ဒါကလည်း အဆုံးစီရင်တာနဲ့ ပတ်သက်ပြီး လူတွေ အထင်မှားနေတဲ့ ကိစ္စ တစ်ခုပါ။ အဆုံးစီရင်တော့မယ်လို့ စိတ်ပိုင်းဖြတ်ထားသူတွေဟာ သူတို့ရဲ့ နောက်ဆုံးနေ့ရက် မတိုင်ခင်မှာ အခြားသူတွေကို သူ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ့်အကြောင်း တစ်နည်းမဟုတ် တစ်နည်းနဲ့ အသိပေးကြပါတယ်။
- လူတွေမှာ သေချင်စိတ်ဖြစ်တယ်ဆိုတာ အလကားပါ
လူတစ်ယောက်မှာ ပြဿနာပေါင်းစုံနဲ့ ကြုံလာရပြီး ထွက်ပေါက် လုံးဝ မရှိတဲ့ အခြေအနေမျိုးမှာ နောက်ဆုံး ထွက်ပေါက်အနေနဲ့ သူတို့အသက်ကို သူတို့လက်နဲ့ အဆုံးစီရင်လိုက်ဖို့ ရွေးချယ်တတ်ကြပါတယ်။ လူတိုင်း၊ သက်ရှိတိုင်းက ရှင်သန်ချင်စိတ် ပြင်းပြတယ်ဆိုပေမယ့် သေဖို့ကြောက်ပါတယ်။ သေချင်စိတ်ဖြစ်တယ်ဆိုတာ အလကားပါလို့ မတွေးပါနဲ့။
- အဆုံးစီရင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတာက သင်ဉာဏ်ပေးသလို ဖြစ်တယ်
ဒီအယူအဆက ပြောင်းပြန်ပါ။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့သူကို အဆုံးစီရင်တဲ့ ကိစ္စတွေ အဆုံးစီရင်မှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို မေးမြန်းပြောပြတာက အဆုံးစီရင်မယ်ဆိုတဲ့ စိတ်ကူးကို တားဆီးပေးရာရောက်တာပါ။
ကြိုးစားရှင်သန်လို့ရတယ်ဆိုတဲ့ အခွင့်အရေးကို ပြသရာရောက်တာပါ။ သူတို့ကို ဖွင့်ဟတိုင်ပင်ဖို့ အခွင့်အရေး ပေးလိုက်တာပါပဲ။
တကယ်ကတော့ အဲ့လိုမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေသူတစ်ဦးက သူဟာ မိသားစုတွေ၊ သူချစ်ရတဲ့သူတွေအတွက် အသုံးမဝင်တော့ဘူး။ သူ့ကြောင့် ဝန်ထုတ်ဝန်ပိုးဖြစ်နေမယ်။ သူသာ မရှိတော့ရင် အဆင်ပြေသွားမလားဆိုပြီး အများအတွက်တွေးလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတာပါ။
တကယ်လက်တွေ့မှာ အဆုံးစီရင်သွားတဲ့ ကိစ္စတိုင်းကို ကြည့်ရင် အဆုံးစီရင်သွားသူတွေဟာ သူ့ခြေထောက်ပေါ်သူ ရပ်တည်နေကြသူတွေဖြစ်သလို မိသားစုမှာ အခက်အခဲရှိတဲ့အခါတိုင်းမှာလည်း သူ့ခံစားချက်ကို မျိုသိပ်ပြီး အားလုံး အဆင်ပြေဖို့ အနစ်နာခံထားကြသူတွေပါ။
ဒီလို မျိုသိပ်အနစ်နာခံမှုတွေ တစ်စတစ်စစုလာရင်းက နောက်ဆုံးမှာ အဆုံးစီရင်မှုကို ထွက်ပေါက်အနေနဲ့ ရွေးချယ်သွားကြတာပါ။
- လူအာရုံစိုက်ခံရအောင် လုပ်တာ
ဒါကတော့ တော်တော်လေး လွဲမှားနေတဲ့ အယူအဆလို့ ဆိုပါရစေ။ လူတစ်ယောက် သတ်သေသွားတာက လူတွေ အာရုံစိုက်မှုကို ခံချင်တာကြောင့် မဟုတ်ပါဘူး။ သူ့မှာ အခြား ပြင်းထန်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့်ပါ။
အာရုံစိုက်ခံရအောင် လုပ်နေတတ်တဲ့ သူတွေလည်း ရှိပေမယ့် လူတိုင်းက ဒီလိုမဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုထင်ရင်တောင် လျစ်လျူမရှုသင့်ပါဘူး။
- ကိုယ့်ကိုယ်ကိုယ် သတ်သေသူတွေက သီးသန့်ကိုရှိတာပါ
တကယ်ကတော့ ဒီအတွေးအယူအဆက မှားယွင်းနေပါတယ်။ လူတိုင်း ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ပါတယ်။ စိတ်ပင်ပန်းစရာတွေ ကြုံတွေ့လာရတာ များလာတယ်။ ထွက်ပေါက်လည်း လုံးဝမရှိတော့ဘူးဆိုတဲ့ အခြေအနေမျိုးမှာ လူတွေက သေကြောင်းကြံစည်ကြပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။