ကိုယ်ဝန်လနုချိန်သွေးဆင်း ရင် ဘယ်အမေမဆို စိုးရိမ်ကြပါတယ်။ သားဦးကိုယ်ဝန်ဆိုပိုဆိုးပါတယ်။ ကိုယ်ဝန်များတစ်ခုခုထိခိုက်မိပြီလားဆိုပြီး စိုးရိမ်ကြပါတယ်။ ကိုယ်ဝန်လနုတဲ့အချိန်မှာသွေးဆင်းတာက အကြောင်းအမျိုးမျိုးရှိပါတယ်။ တချို့က အန္တရာယ်မရှိပါဘူး။ တချို့အကြောင်းတွေက အရေးကြီးပါတယ်။ ကိုယ်ဝန်လနုချိန်ဆိုတာ ပထမ၃လကို ဆိုလိုတာပါ။ ဒီလတွေမှာ ဘာကြောင့် သွေးဆင်းတာလဲဆိုတဲ့ အကြောင်းရင်းတွေကို ရှာကြည့်ကြရအောင်။