အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ရောဂါတစ်ခုခုခံစားနေရရင် ကိုယ်ဝန်ဆောင်တဲ့အခါမွေးလာမယ့်ကလေးကို ထိခိုက်မလား၊ ကိုယ်ဝန်ရောဆောင်လို့ရပါ့မလားဆိုပြီး စိတ်ပူတတ်ကြတာ အမျိုးသမီးတိုင်းနီးပါးပါ။မေမေဖြစ်ချင်ပေမယ့် အတက်ရောဂါရှိနေလို့မေမေဖြစ်ခွင့်ရပါ့မလားလို့တွေးနေတဲ့မေမေတို့အနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။

အမျိုးသမီးများနဲ့ အတက်ရောဂါ

အတက်ရောဂါက အမျိုးသမီးတွေအနေနဲ့ မပေါ့သင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အတက်ရောဂါကိုခံစားရပုံချင်း ကအမျိုးသမီးတစ်ဦးနဲ့ တစ်ဦးမှာလည်း မတူတတ်ကြပြန်ပါဘူး။ ကိုယ်တွင်းကဟော်မုန်းပမာဏ၊ ရာသီစက်ဝန်း၊ ကိုယ်ဝန်ဆောင်ကာလ၊သွေးဆုံးချိန်တွေပေါ်မှာလိုက်ပြီးကွာခြားနိုင်ပါတယ်။ အတက်ရောဂါကို ကုသမှုကဟော်မုန်းပမာဏကို ထိခိုက်နိုင်ပါတယ်။ ကိုယ်တွင်းမှာ အမျိုးသမီးတွေအတွက်အရေးပါတဲ့ အက်စထရိုဂျင်ဟော်မုန်းနဲ့ progesterone တို့မျှတမှုမရှိတဲ့အခါ အတက်ရောဂါဖြစ်လာရတာပါ။

အတက်ရောဂါရှိသူတွေကိုယ်ဝန်ဆောင်လို့ရလား……..

အတက်ရောဂါရှိသူ အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်လို့ရပါတယ်။ ဒါပေမယ့် သာမန်အမျိုးသမီးတွေထက်စာရင်တော့ အန္တရာယ်များတာပေါ့။ ဘယ်လိုထိခိုက်မှုတွေဖြစ်နိုင်လဲဆိုတော့ အတက်ရောဂါကြောင့် မိခင်ကျန်းမာရေးကို ထိခိုက်နိုင်သလိုဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ကိုယ်ဝန်မဆောင်ရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ အတက်ရောဂါရှိနေပေမယ့်လည်း ကျန်းမာရေးကိုသေချာလေးဂရုစိုက်မယ်ဆိုရင် အတက်ရောဂါရှိပေမယ့်လည်း ကိုယ်ဝန်ဆောင်နိုင်မှာပါ။

ဒါပေမယ့် အတက်ရောဂါရှိသူတွေက သန္ဓေအောင်နိုင်ခြေနည်းပါတယ်။ အတက်ရောဂါရှိတဲ့လေဒီတွေရဲ့ မျိုးအောင်နိုင်စွမ်းက ပုံမှန်ထက်နည်းနေတတ်ပြီး ရာခိုင်နှုန်းအနေနဲ့ပြောမယ်ဆိုရင် ၂၅ ရာခိုင်နှုန်းကနေ ၃၃ ရာခိုင်နှုန်းအတွင်းမှာပဲရှိပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး (၄)ခွန်း

အမျိုးသမီးလေးတွေ ရာသီလာစောရတာ ကိုယ်ဝန်ရနိုင် အပျိုဖော်ဝင် လေ့ကျင့်ခန်း သားအိမ် ရာသီသွေး ရာသီလာချိန် လစဉ်သုံး ခေါင်းမလျှော်ရဘူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

မုဒိမ်းမှုတစ်ခုရဲ့ သားကောင်ကို နောက်ဆက်တွဲ ဂယက်တွေထဲက ဆွဲထုတ်တဲ့အခါ

မုဒိမ်းကျင့်ခံရတယ် ကိုယ်ဝန် လိင်ပိုင်းဆိုင်ရာ ကူးစက်တတ်တဲ့ ရောဂါ ပေါက်ပြဲဒဏ်ရာ အဓမ္မကျင့်ခံရသူ အရေးပေါ်သန္ဓေတားဆေး စိတ်ဒဏ်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား

ကြောင် အိပ်ရာ အိမ်မွေးတိရစ္ဆာန် ခွေး အတူအိပ်ခြင်း အိပ်စက်ခြင်း သံယောဇဉ် မိသားစု စိတ်ဖိစီးမှု အမွေးအမျှင် သန်းကောင် ရောဂါပိုးမွှား ယားနာ ကလေး ဓာတ်မတည့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကိုယ်တိုင် နို့ချိုတိုက်ကျွေးတဲ့ မေမေ တွေပဲ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

မေမေ မိခင်နို့ ဘေဘီလေး ကလေး ကလေးအာဟာရ နို့တိုက်ကျွေးခြင်း ကလေးကျန်းမာရေး အကျိုးကျေးဇူး ရောဂါကာကွယ်နိုင်ခြင်း ကိုယ်အလေးချိန် နို့တိုက်မိခင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

သွေးဆုံးချိန်မှာ ဘာတွေကြုံရတတ်သလဲ

သွေးဆုံးချိန်မှာ ဘာတွေကြုံရတတ်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2020 . 2 mins read

အိမ်အလုပ်ဆိုတာ အိမ်ထောင်ရှင်လေဒီတို့နဲ့ပဲ ဆိုင်တာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read
တားဆေးရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်

တားဆေးရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read

အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်းနဲ့ စိတ်ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 26, 2020 . 2 mins read