၂။ ကလေး အသက် ၅နှစ် မပြည့်ခင်အချိန်အထိ မသန့်ရှင်းတဲ့ နွားနို့၊ ဆိတ်နို့၊ ပဲနို့တွေ တိုက်တာမျိုး ရှောင်သင့်ပါတယ်။ တိုက်မယ်ဆိုရင်လည်း တစ်ရက်ကို ၂၄ အောင်စ (၇၁၀ မီလီ လီတာ) ထက် ပိုပြီး မတိုက်သင့်ပါဘူး။
၃။ သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများကျွေးပေးပါ။ အနီရောင်ရှိတဲ့ အသားတွေ (ဥပမာ- အမဲသား၊ ဝက်သား) ၊ ကြက်သား၊ ကြက်ဆင်သား၊ ကရုကမာကောင်၊ ပဲနီကလေး၊ ပဲတောင့်ရှည် အစရှိတဲ့ ပဲအမျိုးမျိုး၊ တို့ဟူး၊ အာလူး၊ သီဟိုဠ်စေ့၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပေါင်မုန့်ကြမ်းတွေကို အဓိက ကျွေးပေးပါ။
၄။ ဗီတာမင် C ဟာ ကိုယ်ခန္ဓါရဲ့ သံဓါတ်စုပ်ယူမှုကို အားကောင်းစေတဲ့အတွက် မေ့ထားလို့ မဖြစ်ပါဘူး။ ချဉ်တဲ့ အရသာရှိတဲ့ အသီးအနှံတွေ၊ စတော်ဘယ်ရီသီး၊ သခွားမွှေးသီး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း ကလေးတွေကို သေချာကျွေးပေးပါ။
၅။ ကိုယ့်ရဲ့ ကလေးမှာ သံဓါတ်ချို့တဲ့မှုနဲ့ သွေးအားနည်းရောဂါ ရှိ၊ မရှိကို သွေးစစ်ကြည့်ပါ။ အသက် ၉လ မှ တစ်နှစ်အရွယ်မှာ တစ်ကြိမ် စစ်ဆေးသင့်ပြီး နောက်ပိုင်းမှာလည်း ကလေးရဲ့ ကျန်းမာရေးကို မျက်ခြေမပြတ် စောင့်ကြည့်စစ်ဆေးသင့်ပါတယ်။
၆။ ကလေးက သံဓါတ်အားနည်းနေတယ်၊ တချို့အစားအစာတွေလည်း မစားဘူးဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သံဓါတ် ဖြည့်စွက်အားဆေးတွေ၊ multivitamin ဆေးဝါးတွေ တိုက်ပေးသင့်ပါတယ်။ သံဓါတ်အားနည်းမှုကို ကျန်းမာမျှတတဲ့ အစာအာဟာရနဲ့ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။