အစိုးရိမ်လွန်တာ ရောဂါတစ်ခုလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 25, 2020 . 2 mins read
Share now

ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)

အကယ်၍သင်ဟာ ကိုယ်လုပ်ဆောင်ရမယ့်အလုပ်တွေကို ဆောင်ရွက်ရမယ့်အစား စိုးရိမ်စရာတွေပဲ တွေးနေမိတယ်ဆိုရင်တော့ အတွေးလွန်နေပါပြီ။ အတွေးစတစ်ခုထဲကိုပဲ ထပ်ကာထပ်ကာ စဉ်းစားလိုက်၊ သုံးသပ်လိုက်လုပ်နေတယ်ဆိုရင်တော့ အစိုးရိမ်လွန်တဲ့အဆင့်ကို ရောက်နေပါပြီ။

ဒီလိုအစိုးရိမ်လွန်တာမျိုးက ကိုယ့်ရဲ့အချိန်တွေ၊ ခွန်အားတွေကိုအလဟသပြုန်းတီးစေသလို ဘဝအတွက်အရေးပါတဲ့အလုပ်တွေမလုပ်နိုင်အောင်လည်း ဟန့်တားသလိုဖြစ်စေနိုင်တဲ့အတွက် အချိန်မှီပြင်ဆင်သင့်ပါတယ်။

အစိုးရိမ်လွန်တဲ့ဝေဒနာ ခံစားနေရတဲ့အခါ ဘာတွေဖြစ်လာမလဲ

  • ကိစ္စတစ်ခုအကြောင်း ဒါမှမဟုတ် တစ်ဦးတစ်ယောက်အကြောင်းကို မတွေးရမနေနိုင်ဖြစ်လာမယ်။ ပြဿနာကိုအဖြေရှာရမယ့်အစား အတွေးထဲမှာပိတ်မိရင်း တစ်ဝဲဝဲတစ်လည်လည်ဖြစ်နေမယ်။
  • မကောင်းတဲ့အရာတစ်ခုခုဖြစ်လာပြီဆိုတာနဲ့ အဆိုးဆုံးကိုပဲတွေးကြောက်နေမယ်။
  • အရင်တုန်းကလုပ်ခဲ့တဲ့ အမှားတွေကို လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေထက်ပိုပြီး အာရုံရောက်နေမယ်။ အဆိုးမြင်တာတွေပဲများလာပြီးတော့ ဆုံးဖြတ်ချက်အမှားတွေပဲ ပြုလုပ်လာဖို့များပါတယ်။
  • ကိုယ့်ရဲ့နေ့စဉ်ပုံမှန်လုပ်ငန်း ဆောင်တာတွေအပေါ်မှာ ကိစ္စသေးသေးလေးတွေကအစ အသေးစိတ်ပြန်စဉ်းစားပြီး လူအများနဲ့ဆက်ဆံတဲ့အပြုအမှုတွေကို ထပ်တလဲလဲပြန်စဉ်းစားနေတဲ့အတွက် အချိန်ကုန်၊ အလုပ်မပြီးတာတွေဖြစ်လာတတ်ပါတယ်။
  • စိုးရိမ်ပူပန်တာတွေနဲ့ပဲ အချိန်ကုန်နေတဲ့အတွက် ကိုယ်တကယ်လုပ်ရမယ့် အရာတွေမပြီးမြောက်တော့တာတွေဖြစ်လာပါတယ်။
  • ဒါ့အပြင် စိုးရိမ်လွန်သူတွေဟာ ညအိပ်ချိန်တွေမှာ အတွေးလွန်နေတတ်တဲ့အတွက် အိပ်ချိန်ပုံမမှန်တာတွေ၊ စားသောက်ချိန်မမှန်တာတွေလည်းဖြစ်တတ်ပါတယ်။

ဒီလိုဖြစ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာပြီဖြစ်တဲ့အတွက် ဆရာဝန်နဲ့တွေ့ဆုံပြီး သင့်တော်တဲ့ ဆွေးနွေးမှု ကုသမှုတွေပြုလုပ်သင့်ပါတယ်။

အစိုးရိမ်လွန်နေကြောင်းသိရှိနိုင်မည့် လက္ခဏာ ၁၀ချက်

  • ၁။ ဖြစ်ခဲ့ပြီးသား အကြောင်းအရာတစ်ခုခုကို ထပ်ခါထပ်ခါတွေးမိနေခြင်း။
  • ၂။ အိပ်ဖို့ကြိုးစားပေမယ့် ဦးနှောက်ကအလိုအလျောက်အတွေးမသတ်နိုင်ခြင်း။
  • ၃။ ‘ အကယ်၍များ’ ဆိုတဲ့အတွေးတွေကို တစ်ချိန်လုံး ကိုယ့်ကိုကိုယ်ပြန်မေးနေမိခြင်း။
  • ၄။ ကိုယ်နဲ့ဆက်ဆံရတဲ့သူတွေ သာမာန်အတိုင်း ပြောလိုက်တဲ့စကားတွေ၊ အပြုအမှုတွေရဲ့နောက်ကွယ်မှာ အဓိပ္ပါယ်တွေရှိနေဦးမလားဆိုပြီး အမြဲလိုလို လိုက်လံတွေးတောနေမိခြင်း။
  • ၅။ ပြောဆိုဆက်ဆံခဲ့တဲ့ စကားလုံးတွေအပေါ်ပြန်ပြန်တွေးပြီး မပြောခဲ့ရတာတွေ၊ ပြောလိုက်မိတာတွေအတွက် အကြိမ်ကြိမ်တွေးပူနေမိခြင်း။
  • ၆။ ပြုခဲ့ပြီးတဲ့အမှားတွေကို အမြဲတစေတွေးတောမိပြီး ပူပန်နေခြင်း။
  • ၇။ တစ်စုံတစ်ယောက်က ကိုယ်မကြိုက်တဲ့အရာတွေကို မတော်တဆပြုလိုက်မိတဲ့အခါ ထုတ်မပြောဘဲ စိတ်ထဲမှာအကြိမ်ကြိမ်ပြန်တွေးတောပြီး မကျေမနပ်ဖြစ်နေခြင်း။
  • ၈။ တစ်ခါတစ်လေ ပြီးခဲ့တဲ့အရာတွေ ဒါမှမဟုတ် မဖြစ်လာသေးတဲ့အရာတေ်အကြောင်းနက်နက်နဲနဲ စဉ်းစားနေတဲ့အတွက် ကိုယ့်ဘေးနားဝန်းကျင်မှာ ဖြစ်ပျက်သွားတဲ့အရာတွေကို လုံးသတိမထားမိခြင်း။
  • ၉။ ကိုယ်ဘာမှလုပ်လို့မရတော့တဲ့ အရာတွေအပေါ်တွေးပူရင်း အချိန်တွေကုန်သွားခြင်း။
  • ၁၀။ အချိန်ပြည့်ပူပန်နေရခြင်းမှ ရုန်းမထွက်နိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

အကယ်၍များ အပေါ်ကအချက်တွေတော်တော်များများနဲ့ သင့်မှာကိုက်ညီနေပြီဆိုရင်တော့ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ပုံမှန်လုပ်ငန်းဆောင်တာတွေဆီကိုပြန်လည်ရောက်ရှိအောင်သွားနိုင်ဖို့အရေးကြီးပါတယ်။

ကိုယ်ရဲ့ ဖြစ်တည်မှုတွေအပေါ် အကောင်းမြင်စိတ်နဲ့ စိတ်တည်ငြိမ်အောင်ကြိုးစားသင့်သလို ပြဿနာတွေအပေါ် ရှုမြင်တဲ့အမြင်ကိုလည်းပြောင်းလဲဖို့ကြိုးစားသင့်ပါတယ်။ ဒါနဲ့မလုံလောက်ပဲ မပျောက်ကင်းနိုင်ရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့တွေ့ဆုံပြီး ဆွေးနွေးမှုတွေပြုလုပ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ။ malted milk လား။ မုယော အားဖြည့်အချိုရည်တွေလား .......................................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကျေးဇူးတင် တတ်ပါစေ။

ကျေးဇူးတင် တတ်ပါစေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 3, 2021 . 2 mins read
မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထပါ

မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 3, 2021 . 2 mins read
ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင်

ကိုဗစ်ကြောင့် ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 2, 2021 . 2 mins read
ဒေါသတွေ တအားထွက်လာတဲ့အခါ

ဒေါသတွေ တအားထွက်လာတဲ့အခါ

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 26, 2021 . 2 mins read