ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 27, 2020 . 2 mins read
Share now

အရွယ်ရောက်လာသူတိုင်းရှောင်လွှဲဖို့ခက်တဲ့ အကြောင်းအရာလေးတွေရှိပါတယ်။ အဲဒီထဲမှာ လိင်မှုဆိုင်ရာ ကိစ္စရပ်တွေလည်းပါပါတယ်။ လိင်မှုဆိုင်ရာကိစ္စရပ်တွေဟာပျော်စရာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒါပေမယ့် သတိမထားဘူးဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ မလိုလားတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ရရှိသွားတာလိုမျိုးပေါ့။ မလိုလားအပ်တဲ့ကိုယ်ဝန်ဟာ ဘဝပေါင်းများစွာကို အန္တရာယ်ရှိသွားစေနိုင်ပါတယ်။ ဒီတော့ မကင်းနိုင်တဲ့လိင်မှုဆက်ဆံရေးမှာ ကိုယ်ဝန်မရသွားအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ။

သားဆက်ခြားဖို့အတွက်ရွေးစရာအဖုံဖုံ

သားဆက်ခြားဖို့အတွက်ရွေးချယ်စရာတွေကတော်တော်လေးများပါတယ်။

လွယ်ကူရိုးစင်းပြီး အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်း

အသုံးပြုရတာလည်း လွယ်ကူသလို၊ စရိတ်စကကုန်ကျမှုလည်းနည်းပါးပြီး ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်းလမ်းတစ်ခုရှိပါတယ်။ ဒီနည်းလမ်းက ၁၆၄၂ ခုနှစ်အစောပိုင်းမှာ စတင်ထွက်ပေါ်လာခဲ့တဲ့ သန္ဓေတားနည်းလမ်းတစ်ခုပါ။ ဒါကတော့ ကွန်ဒုံးအသုံးပြုတာပါ။ တကယ်တော့တွေးကြည့်လိုက်ရင် ကွန်ဒုံးအသုံးပြုတာက အခြားသောနည်းလမ်းတွေထက် ပိုမိုလွယ်ကူပြီး အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

ကွန်ဒုံးကို အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံးကွန်ဒုံးဆိုပြီး ရှိပေမယ့် အမျိုးသားသုံးကွန်ဒုံးက အသုံးပြုရတာ ပိုအဆင်ပြေမှာပါ။ ကွန်ဒုံးက အလွယ်တကူဝယ်ယူလို့ရသလို စိတ်ချရပါတယ်။ ကွန်ဒုံးက သန္ဓေတားဆေးတွေလိုမျိုးဟော်မုန်းပါဝင်မှုမရှိတာကြောင့် ရာသီသွေးမမှန်တာမျိုးမဖြစ်စေနိုင်သလိုဆေးသောက်ဖို့မေ့သွားတာမျိုးဆေးထိုးဖို့ ရက်ကျော်တာမျိုးတွေဖြစ်မှာကိုလည်း ပူစရာမလိုပါဘူး။နောက်တစ်ချက်က ကွန်ဒုံးက အခြားသားဆက်ခြားနည်းတွေနဲ့ မတူဘဲ လိင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို ပါကာကွယ်ပေးနိုင်တာပါ။ ကိုယ်ဝန်ရရှိနိုင်ခြေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ မလိုအပ်ဘဲ ကိုယ်ဝန်ရရှိတာ နဲ့ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေမရရှိစေဖို့ အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ပါ။

ကွန်ဒုံးအသုံးပြုခြင်းရဲ့ အားသာချက်တွေ

ကွန်ဒုံအသုံးပြုမှုက အခြားသားဆက်ခြားနည်းတွေနဲ့မတူဘဲ ဒီလိုအားသာချက်လေးတွေရှိပါတယ်။

  • စိတ်ချရတယ်
  • ဟော်မုန်းပါဝင်မှုမရှိတာကြောင့် မည်သူမဆိုစိတ်ချစွာအသုံးပြုနိုင်တယ်
  • လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးတယ်
  • မျိုးဥတွေကို သုက်ပိုးတွေနဲ့ မထိတွေ့အောင် ကာကွယ်ပေးတယ်
  • ကလေးနို့တိုက်နေချိန်မှာ အသုံးပြုနိုင်တဲ့ သားဆက်ခြားနည်းတစ်ခုဖြစ်တယ်
  • ဆေးခန်းသွားစရာမလိုသလိုဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ အကူအညီယူစရာမလိုဘဲ အသုံးပြုနိုင်တယ်
  • သယ်ဆောင်သိမ်းဆည်းရလွယ်ကူတယ်
  • ကလေးမွေးဖွားပြီးချင်းချင်း အသုံးပြုနိုင်သလို ကိုယ်ဝန်ပျက်ကျထားတဲ့ စုံတွဲတွေမှာလည်းအသုံးပြုလို့ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

အမျိုးသမီး တွေအနေနဲ့ အသက်အရွယ်အလိုက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ နည်းလမ်းကောင်းလေးတွေ သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ ...

ရေးသားသူ Ye Myo Myat

အမျိုးသားများ ဆီးကျိတ်ခွဲစိတ်ကုသခြင်းအကြောင်း

ဆီးကျိတ်ဟာ သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်ကို ထုတ်လုပ်ပေးပြီး အမျိုးသားများရဲ့ မျိုးပွားအင်္ဂါစနစ်မှာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read
ဆီးကျိတ်ကင်ဆာ (Prostate Cancer)

ဆီးကျိတ်ကင်ဆာ (Prostate Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 3 mins read
မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 15, 2020 . 2 mins read