သားအိမ်ထဲ ပစ္စည်းထည့်တဲ့သူတွေ သိပါတယ်။ ဒီပစ္စည်းလေးရဲ့ နောက်မှာ အမြီးလိုမျိုး ကြိုး လေးပါတာကိုပေါ့။ ဒီအမြီးလေးက ဘာအတွက်လဲဆိုရင် သားအိမ်ထဲ ထည့်တဲ့ ပစ္စည်းလေး နေရာကျရဲ့လား။ အပြင်ကို ထွက်သွားပြီလားဆိုတာ သိဖို့အတွက်ပါ။ တစ်ခါတစ်လေ ဒီကြိုးလေးကို စမ်းမမိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါသင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လေ့လာချက်တွေအရ သားအိမ်ထဲ ပစ္စည်းထည့်တဲ့သူတွေရဲ့ ၁၈ရာခိုင်နှုန်းက ကြိုးကို စမ်းမမိတတ်ပါဘူးတဲ့။