backup og meta

Covid-19 ကပ်ဘေးကာလမှာ ဘေးကင်းစွာ ဈေးဝယ်ထွက်မယ်ဆိုရင်


Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid-19 ကပ်ဘေးကာလမှာ ဘေးကင်းစွာ ဈေးဝယ်ထွက်မယ်ဆိုရင်

    ၂၀၁၉ ဒီဇင်ဘာ အကုန်လောက်ကတည်းက တရုတ်နိုင်ငံကနေ စတင်လာခဲ့တဲ့ Covid-19 ပြင်းထန် အဆုတ်ရောင်ရောဂါဟာ ဆိုရင်တော့ဖြင့် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးကိုပါ ကူးစက်ပျံ့နှံ့ခဲ့ပြီပဲ ဖြစ်ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကနေ ကပ်ရောဂါအဖြစ်နဲ့ မကြေငြာခင်ကတည်းက ကျန်းမာရေးပညာရှင် အများစုက စားနပ်ရိက္ခာတွေ ကြိုတင်လှောင်ထားဖို့ သတိပေးခဲ့ပေမယ့် ပြည်သူအများစုက မယုံခဲ့ကြပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံ လူတန်းစားဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း ငွေရေးကြေးရေး အခက်အခဲကြောင့် ကြိုတင်သိုလှောင်လို့ မဖြစ်တဲ့ အခြေအနေလည်း ရှိတော့ ဘယ်သူ့ကိုမှ အပြစ်တင်လို့တော့ မရပါဘူး။

    အဲ့တော့ ဘာလုပ်လို့ ရမလဲဆိုရင် မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့နဲ့ ကိုယ့်အိမ်အတွက် ထမင်း၊ ဟင်း ချက်ပြုတ်ဖို့ စားနပ်ရိက္ခာ ကုန်ခါနီးမှသာ ထွက်ဝယ်ဖို့ လိုပါတယ်။ ထွက်ဝယ်တဲ့အခါမှာလည်း သတိထားရမှာတွေ အများကြီးပါပဲ။ ဒီတော့ ကိုယ့်အိမ်ရဲ့ စားဝတ်နေရေးကို ဦးဆောင်နေရတဲ့ အိမ်ထောင်ရှင် မေမေတွေ ဈေးဝယ်ထွက်တဲ့အခါ အဓိက ဦးစားပေးအနေနဲ့

    ၁။ ရေကို ကြိုတင်သိုလှောင်ထားပါ။ ကိုယ့် အိမ်အနီးအနားကနေ ရေသန့်ပုံးတွေကို တစ်ခါဆိုရင် ၃ပုံးစီလောက် မှာပြီး သိုလှောင်ထားလို့ ရပါတယ်။ အိမ်မှာ မိသားစုဝင်တွေ များရင်တော့ နည်းနည်း ပိုမှာပေါ့။

    ၂။ အစားအသောက် ဝယ်ခြမ်းတော့မယ်ဆိုရင် တာရှည်ခံမယ့် အရာတွေကို ဦးစားပေး ဝယ်ပါ။

    ၃။ တာရှည်ခံ အစားအသောက်တွေထဲမှာ ခေါက်ဆွဲခြောက်၊ အအေးခံထားလို့ ရတဲ့ အစားအစာတွေ (ဥပမာ – အသားလုံး၊ ဝက်အူချောင်း၊ ဝက်သားပြား စတာတွေ) ၊ စည်သွပ်ဘူးပိတ် အစားအစာ၊ ပဲနဲ့ အစေ့အဆန်မျိုး၊ ဆန်၊ သစ်သီးခြောက်၊ အအေးဘူးတွေကို ရွေးဝယ်ပါ။

    ၄။ သိပ်ပြီး တာရှည်မခံတဲ့ အစားအစာတွေ၊ မုန့်ပဲသရေစာတွေကိုတော့ ဒုတိယ ဦးစားပေးအနေနဲ့ပဲ ဝယ်ပါ။

    ၅။ ဆေးဝါးတွေကို မမေ့ပါနဲ့။ ကိုယ့်အိမ်မှာ ရောဂါဖြစ်နေတဲ့ မိသားစုဝင်တွေ ရှိရင် သူတို့ရဲ့ ရောဂါအတွက် သောက်နေရတဲ့ ဆေးတွေကို ဆေးရုံမှာ ၃လစာ သို့မဟုတ် ၆လစာလောက် ထုတ်ထားပါ။ အဲ့လိုမဟုတ်လည်း ဆရာဝန်ဆီ အရင်ဆုံး အကြောင်းကြားပြီး ဆေးစာအတိုင်း လိုအပ်တဲ့ ဆေးတွေကို ကိုယ့်အနီးအနားက ဆေးခန်းတွေမှာ ဝယ်ထားပါ။ အအေးမိ၊ ဖျားနာ၊ ချောင်းဆိုးပျောက်ဆေး၊ ခေါင်းကိုက်ပျောက်ဆေး စတာတွေလည်း ဝယ်ထားပါ။

    ၆။ မဖြစ်မနေ အိမ်အတွက် အသုံးလိုမယ့် ပစ္စည်းတွေ၊ ဥပမာ – ဓာတ်ခဲ၊ အိမ်သာသုံး တစ်သျှူး၊ Mask ၊ အမျိုးသမီးများ ရာသီလာစဉ် လစဉ်သုံးပစ္စည်းများ၊ ဂွမ်းထုပ်၊ ကလေး နို့မှုန့်၊ diaper သေးခံ၊ အိမ်သန့်ရှင်းရေးသုံး ပစ္စည်း၊ ဆပ်ပြာ၊ ပရိဘောဂအတွက် ပိုးသတ်ဆပ်ပြာ၊ ဖုန်းငွေဖြည့်ကဒ်တွေကို ဝယ်ထားပါ။

    ၇။ မလိုအပ်ဘဲ ဈေးနေရာတွေ မသွားပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဈေးအနေအထားက အရမ်းကျဉ်းပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ သွားလာဖို့ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့်ပါပဲ။ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း Mask တပ်သွားပါ။ လက်သန့်စင်ဆေးရည် ဆောင်သွားပါ။

    ၈။ အပြင်ကနေ ဝယ်ခြမ်းပြီး ပြန်လာရင် ပါလာတဲ့ ပလတ်စတစ်အိတ်တွေကို စနစ်တကျ စွန့်ပစ်ပါ။ စားစရာတွေကို သေချာသန့်စင်ဆေးကြောပါ။ အဝတ်အစားတွေကို လျှော်ဖွပ်ပါ ဒါမှမဟုတ်လည်း လျှော်ဖို့အတွက် သီးသန့် ဖယ်ထားပါ။ ရေချိုးပါ။ လက်ကို ရေ၊ ဆပ်ပြာနဲ့ ပြန်ဆေးပါ။

    ကိုယ့်မိသားစုဝင်တွေ အနေနဲ့လည်း အိမ်မှာပဲ တတ်နိုင်သလောက် နေဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့ကို ထပ်ပြီး တိုက်တွန်းပါရစေ။ ရောဂါပိုးဟာ ကူးစက်ခံရတဲ့တိုင်အောင် ၂ရက်လောက်ထိ ဘာလက္ခဏာမှ မပြဘဲ ကိုယ်ခန္ဓာထဲ ရှိနေတတ်တဲ့အတွက် ကိုယ့်ကြောင့် ကိုယ့်မိသားစုပါ ဒုက္ခမရောက်စေဖို့ သေချာ ဂရုစိုက်ပေးဖို့ကိုလည်း မှာချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement