိုမယ့်လူကို သူကိုယ်တိုင်ပဲရွေးချယ်ရတာဖြစ်ပါတယ်။ ဒါကြောင့်သင့်ကိုသာ ဖွင့်ပြောလာခဲ့မယ်ဆိုရင် သင်ဟာ ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့ အရမ်းအရေးကြီးပါတယ်။ တာဝန်ရှိပါတယ်။ တကယ်တော့ HIV ပိုးအကြောင်းကို လူတချို့ဟာ မှားယွင်းယုံကြည်ထားကြဆဲဖြစ်ပါသလို မှားယွင်းနားလည်ထားကြဆဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ တကယ်လို့ အခြားသူတစ်ယောက်ကို ရောဂါဖြစ်နေတဲ့ သူငယ်ချင်း အကြောင်းပြောတော့မယ်ဆိုရင်တောင် ထို သူငယ်ချင်းနှင့် အရင်ဆွေးနွေးပြီးမှ ပြောဖို့လိုအပ်ပါတယ်။ ဒီလိုမလုပ်ခဲ့ရင် သင့်သူငယ်ချင်းကို ရောဂါကနှိပ်စက်တာထက် သင်ကပိုပြီးဒဏ်ရာပေးသလိုဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့သူငယ်ချင်းသံယောဇဉ်ဟာလည်း ပျက်စီးသွားနိုင်ပါတယ်။

    အနားမှာရှိပေးပြီး အားပေးကူညီပါ။

    သင့်သူငယ်ချင်းဟာ HIV ရောဂါပိုးနှင့် ကြုံတွေ့ရတဲ့အခါမှာ ဖိအားအတော်များများ ခံစားနေရမှာဖြစ်ပါတယ်။ ဒီလိုဖိအားတွေဟာ ဆေးစစ်ချက်အဖြေ စသိရတဲ့ ပထမအဆင့်တွေမှာ ပိုပြီးတွေ့ကြုံခံစားရပါတယ်။ ဒီလိုအချိန်ဟာ သင့်သူငယ်ချင်း ဘေးမှာ သင့်အမြဲရှိနေဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ သူတို့ကို သင်လုပ်ပေးနိုင်တဲ့ အရာကတော့HIVရောဂါပိုးဆိုတာ သေမိန့်ချတာ မဟုတ်ဘူးဆိုတာကို အကောင်းဘက်ကမြင်နိုင် ဖို့အတွက် လမ်းညွှန်ပေးရမှာ ဖြစ်ပါတယ်။ ဒီရောဂါဟာ လုံးဝ ပျောက်ကင်းနိုင်တဲ့ ရောဂါမဟုတ်ပေမယ့် ကုသလို့ ရနိုင်တယ်ဆိုတာကို ပြောပြပေးရမှာဖြစ်ပါတယ်။ သင်ဟာ သင့်ရဲ့ သူတို့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ပြသသင့်ပါတယ်။ ဒါအပြင် သူတို့မှာ ဒီရောဂါရှိနေလည်း သင်ဟာသူတို့ အပေါ်မှာ ဂရုစိုက်မှု မပျက်ယွင်းဘူးဆိုတာကို သူတို့သိပါစေ။ ထိုသို့သိအောင် ပြုလုပ်ခြင်း အားဖြင့် သူတို့ကို အများကြီး ကူညီရာ ရောက်ပါလိမ့်မယ်။

    သူတို့အတွက် ပို၍အသေးစိတ်ကျပြီး လက်တွေ့ဆန်တဲ့ ကူညီအားပေးထောက်ပံ့မှုမျိုးကို ပြုလုပ်ပါ။

    သင်ဟာဒီလိုမျိုး သူတို့တွက်လိုအပ်တဲ့ အရေးကြီးတဲ့အရာတွေကို လုပ်ပေးနိုင်လေလေ သူတို့အတွက် ကောင်းလေပဲ ဖြစ်ပါတယ်။ တကယ်လို့ သူတို့ဟာ ဆေးကုသမှု ခံယူနေရလို့ ကျောင်းပျက် တာမျိုး ဖြစ်ခဲ့မယ်ဆိုရင် အိမ်စာ စာအုပ်များကို သူတို့ရဲ့ အိမ်ကို ယူလာပြီး ကူညီပေးနိုင်ပါတယ်။ တကယ်လို့ သင့်သူငယ်ချင်းဟာ ဖျားနာတဲ့အတွက်ကြောင့် အိမ်မှာပဲနေဖို့လိုအပ်မယ်ဆိုရင် လူမှုကွန်ရက်တွေကနေ တစ်ဆင့်အခြားသော ကျောင်းတက်ဖော် သူငယ်ချင်းတွေနဲ့ ထိတွေ့ပြောဆိုနိုင်ရန် ကူညီပေးသင့်ပါတယ်။ သင့်သူငယ်ချင်းဆီသို့ အလည်သွားမယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါတိုင်း ရယ်စရာ ဟာသစာအုပ်တွေ ပျော်စရာ ဂိမ်းတွေ ၊ ဟာသ ရုပ်ရှင် တွေ ထူးထူးဆန်းဆန်း အရုပ်လေးတွေ သို့မဟုတ် သူငယ်ချင်းပျော်ရွှင်မယ်လို့ ထင်တဲ့အရာတွေ စတာတွေကို ယူသွားဖို့ မမေ့ပါနဲ့။

    သင့်သူငယ်ချင်းရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးပါ။

    သင့်သူငယ်ချင်းဟာ မဝံ့မရဲ ဖြစ်ပြီးသ့ူရဲ့ရောဂါအကြောင်းကို အခြားအတန်းဖော် သူငယ်ချင်းများ သိသွားမှာကို မလိုလားဘဲ ခံစားရတာဟာ သဘာဝပဲဖြစ်ပါတယ်။ ဒီလိုအရာတွေက သူ့ကို ဖိအားတွေဖြစ်စေပြီး စိတ်ဖိစီးမှုတွေအများကြီးလည်း ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု ဖြစ်ခြင်းဟာ သူရဲ့ ခုခံအားစနစ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ပါတယ်။ ဒီအခါမှာ စိုးရိမ်ပူပန်တဲ့ရောဂါနှင့် စိတ်ကျရောဂါ စတဲ့စိတ်ဖိစီးမှု ဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင်ဟာသူတို့အတွက် တစ်ဦးတည်းသော ခံစားမှုချက်များ ဖွင့်ဟပြောဆိုဖော် သူငယ်ချင်းဖြစ်တယ်ဆိုတာ သိဖို့အရမ်းအရေးကြီးပါတယ်။ တကယ်လို့ သင့်သူငယ်ချင်းဟာ စိတ်ဖိစီးမှုထဲမှာအတော်ကို နစ်မြုပ်နေတယ်လို့ မြင်ရတဲ့အခါမှာ သင့်သူငယ်ချင်းဘယ်လို ခံစားနေရလဲ ဆိုတာကို မေးမြန်းဖို့ ဝန်မလေးပါနဲ့။ ဒါ့အပြင် နှစ်ယောက်တည်း ရှိတဲ့အခါမှာ HIVရောဂါပိုးရှိနေတာ သူခု ဘယ်လိုခံစားနေရလဲ၊ ဘယ်လိုမျိုး ဖြစ်နေလဲ ဆိုတာကို မေးမြန်းဖို့ရာ ဝန်မလေးပါနဲ့။ သင့်သူငယ်ချင်းဟာ သင့်အပေါ်မှာရှက်ရွံ့ပြီး မပြောချင်တာမျိုး ဖြစ်လာတဲ့ ခေါင်းစဉ်အကြောင်းအရာတွေကိုလည်း ရှောင်ရှားဖို့ရာ သင့်မှာ အာရုံစိုက်ပေးဖို့ တာဝန်ရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement