backup og meta

ကိုယ်ဝန်ဆောင်မိခင်များအတွက် တတိယလပတ်လမ်းညွှန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မိခင်များအတွက် တတိယလပတ်လမ်းညွှန်

    မိခင်လောင်းတွေအတွက် မွေးဖွားမယ့်ရက် နီးကပ်လာတဲ့အချိန်မှာ သူတို့ဟာ အရမ်းကို စိတ်လှုပ်ရှားနေတတ်ကြပြီး သူတို့ရဲ့ကလေးငယ်လေးကို ပိုက်ထွေးထားရမယ့်အချိန်ကို မျှော်လင့်ရင်ခုန်နေတတ်ကြပါတယ်။

    ကိုယ်ဝန်ဆောင်ကာလ တတိယလပတ်ထဲ ဝင်လာတဲ့အခါ ကလေးငယ်ရဲ့ဖွံ့ဖြိုးပြောင်းလဲမှုတွေဟာ သင့်ကို ပင်ပန်းစေတာမျိုးတွေ၊ စိတ်ဖိစီးစေတာမျိုးတွေနဲ့ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

    ဒါပေမဲ့ ကောင်းမွန်တဲ့ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့အတွက် မိခင်လောင်းတွေ သတိပြုလုပ်ဆောင်ရမယ့်အချက်တွေရှိနေပါတယ်။

    ကလေးရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ပါ။

    ရက်သတ္တပတ် ၂၈ပတ်မြောက်ကိုရောက်လာပြီဆိုတာနဲ့ သင့်ကလေးရဲ့ လှုပ်ရှားမှုတွေနဲ့ ကန်တာတွေမှာ ပြောင်းလဲလာတာ ရှိလားဆိုတာကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုလာပါပြီ။ အထူးသဖြင့် ၉လထဲရောက်လာပြီဆိုတာနဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေကို သတိထားဖို့ လိုအပ်လာပါပြီ။

    သင့်ရဲ့အလေးချိန်တိုးလာမှုတွေကို စောင့်ကြည့်ပါ။

    တတိယလပတ်အစမှာ အစာစားချင်စိတ်တွေ အရမ်းတိုးလာတာကို ခံစားနေရမှာပါ။ ဒါကြောင့် ဒီအချိန်မှာ အလေးချိန်ထိန်းဖို့ဆိုတာ အနည်းငယ်တော့ ခက်ခဲမှာပါ။

    တကယ်လို့သင်က အလေးချိန်အရမ်းတိုးလာပြီဆိုရင် ဒါမှမဟုတ် တတိယကိုယ်ဝန်ပတ်တွေရဲ့ စံအလေးချိန်ကို မရနိုင်တော့ဘူးဆိုရင် ဆရာဝန်ထံမှ အကြံပြုချက်ရယူပါ။ ဒါမှမဟုတ် မှန်ကန်တဲ့လမ်းကြောင်း(စားသောက်မှုပုံစံ)ကို ချိန်ညှိပါ။

    ကလေးနို့တိုက်ဖို့ လိုအပ်သမျှအရာအားလုံးကို ပြင်ဆင်ပါ။ : ဒါဟာတကယ်တမ်းတော့ သိပ်ပြောနေစရာလိုမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မိခင်လောင်းတိုင်းကတော့ ကိုယ်ဝန်ရှိစဉ်တည်းက သူတို့နို့တိုက်ချိန်မှာ ကလေးအတွက်လိုအပ်မဲ့အရာအားလုံးကို ပြင်ဆင်ထားတတ်လေ့ရှိလို့ပါပဲ..(ဥပမာ နို့ဘူးတွေ၊ ကလေးအနှီးတွေ၊ diapersတွေ၊ wipesတွေ၊ နို့သီးခေါင်းအတုတွေနဲ့ နို့မှုန့်တွေ အစရှိသဖြင့်ပေါ့)။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်မရှိဘူးမဟုတ်လား။

    ဆေးရုံကို သွားပါ။

    ဘယ်ဆေးရုံမှာ မွေးမယ်ဆိုတာ ဆုံးဖြတ်ပြီးရင် မွေးဖွားမယ့်နေရာ သို့မဟုတ် ဆေးရုံနဲ့ ရင်းနှီးကျွမ်းဝင်အောင် သွားလည်တာမျိုး သွားကြည့်တာမျိုး လုပ်သင့်ပါတယ်။ ဒါ့အပြင် ၇လထဲရောက်တဲ့အခါ သင့်ကလေးအတွက် ကလေးအထူးကုကို ရွေးချယ်နိုင်ပါပြီ။

