အရေးပေါ်တားဆေးနဲ့ ပတ်သက်ပြီး သတင်းအမှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2020 . 2 mins read
Share now

အမျိုးသမီးတော်တော်များများက ကိုယ်ဝန်မတားတတ်ကြဘူးလို့ ပြောရင် မယုံမရှိပါနဲ့။ ရည်းစားနဲ့ အတူနေမိလို့ပဲဖြစ်ဖြစ်၊ အိမ်ထောင်ကျပြီးလို့ပဲ ဖြစ်ဖြစ် သူတို့ ကိုယ်ဝန်မရအောင် မတားတတ်ကြပါဘူး။ အတူနေခြင်း မနေခြင်းဟာ ကိုယ်ပိုင်ဆန္ဒဖြစ်သလို မလိုချင်ဘဲ ကိုယ်ဝန်မရသွားအောင်လည်း အပြည့်အဝ တားပိုင်ခွင့်ရှိပါတယ်။

ဒီနေရာမှာ အရေးပေါ်တားဆေးက စကားပြောလာပါပြီ။ ခုခေတ်မှာ နည်းနည်းပါးပါး နားလည်လာကြတော့ အတူနေပြီးလို့ ကိုယ်ဝန်မလိုချင်ရင် ဆေးသောက်ရမယ်ဆိုတာလောက်တော့ နားလည်လာကြပါပြီ။ ဒီမှာ ဆေးသွားဝယ်တဲ့အခါကျတော့ ဘာအခက်အခဲတွေ ကြုံရသလဲဆိုတော့ လူကို နှိမ်သလိုလို ကြည့်တာပါပဲ။

ဆေးလာဝယ်တဲ့သူတွေထဲမှာ လက်မထပ်ခင် နှစ်ဦးသဘောတူ အတူနေတာလည်း ပါမယ်။ ပုံမှန် သုံးနေကြ တားဆေးသောက်ဖို့ မေ့သွားလို့ ဒါမှမဟုတ် ကွန်ဒုံးပေါက်သွားလို့ အရေးပေါ်တားဆေး လိုတဲ့သူလည်း ပါမယ်။ ဆိုလိုတာက အရေးပေါ်တားဆေးလာဝယ်တဲ့သူကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေတဲ့အတွက် ဝယ်ရပြုရ အဆင်ပြေမှာ မဟုတ်ပါဘူး။

အရေးပေါ်တားဆေးရဲ့ လိုရင်းက မလိုချင်တဲ့ ကိုယ်ဝန်မရအောင် တားဖို့ပါ။ ဒီလို အခက်အခဲတွေရှိနေတဲ့အပြင် ခုဆက်ပြောမယ့် သတင်းအမှားတွေကြောင့်လည်း အရေးပေါ်တားဆေးကို သုံးဖို့ အဟန့်အတား ဖြစ်လာပါတယ်။

အရေးပေါ်တားဆေးနဲ့ ပတ်သက်ပြီး သတင်းအမှားများ

  • အရေးပေါ်တားဆေး စွဲသောက်ရင် မြုံတတ်တယ်။

တစ်ခါက ကင်ညာနိုင်ငံမှာ လွှင့်သွားတဲ့ BBCက သတင်းတစ်ပုဒ်မှာ အရေးပေါ်တားဆေးတွေက ရေရှည်မှာ မြုံတတ်တယ်။ တခြားတားဆေးတွေလိုပဲ သွေးခဲတာ၊ ကင်ဆာတွေ ဖြစ်နေနိုင်တယ်ဆိုပြီး ပါလာပါတယ်။ ပိုဆိုးတာက ဒီသတင်းက တော်တော်ပြန့်သွားတာပါ။ နဂိုတည်းကမှ တားဆေးဆို လက်တွန့်နေတဲ့ နိုင်ငံမှာ ဒီသတင်းထွက်လာတာက သားဆက်ခြား ကျန်းမာရေးတို့၊ မလိုချင်တဲ့ ကိုယ်ဝန်တားဆီးရေးတို့ကို အများကြီး ထိခိုက်စေပါတယ်။

WHOကတော့ ဒါဟာ ခိုင်မာတဲ့ သတင်းမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် ခုထက်ထိ တချို့မှာ ဒီအစွဲတွေ ရှိနေပါသေးတယ်။ အရေးပေါ်တားဆေးတွေက ကိုယ်ဝန်မရအောင်ပဲ တားပေးတာပါ။ လူကို မမြုံစေပါဘူး။ သူပြောသလို သွေးခဲတာတွေ၊ ကင်ဆာတွေလည်း မဖြစ်စေပါဘူး။ သားအိမ်ကိုလည်း မထိခိုက်ပါဘူး။

သွေးခဲတတ်ပါတယ်ဆိုတဲ့ သမားရိုးကျ တားဆေးကတ်တွေတောင် နှစ်နဲ့ချီပြီးသောက်မှ ဖြစ်တာပါ။ ပြီးတော့ ဆရာဝန်တွေကလည်း သွေးခဲနိုင်ခြေရှိတဲ့ အမျိုးသမီးတွေကို တခြားနည်းနဲ့ သားဆက်ခြားခိုင်းပါတယ်။

ဒါဆို ဆရာဝန်တွေက ဘာဖြစ်လို့ အရေးပေါ်တားဆေးကို ခဏခဏ မသုံးခိုင်းတာလဲလို့ မေးစရာရှိပါတယ်။ အရေးပေါ်တားဆေးက အရေးပေါ်အခြေအနေမှာပဲ သုံးလို့ကောင်းတာပါ။ သူ့ရဲ့ သန္ဓေတားနိုင်စွမ်းက တခြား တားဆေးတွေထက် နည်းပါတယ်။ ဒါကြောင့် ခဏခဏအရေးပေါ်နေရင် အဆင်မပြေပါဘူး။ ခဏခဏအရေးပေါ်နေမယ်ဆိုရင်တော့ နှစ်ရှည်ခံတဲ့ တားဆေးသုံးတာက ပိုကောင်းပါတယ်။

တချို့က ကိုယ်ဝန်ရပြီးမှ ဖျက်ဆေးဆိုပြီး သောက်လာကြတယ်။ ဘာလဲဆိုတော့ အရေးပေါ်တားဆေးတွေ၊ တချို့ကလည်း ရာသီရက်ကျော်နေမှ အတူနေတုန်းက အရေးပေါ်တားဆေးသောက်လိုက်တယ်။ ခုရာသီက နောက်ကျနေတော့ မတော်တဆများ ကလေးရှိနေရင် ကလေးကို ထိခိုက်နိုင်လားဆိုပြီး လာမေးကြတယ်။

အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင်ဘဲ တားပေးတာပါ။ ရပြီးသားကိုယ်ဝန်ကို မပျက်စေပါဘူး။ ကိုယ်ဝန်ရှိတာကို မသိဘဲ သောက်လိုက်ရင်လည်း ကလေးကို ထိခိုက်သွားတယ်ဆိုတာမျိုး လေ့လာချက်တွေ ခုထက်ထိတော့ မရှိသေးပါဘူး။

  • ၃ရက်ကျော်သွားရင် အရေးပေါ်တားဆေး သောက်မရတော့ဘူး။

အရေးပေါ်တားဆေးက သဘောက စောစောသောက်လေ အာနိသင်ထိရောက်လေပါပဲ။ သောက်ဆေးအများစုကတော့ ၃ရက်အတွင်း သောက်ရပါတယ်။ ၅ရက်အထိ သောက်လို့ရတဲ့ ဆေးတွေလည်း ရှိပါတယ်။

