backup og meta

မိခင်လောင်းတို့အတွက် ကိုယ်အပူချိန်လျော့ချခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်လောင်းတို့အတွက် ကိုယ်အပူချိန်လျော့ချခြင်း

    နွေရာသီမှာ ဗိုက်ပူပူကြီးနဲ့ နေရတာ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်တော့ တကယ့်ကို ဒုက္ခတစ်ခုပါပဲ။ ဒါ့အပြင် ကိုယ်ဝန်ကြောင့် အော့အန်ခြင်းတွေ၊ မအီမသာဖြစ်ခြင်းတွေဟာလည်း နွေပူပူမှာ စိတ်မသက်သာစရာတွေပါ။

    ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိဘူးဆိုရင် စိတ်ဖိစီးမှုအပိုတွေ ရလာနိုင်ပါတယ်။ အောက်ဖော်ပြမည့် အကြောင်းအရာတို့က ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်ချိန် အပူများခြင်းကို ရင်ဆိုင်နိုင်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

    မိခင်လောင်းတို့အတွက် ကိုယ်အပူချိန်လျော့ချခြင်း

    မိခင်လောင်းတို့အတွက် ကိုယ်အပူချိန်လျော့ချဖို့ နည်းလမ်းကောင်းတွေကတော့

    • ရေပိုသောက်ပေးပါ။

    သာမန်လူတွေ နွေရာသီမှာ ရေပိုသောက်ဖို့ လိုသလို ကိုယ်ဝန်ဆောင်မိခင်တွေ လည်း လိုပါတယ်။ နွေရာသီမှာ ရေပိုသောက်ပေးခြင်းက ရေဓါတ်ပြည့်ဝနေစေရန် ကူညီပေးခြင်းဖြင့် ခြေထောက်များ မဖောရောင်အောင် ပြုလုပ်ပေးပါတယ်။

    အပြင်သွားရင် ရေခဲရေ ဒါမှမဟုတ် ရိုးရိုးရေ တစ်ဘူးလောက် ယူဆောင်သွားပြီ ပုံမှန်သောက်ပေးဖို့ မမေ့ပါနှင့်။

    • ကဖင်းမှီဝဲခြင်းကို လျော့ချပေးပါ။

    ကဖင်းက စွဲနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တော်တော်များများ ကဖင်းကို မမှီဝဲပဲ မနေနိုင်ကြပါဘူး။ ဒါပေမဲ့ ကဖင်းက သွေးပေါင်ချိန်နဲ့ ကိုယ်တွင်း အပူချိန် တက်စေနိုင်တယ်ဆိုတာတော့ သိထားသင့်ပါတယ်။ ဆီးအိတ်ကိုလည်း လှုံ့ဆော်တာကြောင့် မကြာခဏ ဆီးသွားအောင်လုပ်ပါလိမ့်မယ်။

    ခန္ဓါကိုယ်အပူချိန် လျော့ချဖို့ ကော်ဖီအစား သစ်သီး ဖျော်ရည်တို့၊ အချိုရည်တို့နဲ့ ရေတို့ကို ပြောင်းသောက်ပေးပါ။

    • ရေကူးကန် သို့မဟုတ် ကမ်းခြေသွားပေးပါ။

    ကိုယ်ဝန်ဆောင်စဉ် ကျန်းမာနေစေဖို့ မိခင်လောင်များအား ရေကူးပေးရန် ဆရာဝန်များက အကြံပြုထားပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ရေနှင့်အတူ သာသာယာယာလေး လုပ်ရှားပေးမယ်ဆိုရင် ကိုယ်အလေးချိန် ခဏတာထိန်းထားနိုင်ပါမယ်၊ ကိုယ်အပူချိန်ကျသွားပါမယ်၊ နာကျင်ကိုက်ခဲခြင်းတွေကိုလဲ သက်သာစေနိုင်ပါတယ်။

    ရေမကူးတတ်ဘူးဆိုရင် ရေချိုးဇလုံထဲမှာ အမွှေးနံ့သာအဆီ အနည်းငယ်ထည့်ပြီး ဝင်စိမ်နိုင်ပါတယ်။ ရေးအေးအေးလေးက အကောင်းဆုံးပါပဲ။ ရေဖြည့်ထားတဲ့ ရေခွက်ထဲကို ရေခဲအနည်းငယ်ထည့်ပြီး ၁၅မိနစ်ကနေ မိနစ်၂၀အထိ ခြေထောက်ရေစိမ်ပေးနိုင်ပါတယ်။

    • ဝမ်းအေးစာများစားပေးပါ။

    ကိုယ်အပူအချိန် တက်စေလား၊ ကျစေလား အပေါ်မူတည်ပြီး အစာအုပ်စုများခွဲခြားထားပါတယ်။ အရည်ရွှမ်းတဲ့ အသီးများဖြစ်သော ဖရဲသီး၊ ဘယ်ရီသီးနှင့် ဟင်းသီးဟင်းရွက်များဖြစ်သော ဆလတ်ရွက်၊ သခွားသီး၊ ပဲသီးအစရှိသဖြင့် တို့သည် ဝမ်းအေးစာများ ဖြစ်ကြပါတယ်။

    နွေပူပူမှာ ဖရဲသီးအစိတ်လေးများစားမလား၊ ဖျော်ရည်လုပ်သောက်မလား ကြိုက်သလို ပြုလုပ်စားသောက်နိုင်ပါတယ်။ ပုံမှန် ဟင်းရည်ပူများအစား ခရမ်းချဉ်သီး၊ ဟင်းနုနွယ်တို့လိုမျိုး ဟင်းချိုအေးအေးလေးတွေ လုပ်သောက်နိုင်ပါတယ်။

    ဒိန်ချဉ်အေးအေးလေးထဲမှာ သစ်သီးအချို့ထည့်သွင်း စားသုံးခြင်းဟာလည်း ကိုယ် အပူချိန် လျော့ချဖို့ အကြံကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

  • အေးသော နေရာတွင် နေပါ။

  • အခန်းအပူချိန်ကို ၂၇နဲ့ ၂၈ကြားမှာထားပြီး အခန်းတွင်သို့ နေရောင်မဝင်စေရန် လိုက်ကာများ ချထားပါ။ လန်းဆန်းနေစေဖို့ အိမ်ရာမဝင်ခင်မှာ ရေအေးအေးလေးဖြင့် ရေချိုးပေးပါ။ ကိုဝန်ဆောင်ရှိ ဟော်မုန်းများက အရေပြားအား နေရောင်မခံနိုင်အောင် လုပ်နိုင်တာကြောင့် အရိပ်ထဲတွင်နေပါ။

    အပြင်ထွက်မယ်ဆိုရင်လည်း အဝတ်လုံလုံခြုံခြုံဝတ်ဆင်ပါ။ ကိုယ်အပူချိန်လျှော့ချဖို့ ခေါက်ယပ်တောင်လေးကိုလည်း အိတ်ထဲမှာ ထည့်ထားဖို့ လိုပါလိမ့်မယ်။

    ၈ကီလိုကနေ ၁၀ကီလို ပတ်ဝန်းကျင်ရှိတဲ့ အရာတစ်ခုကို သယ်ထားရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ယင်းက မိခင်လောင်းများကို သာမန်ထက် ချွေးပိုထွက်စေပါတယ်။

    အခြားလူများထက်လည်း ရေဓါတ်လွယ်လွယ် ခမ်းခြောက်နိုင်ပါတယ်။ ဒါကြောင့် အထက်ပါ အကြံပြုချက်များကို စမ်းသပ်အသုံးပြုခြင်းက စိတ်ပျက်စရာကောင်းတဲ့ နွေရာသီမှာ အဆင်ပြေသွားစေဖို့ ကူညီပေးမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement