backup og meta

စိတ်ပူပန်မှုတွေကို သက်သာစေမယ့်ဆေးတစ်လက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ပူပန်မှုတွေကို သက်သာစေမယ့်ဆေးတစ်လက်
    စိတ်ပူပန်မှုကင်းတဲ့ လူရယ်လို့မရှိပါဘူး။ လူတိုင်းက ကိုယ်ရေးကိုယ်တာကြောင့်ဖြစ်ဖြစ်၊ အလုပ်ခွင်ကိစ္စရပ်တွေကြောင့်ပဲဖြစ်ဖြစ် စိတ်ပူပန်မှုက အမြဲလိုလို ရှိနေတတတ်ပါတယ်။ ဒီစိတ်ပူပန်မှုတွေက မွေးထားရင် ပိုများလာပြီး နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဒီစိတ်ပူပန်မှုတွေကို အနိုင်ယူနိုင်စေမယ့် ရိုးစင်းတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဘာဖြစ်မလဲ သိချင်ရင် ဆက်ကြည့်လိုက်နော်။

    စိတ်ပူပန်မှုတွေကို ကျော်လွှားနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခု

    စိတ်ပူပန်မှုကို ကျော်လွှားနိုင်စေမယ့်အကြောင်းမပြောခင် အရင်ဆုံး စိတ်ပူပန်မှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေအကြောင်းအရင်ဆုံး ပြောပြပေးပါရစေ။ ဘယ်အရာကများသင့်ကို စိတ်ပူပန်မှုဖြစ်နေစေတယ်ထင်လဲ။ သင်တောင် မသိလိုက်ဘဲ လုပ်မိနေတဲ့ အပြုအမူလေးတစ်ခုပေါ့။
    ဒါကတော့ ခဏလောက်ပဲဆိုပြီး စာဖတ်နေမိတာ၊ အလုပ်တွေကို လက်စသတ်နေတာနဲ့ ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာတွေကို အရေးပေးလုပ်ရင်း နောက်ဆုတ်လိုက်မိတဲ့ အိပ်ရာဝင်ချိန်လေးပေါ့။
    ပြည့်ဝတဲ့အိပ်စက်ချိန်မရှိတာက သင့်ကို အခြားသူတွေထက် စိုးရိမ်ပူပန်မှုကို ၃၀ ရာခိုင်နှုန်းလောက် ပိုများစေနိုင်ပါတယ်၊ လို့ လေ့လာမှုတစ်ရပ်အရတွေ့ရှိခဲ့ရပါတယ်။ လေ့လာမှုအသစ်အရ သုတေသီတွေ အကြံပြုလိုက်တာက စိတ်ပူပန်မှုကင်းစင်တဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်ဖို့ဆိုရင် ပြည့်ဝနှစ်ခြိုက်စွာ အိပ်ဖို့ပါ။ အကြောင်းကတော့ လေ့လာမှုရလဒ်တစ်ခုမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာက စိတ်ပူပန်မှုကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်လက်ဆိုတာကို တွေ့ရှိခဲ့ရတာကြောင့်ပေါ့။ 

    အိပ်ချိန်ပြည့်ဝတိုင်း စိတ်ပူပန်မှုပြေလျော့စေတာမဟုတ်ပါ

    တစ်နေ့ကို ၈ နာရီ အိပ်တယ်။ ဒါဆို စိတ်ပူပန်မှုကင်းစင်တဲ့ လူနေမှုပုံစံကို ပိုင်ဆိုင်နိုင်မလားလို့ မေးစရာရှိနေနိုင်ပါတယ်။ ဒါဆိုရင် ပြန်မေးချင်တာက ၈ နာရီမှာ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့လားဆိုတာပါ။

    လူတစ်ယောက်က နှစ်ခြိုက်စွာအိပ်ပျော်သွားမှ စိတ်ရော၊ ကိုယ်ပါအနားရသွားတာပါ။ ဒါမှ စိတ်ရော ကိုယ်ပါ အားပြည့်ပြီး ပူပန်စိုးရိမ်စိတ်ကင်းမှာပေါ့။ တစ်နေ့ကို အိပ်ချိန် ၈ နာရီရှိပေမယ့် ၆ နာရီလောက်က အတွေးတွေမရပ်မနားတွေးနေမယ်။ အိပ်မက်တွေမက်နေမယ်ဆိုရင်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ဖို့က ခက်ပြီလေ။ ဒီလို နှစ်ခြိုက်စွာ အိပ်မပျော်တာက စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကို ဖြစ်စေပြီလေ။

    ဒီတော့ ညအိပ်ရာဝင်တော့မယ်ဆိုရင် မအိပ်ခင် နာရီဝက်အလိုလောက်မှာကတည်းက စာဖတ်တာ၊ အလုပ်တွေလက်စသတ်တာ၊ ဂိမ်းဆော့တာ၊ ဖေ့ဘုတ်ခ်သုံးတာ၊ ရုပ်ရှင်ကြည့်တာတွေကို ရပ်လိုက်ပါ။

    ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင်ထားလို့ သီချင်းလေးနားထောင်ရင်း relax လုပ်ပါ။ ပြီးရင်တော့ ဖုန်းတွေ၊ လက်ပ်တော့တွေကို အိပ်ရာနဲ့ ခပ်ဝေးဝေးမှာထားလိုပ အရည်အသွေးပြည့်မိတဲ့ အိပ်စက်ချိန်တွေရရှိအောင် ဖန်တီးလိုက်ပါ။

    ဒီလိုမှမဟုတ်လည်း အိပ်ခါနီးမှာ ဝင်သက်ထွက်သက်မှတ်တာ၊ မေတ္တာပွားတာတွေလုပ်လို့ရပါတယ်။ ဒါတွေကလည်း သင့်ကို စိတ်လက်ခမ်းသာစွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။

    လေ့လာမှုတွေအရ ဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ထားသူတွေက အလုပ်ခွင်မှာ လန်းဆန်းတက်ကြွစွာနဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ကြသလို စိုးရိမ်ပူပန်မှုကင်းနေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းမှာ စိတ်လက်ကြည်သာစွာနဲ့ စိုးရိမ်စိတ်ကင်းကင်းဖြတ်သန်းချင်တယ်ဆိုရင်တော့ ညဘက်တိုင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ကြဖို့ ပြောပါရစေနော်။

    ညဘက်တိုင်းမှာ နှစ်ခြိုက်စွာ အိပ်ပျော်မှုက သင့်ကို စိုးရိမ်ပူပန်မှုကင်းတဲ့ လူတစ်ယောက်အနေနဲ့ လုပ်ဆောင်နိုင်စေမယ့် ဆေးတစ်လက်ပါ…………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement