ကလေးက အဖော်အရမ်းမက်တယ် ဘယ်လိုလုပ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 5, 2020 . 2 mins read
Share now

ကလေးကအဖော်အရမ်းမက်လို့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူးဆိုတဲ့မေမေတွေရှိလား။ ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့တော့။ ဒီနည်းလမ်းလေးတွေကိုလက်တွေ့အသုံးချကြည့်ဖို့ပြောပါရစေ။

အဖော်မက်တာက ကလေးတွေရဲ့သဘာဝ

ကလေးတိုင်းလိုလိုက အဖော်မင်ကြသူတွေပါပဲ။ တစ်ယောက်တည်း မွေးထားတဲ့ကလေးတွေနဲ့ အကြီးတွေ အသက်ကွာလွန်းတဲ့ကလေးတွေက အခြားကလေးတွေထက် ပိုပြီးအဖော်မက်ကြပါတယ်။ အဖော်မက်တာက ပြဿနာမဟုတ်ပေမယ့် ကလေးက အဖော်မက်တာအရမ်းလွန်ပြီး သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်ခံ၊ ခိုင်းဖက်ဖြစ်လာတာကတော့ပြဿနာပါ။ မေမေတို့အနေနဲ့လည်း အရမ်းစိတ်မကောင်းဖြစ်မိမှာအမှန်ပဲလေ။ အဖော်မက်တဲ့ ကလေးတွေက သူငယ်ချင်းတွေဘာပြောပြောခေါင်းညိတ်လုပ်ပေးလို့ သူ့ကိုခင်နေရင်ပြီးရောနေနေတာက အချိန်ကြာလာတဲ့အခါပြဿနာရှိလာနိုင်ပါတယ်။

ကလေးက အဖော်အရမ်းမက်တဲ့ ပြဿနာကို ဒီလိုဖြေရှင်းပါ

လူဆိုတာ အပေါင်းအသင်းပတ်ဝန်းကျင်ရှိရမှာမှန်ပေမယ့် အကျိုးမပြုဘဲ အနိုင်ကျင့်တဲ့ ပတ်ဝန်းကျင်အခြေအနေကတော့ကောင်းကျိုးထက် ဆိုးကျိုးများလာနိုင်ပါတယ်။ ကလေးက အဖော်အရမ်းမက်နေပြီဆိုရင်….

ကလေးကို အချိန်ပေးပါ

ကလေးတွေ အဖော်အရမ်းမက်ရတဲ့ပြဿနာတစ်ခုက မိဘတွေက သူ့ကို အချိန်လုံလောက်အောင် မပေးနိုင်တာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ် အချိန်ပေးနိုင်အောင်ကြိုးစားပေးပါ။

နားထောင်ပေးပါ

ကလေးတွေမှာလည်း ငယ်သေးလို့တွေးပူတာမရှိဘူး၊ စိတ်ဖိစီးမှုမရှိဘူးမထင်ပါနဲ့။ ကလေးတွေမှာလည်း ရင်ဖွင့်ချင်တဲ့ အကြောင်းအရင်းတွေရှိနေပါတယ်။ ဒါကြောင့် ကလေးရဲ့ အရင်းနှီးဆုံး ရင်ဖွင့်ဖော်ကမေမေကိုယ်တိုင်ဖြစ်နေပါစေ။

ယုံကြည်မှုရှိအောင်မွေးပေးပါ

ကလေးကို လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ မျက်လုံးကိုကြည့်ပြီး ပြောတတ်အောင်လေ့ကျင့်ပေးပါ။ ကလေးကို ကိုယ့်ကိုကိုယ် ယုံကြည်မှုပြည့်နေအောင်မွေးမြူပေးပါ။ အခြားသူတွေနဲ့ ဆက်ဆံတဲ့အခါတိုင်း ယုံကြည်မှုရှိနေတော့ ကလေးက အခြားကလေးတွေကို အောက်ကျခံပြီးပေါင်းနေတာမျိုးနည်းသွားနိုင်ပါတယ်။

နွေးထွေးစွာဆက်ဆံပါ

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ကလေးတွေက အဖော်မင်ခဲကြပါတယ်။ ဒါကြောင့် ကလေးကိုမေမေနဲ့ဖေဖေကထွေးထွေးပိုက်ပိုက်ဆက်ဆံပေးပါ။

ပေါင်းသင်းဆက်ဆံတတ်အောင်သင်ပေးပါ

ပေါင်းသင်းဆက်ဆံမှုအရည်အချင်းက ကလေးရယ်၊ လူကြီးရယ်မှမဟုတ်ပါဘူး။ အရွယ်တိုင်းမှာရှိသင့်တာပါ။ ဒါကြောင့် ကလေးကို လူမှုပေါင်းသင်းဆက်ဆံရေးကောင်းအောင် သင်ကြားထားပေးပါ။ ကလေးကို မိသားစုထဲမှာလည်း လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ပေးထားပါ။ နားမလည်တာကိုပြန်မေးခွင့်ပြုပေးပါ။

ကလေးကို အိမ်မွေးတိရစ္ဆာန် လေးမွေးပေးပါ

ကိုယ်ပိုင်အိမ်မွေးတိရစ္ဆာန်ရှိတဲ့ကလေးတွေက အဖော်သိပ်မမက်တတ်ကြပါဘူး။ အကြောင်း ကသူ့မှာ ရင်ဖွင့်ဖော်၊ အတူကစားဖော်လေးရှိနေတာကိုး။ ဒါကြောင့် ကလေးကို ကာကွယ်ဆေးအပြည့်အစုံထိုးထားပြီးသား အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လောက်မွေးပေးတာလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။

ကလေးကို ကျောင်းလိုက်ပို့ပါ

ကလေးကို ကျောင်းလိုက်ပို့လို့ ကလေးရဲ့ သူငယ်ချင်းတွေနဲ့ ရင်းနှီးရမှုရယူပါ။ ဒါကလည်း ကလေးကို သူငယ်ချင်းကောင်းတွေရစေပြီး အဖော်အရမ်းမက်တဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မှာပါ။ ကလေးက သူငယ်ချင်းများလေလေ အဖော်အရမ်းမက်ပြီး အနိုင်ကျင့်ခံရနိုင်ခြေနည်းလေလေပါ။

ကလေးနဲ့အတူ ကစားပေးပါ

မေမေ၊ဖေဖေတွေက ကလေးရဲ့ ပထမဆုံးသူငယ်ချင်းတွေဆိုတာမမေ့ပါနဲ့။ အချိန်မအားရင်တောင်မှာ ကလေးကို အချိန်ပေးပြီး အတူတူကစားပေးပါ။ဖေဖေမေမေတို့နဲ့ အတူကစားနေရတာကြောင့် ကလေးက အခြားကလေးတွေနဲ့ဆော့ဖို့အချိန်နည်းသွားနိုင်ပါတယ်။

ကဲ ……အဖော်အရမ်းမက်တဲ့ သားသားမီးမီးတွေကို အဖော်မက်တာကြောင့် အနိုင်ကျင့်ခံရမှုကနေ ကာကွယ်ရအောင်လားမေမေတို့ရေ………………

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

ကိုရိုနာဗိုင်းရပ်စ် ဟာ အဝတ်အထည်၊ စက္ကူ၊ ပိုက်ဆံတွေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အမွေးတွေမျာ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

အိပ်မပျော်ဘူးလို့ ပြောနေမိတတ်ကြပေမယ့် အိပ်မပျော်ခြင်းဟာ အမျိုးအစား အမျိုးမျိုးရှိပြီး အကြောင်းတရားလည်း အမျိုးမျိုးရှိနေတယ်ဆိုတာကိုတော့ သိသူနည်းပါးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မကြာခဏဆီးသွား နေတတ်သူများအတွက်

မကြာခဏဆီးသွား နေတတ်သူများဟာ ကြာလာတဲ့အခါ ကျန်းမာရေးပြဿနာအပြင် လူမှုရေးပြဿနာတွေပါ ကြုံရတတ်ပါတယ်။ ဆောင်ရန် ရှောင်ရန်များကို သေချာ လိုက်နာဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ဗိုက်အဆီ တက်လာတဲ့ ကိစ္စ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ Hello ပရိသတ်တွေအတွက် အကြံပြုချက်လေး တချို့ကို ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ပန်းနာရင်ကြပ် အမျိုးအစားများ

ပန်းနာရင်ကြပ် အမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read

စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စောနေသေးလား…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read

လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read