ဒီတော့ ၃ရက်ကျော်သွားလို့လည်း စိတ်မပျက်ပါနဲ့။ ၅ရက်အထိ သောက်လို့ရတဲ့ ဆေးကို ဝယ်ရင်ဝယ် ဒါမှမဟုတ် သားအိမ်ထဲထည့်တဲ့ ပစ္စည်းကို သုံးပါ။ သူတို့တွေကတော့ ၅ရက်အထိ သုံးလို့ရသေးတာကြောင့် ၃ရက်ကျော်သွားလည်း  အားမလျှော့ပါနဲ့။

  • အရေးပေါ်တားဆေးသောက်ရင် ဆေးဒဏ်တွေ ခံရမှာ

အရေးပေါ်တားဆေးက သောက်ပြီးရင် ပျို့တာ၊ အန်တာ၊ ဗိုက်ထဲမအီမသာဖြစ်တာ၊ ရာသီရက်နောက်ကျတာ ဖြစ်တတ်ပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။ ဆေးသောက်တဲ့ လူတိုင်း ဖြစ်ကို ဖြစ်ရမယ် မဟုတ်ပါဘူး။ ပြီးတော့ ဒါက အပရိကပဲဖြစ်ပြီး မလိုချင်ဘဲ ကိုယ်ဝန်ဆောင်တာထက်စာရင် အများကြီး သက်သာပါသေးတယ်။

ဒါတွေကတော့ အရေးပေါ်တားဆေးနဲ့ ပတ်သတ်တဲ့ အတွေ့ရများတဲ့ သတင်းအမှားတွေပါပဲ။ သတင်းမှားတွေကြောင့် တားဆေးသောက်ရမှာ ကြောက်ရွံ့ပြီး မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ခဲ့ရင်၊ ဒီကိုယ်ဝန်ကို ဖျက်ချခဲ့ရင် ပိုပြီး အန္တရာယ်များပါတယ်။ ဒါကြောင့် သတင်းအမှားတွေကို မယုံကြပါနဲ့၊ သိချင်တာရှိရင် ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့ အကြံပေးလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သားအိမ်ထဲမှာ ကြိုး ပျောက်နေပြီဆိုရင်

ကြိုး သားအိမ် အရေးပေါ်တားဆေး အကာအကွယ်မပါ သားအိမ်ခေါင်း ရာသီလာ သားအိမ်ထဲထည့်တဲ့ပစ္စည်း ချမ်းတုန်ဖျား ပေါက်ထွက် ultrasound tampon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အမျိုးသားတွေအတွက် သန္ဓေတားရန် နည်းလမ်း (၄) ချက်

မလိုအပ်တဲ့ ကိုယ်ဝန်တွေမရစေဖို့အတွက် အမျိုးသမီးတွေမှာ လိင်မဆက်ဆံခင်နဲ့ လိင်ဆက်ဆံအပြီး ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပထမကလေးမွေးပြီးနောက်တစ်ကြိမ် ကိုယ်ဝန်ရရန် သင် ဘာကြောင့် ခက်ခဲနေတာလဲ

စုံတွဲများသည် မိသားစုတွင် ကလေးတစ်ယောက်ထက် ပိုလိုချင်ကြသည်။ သို့သော် တစ်ခါတစ်ရံတွင် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. K Zin Thwe

မြုံခြင်း၏ အင်္ဂါရပ်များ

မြုံခြင်း သန္ဓေတည်ခြင်း မျိုးဥကြွေခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr.Thant Zin
အမျိုးသမီး ကျန်းမာရေး ဖေ‌ဖော်ဝါရီ 15, 2018 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
ကိုဗစ်ကာလမှာ တားဆေးထိုး ဖို့ အခက်အခဲရှိတယ်ဆိုရင်

ကိုဗစ်ကာလမှာ တားဆေးထိုး ဖို့ အခက်အခဲရှိတယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read

လိင်ပညာပေး နဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020 . 3 mins read
လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020 . 2 mins read