    ငွေကြေးအတွက်သေချာပြင်ဆင်ပါ။

    ကလေးမမွေးဖွားခင် သင်နဲ့သင့်လက်တွဲဖော်ဟာ ကလေးတစ်ယောက်ကို မွေးမြူရမယ့် စရိတ်တွေကို သေချာဂရုတစိုက်တွေးတောသင့်ပါတယ်။ သေချာလုပ်ထားတဲ့အစီအစဉ်တိုင်းလိုက်နာပြီး ပိုက်ဆံကို စတင်စုဖို့လိုအပ်လာပါလိမ့်မယ်။

    ကလေးအတွက် လိုအပ်တဲ့ပစ္စည်းတွေပြင်ဆင်ပါ။

    ပိုက်ဆံစုပြီးတဲ့အခါ ဒီပိုက်ဆံတွေကို ဘယ်နေရာတွေမှာ အသုံးချမလဲဆိုတာကို စဉ်းစားဖို့ လိုအပ်လာပါပြီ။ ပထမဆုံး ကလေးအတွက်လိုအပ်နိုင်မယ့် အရာတွေအားလုံးကို ဝယ်ယူပါ။ (ဥပမာ- တွန်းလှည်း၊ ပုခက်၊ ကလေးထိုင်ခုံ၊ နို့ညှစ်ကိရိယာ၊ cottage ၊ ကားထိုင်ခုံ )

    ကလေးကို ပြုစုစောင့်ရှောက်ဖို့ သင်ယူပါ။

    သင့်မိခင်နဲ့ဆွေမျိုးတွေဆီက အကြံဉာဏ်ယူတာအပြင် ကလေးမွေးဖွားခြင်းသင်တန်းတွေ တက်ခြင်းအားဖြင့် မွေးဖွားမယ့်နေ့အတွက် ပိုပြီး ယုံကြည်မှုတွေရှိလာနိုင်ပြီး မွေးဖွားပြီးတဲ့အခါ ကလေးကို ပြုစုစောင့်ရှောကရမယ့် အရည်အသွေးတွေကို သင်ယူနိုင်မှာပါ။

    နို့တိုက်ခြင်းအတွက်လည်း ဘယ်လိုတွေလုပ်ရမယ်ဆိုတာနဲ့ ဘာကြောင့် ၁နှစ်ပြည့်တဲ့အထိ(အနည်းဆုံး) နို့တိုက်ကျွေးရလဲဆိုတဲ့အကြောင်းရင်းတွေကို သင်ယူဖို့လညး လိုအပ်ပါသေးတယ်။

    ကလေးမွေးဖွားမယ့်အဆင့်တွေကို သင်ယူခြင်း။

    ကလေးငယ်ကို ဘဝသစ်ကိုခေါ်ဆောင်ရာမှာ အဆင်သင့်ဖြစ်နေစေဖို့အတွက် မမွေးဖွားခင်နဲ့ မွေးဖွားစဉ်အချိန်တွေမှာ ဘယ်လက္ခဏာတွေပြမလဲဆိုတာကို သိနေဖို့လည်း အရေးကြီးပါတယ။်

    ကလေးကိုဘယ်လို အပြင်ကိုတွန်းထုတ်မလဲဆိုတာနဲ့ သန္ဓေသားကို ဘယ်လိုမွေးဖွားမလဲဆိုတာတွေကို သင်ယူဖို့လည်း လိုအပ်ပါတယ်။

    ပုံမှန်စစ်ဆေးမှုတွေအတွက် အချိန်ဇယားဆွဲပါ။

    ၇လနဲ့ ၈လထဲမှာ ဂလူးကို့စ်လယ်ဘယ်နဲ့ အုပ်စု B သွေးအားနည်းခြင်းတွေအတွက် စစ်ဆေးမှုတွေ ခံယူရမှာပါ။

    နောက်ဆုံးလမှာတော့ သင့်ရဲ့သားအိမ်ခေါင်း ပါးလွှာမှုအခြေအနေနဲ့ ပွင့်နိုင်တဲ့အဆင့်တွေကိုစစ်ဆေးနိုင်ဖို့အတွက် သားအိမ်ခေါင်းစစ်ဆေးမှုကို ဆရာဝန်က ပြုလုပ်ပေးပါလိမ့်မယ်။

    နောက်ဆုံး၃လမှာ တကယ်လို့ သင်ကပုံမှန်အတိုင်းဖြစ်နေဆဲဆိုရင်တော့ အကောင်းဆုံးဟာ Pilates တို့၊ ယောဂသို့မဟုတ် ရေကူးခြင်းတို့လို ပျော့ပျောင်းတဲ့ လေ့ကျင့်ခန်းတွေ လုပ်သင့်ပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement