21 ပတ်

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

ကလေးလေးက မုန်လာဥနီလောက်ရှိလာပြီး ၂၆.၇ စင်တီမီတာ ၃၄၀ ဂရမ်လောက်ရှိလာမှာပါ။
အရင်တုန်းက ရေမြွှာရည်က ကလေးလေးကို အကာအကွယ်အထောက်အပံ့ပဲပေးပေမယ့် အခုဆို တခြားဟာတွေကိုလည်း လုပ်ပေးနေပါပြီ။ ကလေးရဲ့ အူတွေက အချိုဓါတ်အရည် နည်းနည်းလောက်ကို စုပ်ယူနိုင်လောက်အောင်ဖွံ့ဖြိုးလို့နေပါပြီ။ ဒီအရည်လေးတွေက မျိုချလိုက်တဲ့အခါ အစားခြေအဖွဲ့အစည်းတစ်လျှောက်ဖြတ်သွားပြီး အူမကြီးထဲရောက်မှာပါ။ ဒါပေမယ့် ကလေးရဲ့အာဟာရအာလုံးနီပါးကို အချင်းကနေပဲ အထောက်အပံ့ပေးမှာပါ။
ကလေးရဲ့ အသည်းနဲ့ သရက်ရွက်က သွေးဆဲလ်တွေထုတ်ဖို့ကို တာဝန်ယူမှာပါ။ ရိုးတွင်းခြင်ဆီက ကိုယ်ဝန် ၉ လ ကနေ မွေးပြီးတဲ့နောက်ပိုင်းအတွက် သွေးဆဲလ်တွေ ဖြန့်ဝေဖို့နဲ့ သွေးနီဥပင် မထုတ်လုပ်တဲ့ နေရာအဖြစ်ဆောင်ရွက်မှာပါ။ မုန့်ချိုအိတ်က ကိုယ်ဝန်အပတ် ၃၀ မြောက်မှာ သွေးဆဲလ်တွေ ထုတ်တာရပ်မှာဖြစ်ပြီး အသည်းက မမွေးခင် အပတ်အနည်းလောက်မှာ သွေးဆဲလ်တွေထုတ်တာ ရပ်ပါတယ်။

ခန္ဓါကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓါကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ဒီရက်ပိုင်းနေရထိုင်ရ ပိုပြီးသက်တောင့်သက်သာရှိလာပါတယ်။ ဗိုက်က သိပ်အပူကြီးမဟုတ်သေးပါဘူး။ ပုံမှန်ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ အဆင်မပြေတာတွေမရှိတော့ပါဘူး။ နေလို့ကောင်းပြီး သက်တောင့်သက်သာ ရှိတုန်းနေထားပါ။ နောက်ပိုင်းကျ မသက်မသာဆက်ဖြစ်ဦးမှာမို့လို့ပါ။ ဒါပေမယ့် တခြားပြဿနာတွေ အများကြီးရှိပါသေးတယ်။ တစ်ချို့အမျိုးသမီးတွေမှာ ဝက်ခြံကလည်းပြဿနာတစ်ခုပါ။ ဝက်ခြံက ခန္ဓါကိုယ်မှာ အဆီတွေအထွက်များလို့ပါ။ ဝက်ခြံသက်သာအောင်ဆို ဆပ်ပြာပျော့ ဒါမှမဟုတ် မျက်နှာသစ်ဆေးနဲ့ ညင်ညင်သာသာသစ်ပေးပါ။ ပြီးတော့ အဆီပါတဲ့အလှကုန်ပစ္စည်းတွေကိုရှောင်ပါ။ ဝက်ခြံပျောက်ဆေးတွေ ဝက်ခြံအတွက်ထုတ်ထားတဲ့ ပစ္စည်းတွေကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ မသုံးပါနဲ့ ။ ကိုယ်ဝန်ကို ထိခိုက်နိုင်တာတွေရှိလို့ပါ။

သွေးပြန်ကြောတွေ ဖောင်းတွန့်ရှည် ဖြစ်နေတာမျိုးလည်း ကြုံရနိုင်ပါတယ်။ ဖွံ့ဖြိုးဆဲသန္ဓေသားက ခြေထောက်ကသွေးပြန်ကြောတွေကို ဖိအားပိုများစေပါတယ်။ ပရိုဂျက်စတာရုမ်းဟော်မုန်းများရင် သွေးပြန်ကြောတွေက အားနည်းလာပါတယ်။ မိသားစုထဲမှာ ဖောင်းတွန့်ရှည် သွေးပြန်ကြောဖြစ်ဖူးတယ်ဆိုရင် ကိုယ်မှာလည်းဖြစ်နိုင်ပါတယ်။ ကလေးဆက်တိုက်ယူတာ အသက်ကြီးမှ ယူတာဆိုရင် ဒီသွေးကြောတွေ ဖြစ်ဖို့များပါတယ်။ ကာကွယ်ဖို့ဆိုရင်တော့ ခြေထောက်ကို အောက်မှာမချဘဲ အမြဲတမ်းဆင်းထားပါ။ ဘယ်ဘက်စောင်းအိပ်ပြီး ကိုယ်ဝန်ဆောင်တွေအတွက်ထုတ်ထားတဲ့ အသားကပ်စွပ်ပါ။ ခြေချင်းဝတ် ခြေထောက်နဲ့ မျက်နှာတွေမှာသွေးကြော ပြတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောပြတ်တွေက ပုံစံအမျိုးမျိုးရှိပါတယ်။ ဒီအကြောပြတ်တွေက ဘာမှမသက်မသာမဖြစ်စေပါဘူး။ မွေးပြီးရင် ပျောက်သွားမှာပါ။

သိသင့်သိထိုက်တာလေးတွေ

ကလေးလေးမွေးလာပြီး ပြုစုစောင့်ရှောက်တဲ့အခါကျ အချိန်ဆိုတာ ကုန်မှန်မသိကုန်သွားမှာပါ။ ဒီတော့အချိန်မကုန်ခင် အနာဂတ်မျိုးဆက်တွေအတွက် ကိုယ်ဝန်ဆောင်ကာလအကြောင်းကို စာရေးထားတာ အသံသွင်းထားတာတွေလုပ်ပါ။ နောက်နှစ်တွေကြာလာတဲ့အခါ ကလေးကလူကြီးဖြစ်လာရင် ကလေးလေးလောကကြီးထဲ မရောက်ခင်အချိန်ကို တအံ့တသြနဲ့ဝမ်းသာနေမှာပါ။ သေတ္တာတစ်လုံးယူပြီး ကိုယ်ဝန်မဆောင်ခင်၊ ဆောင်ထားတုန်း ပုံတွေ ယောက်ျားပုံ၊ အိမ်မွေးတိရိစ ္ဆာန်လေးတွေပုံ၊ အိမ်ပုံ၊ အခုလက်တလောထွက်ထားတဲ့ မဂ္ဂဇင်းတွေ၊ သတင်းစာတွေ၊ ဒီကိုယ်ဝန်နဲ့ပတ်သက်ပြီး သိမ်းထားချင်တဲ့ဟာတွေ ထည့်သိမ်းထားလိုက်ပါ။ မြေမြှုပ်ဖို့အထိတော့ မလိုပါဘူး။ ကလေးလေးကြီးပြင်းလာပြီး ဒါတွေကို တန်ဖိုးထားနိုင်တဲ့အချိန်ကျမှထုတ်ပြဖို့ သိမ်းထားရင်ရပါပြီ။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ကလေးမွေးဖို့ လတွေအမျာကြီးကျန်သေးတယ်ဆိုပေမယ့် ရင်သားကစပြီးပြင်ဆင်နေပါပြီ။ ရလဒ်အနေနဲ့ကတော့ နို့ပြွန်တွေပိတ်တာပါ။ ဒိလိုမျိုး တင်းနေပြီးကိုင်လိုက်ရင် ပျော့ပြီးနီနေတာက ကိုယ်ဝန်အစပိုင်း မွေးအပြီးမှာ အဖြစ်များပါတယ်။ ရေနွေးနွေးလေနဲ့ အုံပေးတာ ညင်ညင်သာသာလေးနှိမ့်ပေးတာမျိုးကို ရက်နည်းနည်းလောက် လုပ်ပေးပါ။ ကျွမ်းကျင်ပညာရှင် တစ်ချို့ကပြောတာအုံပါတဲ့ ဘရာဇီယာမျိုး မဝတ်သင့်ဘူးတဲ့။ ဒါပေမယ့် ကိုယ်ကိုအထောက်အပံ့ကောင်းကောင်းပေးတဲ့ ဘရာဇီယာမျိုးကို ဝတ်ဖို့မမေ့ပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း တစ်လတစ်ခါ ရင်သားစစ်ဆေးမှုလုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ရှိချိန်မှာ အကြိတ်ကရင်သားအပြောင်းအလဲကြောင့်စမ်းရခက်ပေမယ့် စမ်းသပ်ကြည့်ဖို့က အရေးကြီးပါတယ်။ နောက်တစ်ခါ ဆရာဝန်နဲ့သွားပြရင် ရင်သားတွေ ယောင်နေရင် ပြောပြဖို့မမေ့ပါနဲ့။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

အခုချိန်ကစပြီး ဆရာဝန်ဆီသွားပြရတာ အကျင့်တစ်ခု ဖြစ်နေလောက်ပါပြီ။ ဆရာဝန်ရဲ့ကုသပုံ ကိုယ်ကစစ်ဖို့ လိုအပ်တာပေါ် မူတည်ပြီးအောက်ပါစစ်ဆေးမှုကိုလုပ်ပါလိမ့်မယ်။

• အလေးချိန် သွေးပေါင် တိုင်းခြင်း
• ဂလူးကိုးစ်နဲ့ ပရိုတင်းအတွက် ဆီးစစ်ခြင်း
• သန္ဓေသားနှလုံးခုန်နှုန်းစစ်ခြင်း
• မွေးမယ့်အချိန်တွက် ဖို့သားအိမ်အခြေအနေကို အပြင်ဘက်ကနေစစ်ဆေးခြင်း
• သားအိမ်ထိပ် အမြင့်တိုင်းခြင်း
• ခြေလက်ယောင်မယောင် သွေးပြန်ကြောတွေ ဖောင်းတွန့်ရှည်ဖြစ်နေလားစစ်ခြင်း
• ဒီရက်ပိုင်းဖြစ်တဲ့လက္ခဏာတွေ ပုံမှန်ဆိုလက္ခဏာတွေမရှိရပါဘူး။
မေးခွန်းတွေ သိချင်တဲ့အကြောင်းကို စာရင်းနဲ့မှတ်ပြီး ဆရာဝန်ကို မေးပါ။

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

ကဖင်းဓါတ်နဲ့ သကြားအစားထိုးအချိုအမှုန့်များ

ကဖင်းဓါတ်တွေ သတ်မှတ်ပမာဏထက် မများသေးတဲ့အထိတော့ အချိုလျှော့ထားတဲ့ဆိုဒါတွေကို သောက်လို့ရပါသေးတယ်။ ကဖင်းဓါတ်ကို တစ်နေ့ ၂၀၀ မီလီဂရမ်ထက် ပိုမသုံးသင့်ပါဘူး။ သကြားအစားထိုးအမှုန့်တွေမထည့်တာပိုကောင်းပါတယ်။ အချိုရည်တွေ ကြိုက်လို့သောက်ချင်ရင် တစ်နေ့ကို တစ်ဘူးနှစ်ဘူးလောက်ပဲသောက်ပါ။ ဒါပေမယ့် ရေ၊ နွားနို့၊ အသီးဖျော်ရည်တွေကိုရေဓါတ်အလုံအလောက်ရအောင် များများစားပေးဖို့လိုပါတယ်။

အသည်း

သားငါးတွေရဲ့အသည်းက ဗီတာမင် သတ္တုဓါတ် ပရိုတင်းတွေ ကြွယ်ဝလို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာလို့ ယူဆကြပေမယ့် မပြောင်းလဲနိုင်တဲ့ ရက်တီနောပုံစံအနေနဲ့ရှိနေတဲ့ ဗီတာမင်အေတွေ အရမ်းများနေတယ်။ ဒီမပြောင်းလဲနိုင်တဲ့ ဗီတာမင်အေတွေကို ဥ၊ နို့ နဲ့ အသည်းလိုမျိုးအစာတွေမှာ တွေ့ရပါတယ်။ ဗီတာမင်အေ အစားများရင် ကလေးကို ကိုယ်အင်္ဂါမပြည့်မစုံဘဲ မွေးတာမျိုးဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်လ အစပိုင်းတွေမှာစားရင်ပါ။ အမဲအသည်းဆို နေ့စဉ်ပုံမှန်စားရမယ့် အများဆုံးမပြောင်းလဲနိုင်တဲ့ ဗီတာမင်အေပမာဏရဲ့ ၃ဆလောက်ပါပါတယ်။ ဒါတောင် အစိတ်အပိုင်း တစ်ချို့ပါပဲ။ နေ့တိုင်းတော့ မစားသင်ပါဘူး။ အသည်းကို တစ်လတစ်ခါ နှစ်ခါလောက်စားတာတော့ အန္တရာယ်မဖြစ်နိုင်ပါဘူး။

၂၂ ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။

HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇူလိုင် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 26, 2018

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။