

ဒီလိုကိစ္စတိုင်းမှာတော့ မိခင်နဲ့ ကလေးကို အသက်အန္တရာယ်ပေးနိုင်တဲ့ အခြေအနေမရှိပေမယ့် ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ဖို့နဲ့ ၂ဦးလုံး ကျန်းမာစေဖို့ အထူးဂရုစိုက်စောင့်ကြည့်ရမှာပါ။
တကယ်လို့ မိခင်ရဲ့ကျန်းမာရေးအခြေအနေက ဒီ ၃မျိုးထဲက တစ်မျိုးဖြစ်နေမယ်ဆိုရင် အန္တရာယ်များတဲ့ ကိုယ်ဝန် ဆောင်ခြင်း ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
၁။ လက်ရှိဖြစ်နေသော သို့မဟုတ် ဖြစ်နိုင်ဖွယ်ရာရှိသော ရောဂါများ
၂။ ဘဝနေထိုင်မှုပုံစံ
၃။ အသက်အရွယ်
ဒီမှာတော့ ပုံမှန်အားဖြင့် သားအိမ်ခေါင်းအလျားတိုင်းတာခြင်း (Cervical length measurement)၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ percutaneous umbilical blood sampling (မမွေးဖွားခင် ချက်သွေးနမူနာယူပြီး စစ်ဆေးခြင်း) ၊ Chorionic villus sampling(သန္ဓေသားမှာ မွေးရာပါချွတ်ယွင်းချက်ရှိမရှိ ကိုယ်ဝန်အစောပိုင်းကာလမှာ စစ်ဆေးရသော စမ်းသပ်မှု) Amniocentesis သို့မဟုတ် Targeted Ultrasound စတဲ့ စမ်းသပ်မှုတွေပါဝင်ပါတယ်။