backup og meta

ဆေးသောက်ရင် ဆေးနဲ့မနီးသင့်တဲ့ အစားအသောက် (၅) မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးသောက်ရင် ဆေးနဲ့မနီးသင့်တဲ့ အစားအသောက် (၅) မျိုး

    ဆေးသောက်မယ်ဆို အစာစားပြီးမှသောက်ကြနော်လို့ပြောကြတယ်။ တချို့ဆေးတွေက မစားခင်သောက်ရတာရှိသလို အစာတခုခုခံပြီးမှသောက်သင့်တာတွေရှိပါတယ်။ အစာနဲ့ဘယ်နှနာရီခြားပါလို့ ဆရာဝန်ကညွှန်ကြားလိုက်တယ်ဆိုရင် လိုက်နာဖို့လိုပါတယ်။ ကိုယ်စားလိုက်၊သောက်လိုက်တဲ့အရာတွေကဆေးဝါးတွေရဲ့အာနိသင်အပေါ် သက်ရောက်မှုတွေရှိလို့ပါပဲ။

    ဒါ့ကြောင့်ဆေးဝါးတွေနဲ့ ဓါတ်ပြုသက်ရောက်မှုရှိနိုင်တဲ့ အစားအသောက်တွေအကြောင်းကိုပြောပြချင်ပါတယ်။

    (၁) ဂရိတ်ဖရုသီး

    အချဉ်ဓါတ်ပါတဲ့အရည်ရွှမ်းသီးဖြစ်တဲ့ ဂရိတ်ဖရုသီးက သိပ်မချဉ်ဘူးဆိုပေမယ့် အူလမ်းကြောင်းအတွင်းရောက်လာတဲ့ဆေးဝါးတွေကို ဆဲလ်တွေရဲ့ စုပ်ယူနိုင်စွမ်းနဲ့ရွေ့လျားနိုင်စွမ်းကိုပြောင်းလဲစေနိုင်ပါတယ်။ ဂရိတ်ဖရုသီးကြောင့် ဒီလိုဖြစ်စေနိုင်တာဆေးအမျိုးပေါင်း ၅၀ကျော်ရှိပါတယ်။

    (၂) နွားနို့

    နေမကောင်းဖြစ်နေတဲ့အချိန် အားလည်းဖြစ်အောင် ရေအစား နွားနို့လေးနဲ့ဆေးသောက်လိုက်တယ်ဆိုတာမျိုး မလုပ်ရပါဘူး။ နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ ပဋိဇီဝဆေးတွေကို ခန္ဓါကိုယ်ရဲ့စုပ်ယူနိုင်စွမ်းအပေါ် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နွားနို့မှာပါတဲ့ ကယ်လ်စီယမ်နဲ့မဂ္ဂနီဆီယမ်တို့လို သတ္တုဓါတ်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ပဋိဇီဝဆေးတွေသောက်မယ်ဆို နွားနို့နဲ့ဝေးဖို့ ဂရုစိုက်ပါ။

    (၃) ချောကလက်

    ချောကလက်ဟာ စိတ်ကိုတည်ငြိမ်စေတဲ့ဆေး ဒါမှမဟုတ် အိပ်ပျော်စေတဲ့ဆေးတွေကို အာနိသင်လျော့နည်းစေနိုင်ပါတယ်။ သူက စိတ်ကိုလန်းဆန်းစေတဲ့ဆေးတွေအတွက် အာနိသင်ပိုကောင်းစေဖို့ အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။နောက်တစ်ချက်က စိတ်ကျရောဂါအတွက်ဆေးသောက်နေရတဲ့သူတွေမှာဆို အဲဒီဆေးနဲ့ချောကလက်ကို တွဲမိတဲ့အခါ အန္တရာယ်အဆင့်ထိသွေးပေါင်တက်စေနိုင်ပါတယ်။

    (၄) အရက်၊ဘီယာ

    အရက်၊ဘီယာနဲ့ အယ်လ်ကိုဟောပါသမျှတွေဟာဆေးဝါးတွေကို အာနိသင်လျော့စေ၊ ပျက်ပြယ်စေနိုင်ပါတယ်။ အထူးသဖြင့်သွေးပေါင်ကျဆေးနဲ့ နှလုံးဆေးတွေအတွက် ပိုဆိုးပါတယ်။ တချို့ဆေးတွေကိုတော့ ရှိသင့်တာထက် အားပိုပြင်းစေတာ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။

    (၅) ကော်ဖီ

    ကော်ဖီက စိတ်ရောဂါအတွက်သောက်သုံးရတဲ့ဆေးတွေကို အာနိသင်လျော့စေပေမယ့် တခြားဆေးတွေအတွက်တော့ အာနိသင်ရော၊ဘေးထွက်ဆိုးကျိုးတွေပါ ပိုတိုးစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်ကို သံဓါတ်စုပ်ယူဖို့ခက်ခဲစေနိုင်ပါတယ်။

    အကောင်းဆုံးကတော့ ဆရာဝန်ညွှန်ကြားလိုက်တဲ့အတိုင်း သောက်သုံးပါ

    ဆရာဝန်ကဆေးပေးလိုက်တယ်ဆို ဒီတိုင်းပဲသောက်လိုက်တာများပါတယ်။သောက်သင့်တဲ့အချိန်မမှန်တာ၊ အစားနဲ့နီးသင့်တာဝေးသင့်တာတွေ မသိတာတို့ကြောင့်ဆေးအာနိသင်ကိုလျော့နည်းစေပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement