တုပ်ကွေးဖြစ်ပြီဆို ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လည်ချောင်းတွေယားပြီး တဟွတ်ဟွတ်ဆိုးနေတဲ့ချောင်းနဲ့ နှာတချေချေဖြစ်နေပြီဆို ဇာတ်လမ်းတော့စပြီလို့ သိကြမှာပါနော်။ နှာရည်ကျတာ၊ ကိုယ်လက်နည်းနည်းကိုက်ခဲလာတာဆိုသေချာနေပါပြီ။ ဒါပေမယ့် ရိုးရိုးအအေးမိတာထင်ပြီး ကြက်စွပ်ပြုတ်ပဲသောက်နေတာထက် ဘယ်အချိန်မှာဆရာဝန်ပြသင့်ပြီလဲဆိုတာ သိထားသင့်ပါတယ်။

အအေးမိ၊တုပ်ကွေးဆိုတာ ရာသီဥတုအေးတဲ့အခါအဖြစ်များတဲ့၊ ပြန့်ပွားလွယ်တဲ့ဝေဒနာဖြစ်ပါတယ်။ ဒါ့ကြောင့် နေမကောင်းတဲ့အချိန်ဆို တတ်နိုင်ရင် အလုပ်၊ကျောင်းမသွားသင့်သလို လူများတဲ့ ပွဲတွေ၊တွေ့ဆုံပွဲတွေ၊ မားကတ်တွေကိုရှောင်သင့်ပါတယ်။ အများအားဖြင့်တော့ လက္ခဏာတွေက သိပ်မပြင်းထန်တတ်ဘဲ ကိုယ်ခံအားနဲ့သက်သာသွားတတ်ပေမယ့် အိမ်မှာပဲသက်သာအောင်နေရာကနေ၂၄ နာရီအတွင်း အဖျားမကျဘူးဆိုရင်ဆေးခန်းပြသင့်ပါတယ်။ဝေဒနာပိုဆိုးလာပြီဆိုရင်တော့ရောဂါပိုးဝင်တာတစ်ခုခုရှိနေနိုင်ပါတယ်။

ဘာလက္ခဏာတွေဖြစ်လာရင်ဆေးခန်းပြသင့်နေပြီလဲ

အအေးမိတုပ်ကွေးဖြစ်တိုင်း အသက်ရှူရခက်တာ၊ ရင်ဘတ်အောင့်တာတွေ မဖြစ်စေလောက်ပါဘူး။ တကယ်လို့ ဒီလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ ပန်းနာရင်ကျပ် သို့မဟုတ် အဆုတ်ရောင်နမိုးနီးယားတို့လိုရောဂါပိုးဝင်တာတွေဖြစ်နေနိုင်ပါတယ်။

  • အဖျားမကျဘူး

အိမ်မှာဂရုစိုက်ရင်း ကိုယ်အပူချိန်မကျဘူး၊ မသက်သာဘူးဆိုရင် ကုသမှုလိုအပ်နေတဲ့ရောဂါကူးစက်ခံရမှုတစ်ခုခုရှိနေနိုင်ပါတယ်။ယေဘုယျအားဖြင့် လူကြီးတစ်ယောက်ရဲ့ကိုယ်အပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ဆိုရင် အဖျားရှိတယ်လို့ ယူဆရပါတယ်။

  • မျိုချလို့မရဘူး

ဒါ ပုံမှန်မဟုတ်ပါဘူး။ လည်ချောင်းနာတယ်ဆိုတာက တစ်ခုခုမျိုချတိုင်း နည်းနည်းနာတာပဲရှိပေမယ့်ရေနဲ့အစာ ဘာမှမျိုချမရလောက်အောင်နာကျင်နေတယ်ဆိုရင်တော့ရောဂါပိုးဝင်တာ ဒါမှမဟုတ် ထိခိုက်ထားတာရှိနေနိင်လို့ ဆရာဝန်ပြဖို့လိုအပ်ပါတယ်။

  • ချောင်းတအားဆိုးတယ်

မရပ်မနား ချောင်းဆိုးတာပြင်းထန်တယ်ဆိုရင်ဆေးဝါးအကူအညီလိုအပ်နေပါပြီ။တော်ရုံနဲ့မသက်သာဘဲ ဆက်တိုက်ဆိုးနေတယ်ဆို ဆရာဝန်ပြပြီး ကုသမှုခံယူသင့်ပါတယ်။ ဒါမှ လိုအပ်သလို ပဋိဇီဝဆေးဝါးတွေကို ညွှန်ကြားပေးပါလိမ့်မယ်။

နှာစေးနှာပိတ်ခြင်းနဲ့ နှာခေါင်းကို ချွဲတွေနဲ့ပိတ်ဆို့စေတဲ့ ဓါတ်မတည့်မှုတွေကြောင့် နှာခေါင်းလမ်းကြောင်းရောဂါပိုးဝင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ အအေးမိသက်သာစေတဲ့ဆေးတွေနဲ့တင် မရတော့ဘူး၊ နှာစေးတာခေါင်းကိုက်တာ ဆိုးနေတုန်းပဲဆိုရင် ဆရာဝန်ကုသမှုကို လိုအပ်နေပါပြီ။

ကိုယ့်မှာ အအေးမိတုပ်ကွေးဖြစ်နေပြီဆိုနောက်ထပ်အရေးကြီးတာတစ်ခုက ကိုယ့်ဆီကနေ တခြားသူတွေဆီပြန့်ပွားမသွားအောင်ဆင်ခြင်ပေးဖို့ဖြစ်ပါတယ်။ဆေးခန်းကပြန်လာပြီး အိမ်မှာပဲနေရင်း မိသားစုဝင်တွေကို မကူးစက်အောင် နှာချေ၊ချောင်းဆိုးတိုင်း တစ်ရှူး သို့မဟုတ် ပဝါနဲ့အုပ်ပါ၊ နှာခေါင်းစည်းသုံးပါ၊ မဖြစ်မနေအပြင်သွားရမယ်ဆို နှာခေါင်းစည်းတပ်သွားပါ၊ ရောဂါပိုးတွေမပြန့်စေဖို့ လက်ကို မကြာခဏဆေးကြောပါ။

မကုသရင် ပိုဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေတွေဖြစ်လာနိုင်တယ်

  • အဆုတ်ကိုရောဂါပိုးဝင်ခြင်းဖြစ်တဲ့ နမိုးနီးယားဖြစ်နေပြီဆိုရင်သေချာကုသသင့်ပါတယ်။ မကုသခဲ့ရင် အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်။
  • ကြွက်သားမျှင်များရောင်ရမ်းခြင်း(myositis)
  • ဗဟိုအာရုံကြောစနစ် နဲ့ဆိုင်တဲ့ရောဂါတွေ၊
  • နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း၊ နှလုံးကြွက်သားရောင်ရမ်းခြင်းလို နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ၊
  • နှလုံးကျပ်ခြင်း၊ ပန်းနာရင်ကျပ် သို့မဟုတ် ဆီးချိုသွေးချို လိုမျိုး နာတာရှည်ရောဂါတွေကို ပိုဆိုးစေတာတွေဖြစ်လာနိုင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ (၁၀) မျိုး

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ များ ကဘာတွေဖြစ်မလဲ။ ရောဂါတွေက ဘယ်လောက်ထိ ပြင်းထန်ပြီး ကာကွယ်ဆေးတွေက ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 2 mins read

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်ပါ။ ဒါမှ မွေးကတည်းကတစ်ပါတည်းပါလာခဲ့တဲ့ သက်တော်စောင့်လေးက ရောဂါတွေ၊ ပိုးမွှားတွေ အန္တရာယ်ကနေ စွမ်းစွမ်းတမံ ကာကွယ်ပေးနေတဲ့အရာပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
Pepper Spray နဲ့ ဖြန်းမိတဲ့အခါ

Pepper Spray နဲ့ ဖြန်းခံထိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read
အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read