ကလေးမွေးဖွားရာမှာ အများဆုံးသုံးတဲ့ နည်းလမ်းကတော့ ခွဲမွေးတာပါပဲ။ ဒီနည်းလမ်းဟာ ကလေးမွေးတဲ့အချိန်မှာ မိခင်ရဲ့ ဝမ်းဗိုက်နဲ့ သားအိမ်ကို အပေါက်သေးသေးလေး ခွဲပြီး ကလေးကို ထုတ်တာပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ကလေးမွေးဖွားရာမှာ အများဆုံးသုံးတဲ့ နည်းလမ်းကတော့ ခွဲမွေးတာပါပဲ။ ဒီနည်းလမ်းဟာ ကလေးမွေးတဲ့အချိန်မှာ မိခင်ရဲ့ ဝမ်းဗိုက်နဲ့ သားအိမ်ကို အပေါက်သေးသေးလေး ခွဲပြီး ကလေးကို ထုတ်တာပါ။
ဒီလိုခွဲမွေးတာမျိုးဟာ သဘာဝမွေးဖွားမယ့်အချိန်ထက် ပိုစောမွေးလို့ရပေမယ့် တကယ်လို့ မိခင်မှာ အန္တရာယ်များနေတဲ့အခြေအနေတွေရှိနေတယ်ဆိုရင်လည်း မိခင်နဲ့ ကလေးကို အန္တရာယ်ကင်းစေဖို့အတွက်လည်း ခွဲမွေးနိုင်ပါတယ်။
ဒါကတော့ သင့်ရဲ့ အခြေအနေပေါ်မှာမူတည်ပြီး စောင့်ဆိုင်းရတဲ့အချိန်ဟာ ၆လမှ ၂နှစ်ထိရှိနိုင်ပါတယ်။ ဒါဟာ သဘာဝအတိုင်းမွေးဖွားထားတဲ့ မိခင်တွေစောင့်ဆိုင်းရတဲ့ အချိန်ကာလနဲ့ အတူတူပါပဲ။
အန္တရာယ်အကင်းဆုံးကတော့ သင့်ခန္ဓာကိုယ်က ပြောင်းလဲမှုတွေနဲ့ အသားကျတဲ့အချိန်ထိ တတ်နိုင်သမျှ ကြာကြာစောင့်ဆိုင်းတာပါပဲ။ ဒါပေမဲ့ လူတိုင်းရဲ့ အခြေအနေက တူညီကြတာမဟုတ်ပါဘူး။ အကောင်းဆုံး အကြံဉာဏ်ကို ရယူနိုင်ဖို့ အတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ဒီအချိန်အတွင်းမှာ သင့်ခန္ဓာကိုယ်က သူ့အလိုလိုပျောက်ကင်းဖို့ ကုသနေမှာဖြစ်ပြီး ဆုံးရှုံးသွားတဲ့ အာဟာရတွေကို ပြန်လည်ဖြည့်တင်းနေတဲ့အပြင် သင့်ကလေးအတွက်လည်း နို့ရည်တွေ ထုတ်ပေးနေရပါသေးတယ်။
ဒီလို အလုပ်တွေ အများကြီး ဆောင်ရွက်ရခြင်းဟာ သင့်ခန္ဓာကိုယ်ကို ဝန်ပိစေတဲ့အတွက် နောက်ကလေးတစ်ယောက်ကို ဆက်ယူခြင်းက သင့်ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေတဲ့အပြင် ကလေးအတွက်လည်း အန္တရာယ်မကင်းလှပါဘူး။
ဥပမာ- ကိုယ်ဝန်ဆောင်စဉ်တုန်းက ကလေးနဲ့ အချင်းကို ပို့ထားပေးရတဲ့ သံဓာတ်တွေနဲ့ သွေးတွေ ဆုံးရှုံးထားတာကြောင့် ကလေးမွေးပြီးချိန်မှာ သွေးအားနည်းရောဂါတွေ ဖြစ်နေနိုင်ပါတယ်။
ခွဲမွေးတဲ့အမျိုးသမီးတွေကတော့ ရိုးရိုးမွေးတာနဲ့စာရင် သွေးကို ၂ဆဆုံးရှုံးထားရတာပါ။
မွေးပြီးချိန်မှာတော့ သင်ဟာ ပင်ပန်းပြီး နာကျင်နေနိုင်ပါတယ်။ ခါးနာတာမျိုးကို မပြောနဲ့။ နာကျင်နေတဲ့ နို့သီးခေါင်းတွေနဲ့ Perineum (စအိုနဲ့ မိန်းမကိုယ်ကြားနေရာ) တွေမှာ နာကျင်နေတာဟာ ရက်သတ္တပတ်အနည်းငယ်တော့ ကြာမြင့်ဦးမှာပါ။
ကလေးတစ်ယောက်မွေးဖွားခြင်းဟာလည်း သင့်မိသားစုအပေါ်မှာ ဖိစီးမှုအနည်းနဲ့အများဖြစ်စေပြီး မိခင်ဘဝကို အသစ်စဖို့အတွက် သင်ချင့်ချိန်ရမှာတွေ ရှိနေပါသေးတယ်။ ဒီလို ဖိစီးမှုတွေပေးတဲ့ ကိစ္စအားလုံးကြောင့်လည်း သင်ခါတိုင်းလို နေ့စဉ်ဘဝကို ရရှိနိုင်ဦးမှာ မဟုတ်ပါဘူး။
တကယ်လို့ ချက်ချင်းကြီး နောက်ထပ် ကလေးတစ်ယောက်ယူမယ်ဆိုရင် သားအိမ်ကွဲခြင်း ဒါမှမဟုတ် အချိန်မတိုင်မီမွေးခြင်း ဒါမှမဟုတ် အလေးချိန်မပြည့်တဲ့ကလေးမွေးခြင်း စတဲ့ ကိုယ်ဝန်ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။
ခန္ဓာကိုယ်အနားရဖို့အတွက်နဲ့ သူ့အလိုလို ကုသပျောက်ကင်းနိုင်ဖို့အတွက် အချိန်တစ်ခုပေးထားပါ။ သင်ကိုယ်တိုင်လည်း အနားယူချိန်များများယူခြင်းအားဖြင့် ကလေးကိုလည်း ပိုပြီးဂရုစိုက်နိုင်မယ့်အပြင် နောက်တစ်ယောက်အတွက်လည်း ပိုပြီးကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးနိုင်မှာပါ။
တကယ်လို့ မွေးဖွားပြီး ၁၈လမတိုင်ခင်မှာပဲ နောက်တစ်ကြိမ်ကိုယ်ဝန်ရခဲ့မယ်ဆိုရင်လည်း သိပ်စိတ်မပူပါနဲ့။ အချို့သောအမျိုးသမီးတွေ အထူးသဖြင့် ၃၅နောက်ပိုင်းအမျိုးသမ်းတွေမှာတော့ ချက်ချင်းကလေးထပ်ယူတာက ကိုယ်ဝန်ပြဿနာတွေကို ပိုနည်းစေတယ်လို့လည်း ဆိုကြပါတယ်။
ဒါကြောင့် နောက်တစ်ကြိမ် ကိုယ်ဝန်ထပ်ယူဖို့ ဘယ်အချိန်က အကောင်းဆုံးဖြစ်မလဲဆိုတာဟာ တစ်ယောက်ချင်းစီအပေါ်မူတည်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ပြောပြတိုင်ပင်တာက အကောင်းဆုံးအဖြေဖြစ်ပါလိမ့်မယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။