backup og meta

ကိုယ်ဝန်ဆောင်ချိန်တွင် သင့်ခန္ဓါကိုယ်သည် မည်သို့ ပြောင်းလဲပါသနည်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်တွင် သင့်ခန္ဓါကိုယ်သည် မည်သို့ ပြောင်းလဲပါသနည်း

    ကိုယ်ဝန်ကိုးလကျော်လာချိန်တွင် မိခင်လောင်းများသည် သူမတို့ ခန္ဓါကိုယ်တွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကိုတွေ့ကြုံကြရသည်။ သူမတို့ ဝမ်းဗိုက်အရွယ်အစားကြီးလာသည်မှစ၍ နှလုံးခုန်နှုန်းတိုးလာခြင်းကိုလည်း ခံစားကြရသည်။

    ရင်သားများပြောင်းလဲခြင်း။ ။ ကိုယ်ဝန်ပထမသုံးလတွင် သင့်ရင်သားများ ကြီးလာပြီးတင်းလာကြောင်းခံစားမိလိမ့်မည်။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ နို့ဦးရည်များ စိမ့်ထွက်လာခြင်းကို သတိပြုမိလိမ့်မည်။ ထိုအခြေအနေတွင် သက်တောင့်သက်သာဖြစ်စေမည့် ဘရာစီယာပုံစံများကိုဝတ်ဆင်သင့်သည်။

    နှာခေါင်းပိတ်ခြင်း။ ။ ကိုယ်ဝန်ဆောင်ချိန်တွင် အဖြစ်များသော အခြေအနေတစ်ခုမှာ နှာခေါင်းပိတ်ခြင်း၊ နှင့် နှာရည်ယိုခြင်း ဖြစ်သည်။ ကလေးအတွက် သင့်သွေးပမာဏ တိုးလာသည့်အတွက် အသက်ရှူလမ်းကြောင်းကို ဖိအားဖြစ်စေသည်။ ထိုသို့ဖြစ်လျှင် နှာခေါင်းထဲသို့ ဆေလိုင်းအရည်ထည့်ပေးခြင်း သို့မဟုတ် နှာခေါင်းထဲမှ အချွဲများကိုစုပ်ထုပ်ခြင်းကို ပြုလုပ်နိုင်သည်။

    မကြာခဏဆီးသွားခြင်း။ ။ သွေးပမာဏများလာသောကြောင့် ကျောက်ကပ်သည်လည်း ဖိအားကို နှစ်ဆခံစားရသည့်အတွက်မကြာခဏ ဆီးသွားရနိုင်သည်။ ထိုအခြေအနေသည် ကိုယ်ဝန်လရင့်လာသည့်နှင့်အမျှ ကလေး၏ ကိုယ်အလေးချိန်သည်လည်း ဆီးအိမ်ကို ဖိသောကြောင့် ပိုအကြိမ်ရေများလာသည်။ ၎င်းသည် ပုံမှန်အခြေအနေပင်ဖြစ်ပြီး မစိုးရိမ်ပါနှင့်။

    သွားနှင့် အရိုးများတွင်ပြောင်းလဲခြင်း။ ။ သင့်ခန္ဓါကိုယ်သည် ကလေး၏ ဖွံ့ဖြိုးမှုအတွက်ကယ်ဆီယမ်ဓါတ်ကိုပို၍ ထုတ်ရန်လိုအပ်သောကြောင့် သင့်အာဟာရတွင်လုံလောက်သော ဓါတ်ပမာဏကို မရလျှင် သွားနှင့် အရိုးများကို ထိခိုက်စေနိုင်သည်။

    ကိုယ်ဝန်ဆောင်ချိန်တွင်ထွက်သော ဟော်မုန်းများသည် သင့်သွားဖုံးကို ထိခိုက်စေနိုင်သောကြောင့် မကြာခဏသွေးထွက်စေနိုင်သည်။ ထို့ကြောင့် သွားကျန်းမာရေးအတွက် သွားဆရာဝန် နှင့် ပြသရန်လိုအပ်ပါသည်။

    နာကျင်ကိုက်ခဲမှုများဖြစ်ခြင်း။ ။ သင့်၏ အရိုးနုများနှင့် အရွတ်များသည် ကိုယ်ဝန်ဆောင်ချိန်တွင် ကလေးကြီးထွားသည်နှင့်အမျှ လိုက်လျောညီထွေဖြစ်စေရန် နှင့် မွေးသည့်အချိန်တွင် ကလေးထွက်စေရန် ဆန့်ထွက်ပေးရသောကြောင့် သင့်ခန္ဓါကိုယ်အောက်ပိုင်းတွင် နာကျင်ကိုက်ခဲခြင်းများဖြစ်နိုင်သည်။ လက်နှစ်ဘက်လုံးတွင်လည်း Carpel Tunnel Syndrome ဟုခေါ်သော အာရုံကြောညှပ်သောရောဂါ ဖြစ်စေနိုင်သည်။ ထိုအခြေအနေသည် လက်ချောင်းများနှင့် လက်ဖဝါးတွင် နာဗ့်ကြောများကိုဖိအားရှိသောကြောင့် ဖြစ်သည်။ ထိုအခြေအနေ၌ ကိုယ်ဝန်ဆောင်ချိန်တွင် သုံး၍ရသော ဆေးတို့ကိုအသုံးပြုနိုင်သည်။ ဆရာဝန်မှ ညွှန်ကြားသည့်သောက်ရန်လိုအပ်သည်။ ထို့အပြင် ဆရာဝန်မှ နာကျင်မှုသက်သာစေရန် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးရန်လည်း ညွှန်ကြားနိုင်သည်။

    အသက်ရှုကြပ်ခြင်း။ ။ ကိုယ်ဝန်နောက်ဆုံးသုံးလတွင်ကလေးသည် ကြီးထွားလာသောကြောင့် သင့်ရင်ခေါင်းကြွက်သားကိုမသက်မသာဖြစ်စေသည်။ လေဝင်နည်းပြီး အသက်ရှုရခက်သည့်အခြေအနေလည်း ကြုံရနိုင်သည်။ သင်နေရတာ မသက်မသာဖြစ်လျင် အဆင်ပြေမည့် အနေအထားကိုပြောင်းလဲပြီး အသက်ရှူရလွယ်ရန်ပြုလုပ်ပေးပါ။

    ခန္ဓါကိုယ်တွင် ကလေး၏အလေးချိန်ကိုလည်း သယ်ဆောင်ရပြီး၊ ဟော်မုန်းပြောင်းလဲမှုလည်း ရှိသောကြောင့် အမေများသည် ခန္ဓါကိုယ်သည် အံသြစရာကောင်းစွာ ပြောင်းလဲနိုင်သည်ကို တွေ့ကြုံကြရသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အသားခြောက်ခြင်း၊ အဆစ်များရောင်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ ရင်သားများကြီးလာခြင်း၊ နှင့် အသက်ရှူရခက်ခြင်းများ ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Su Sandy မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement