ကိုယ်ဝန်တစ်ခါပျက်ကျဖူးရင် နောက်ကိုယ်ဝန်တွေကို ပျက်ကျဖို့ အလားအလာများလား။
ကိုယ်ဝန် တစ်ခါပျက်ကျဖူးတယ်ဆိုပေမယ့် နောက်ထပ်ဆောင်တဲ့ ကိုယ်ဝန်က ပုံမှန် ဖြစ်သွားတာများပါ။ တစ်ခါပျက်ကျဖူးတာနဲ့ နောက်ကိုယ်ဝန်တွေလည်း ပျက်ကျမှာပဲ ဆိုတာက မှားနေတာပါ။ တကယ်လို့ ကိုယ်ဝန် ပျက်ကျထားတာ ၃ ကြိမ်နဲ့ အထက်ရှိနေပြီဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ခံယူဖို့၊ ဘာ့ကြောင့် ပျက်ကျတာလဲဆိုတဲ့အကြောင်းအရင်းကို ရှာဖို့ လိုအပ်ပါတယ်။
ကိုယ်ဝန် ပျက်ကျခြင်းနဲ့ နောက်ထပ်ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ပျက်ကျခြင်းဟာ သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်ခြင်း မရှိတာကြောင့် ကိုယ်ဝန်ပျက်ကျပြီးပြီးချင်း အကာအကွယ်မသုံးဘဲ အမျိုးသားနဲ့ အတူနေမယ်၊ သန္ဓေတားဖို့လည်း မလုပ်ထားဘူးဆိုရင် နောက်ကိုယ်ဝန် ချက်ချင်းပြန်ရသွားနိုင်ပါတယ်။
သာမန်အတိုင်းပဲ ပျက်ကျသွားတယ်ဆိုရင်တော့ အမျိုးသမီးအနေနဲ့ ကောင်းကောင်းနာလန်ထပြီဆိုရင် ကိုယ်ဝန်ပြန်ယူနိုင်ပါတယ်။ ပိုးဝင်ထားတယ်။ ဖျက်ချထားတယ်ဆိုရင်တော့ အချိန်တစ်ခု ကြာမှ (ဥပမာ ၃လတန်သည်၊ ၆လတန်သည်) ပြန်ယူဖို့ သင့်ပါတယ်။
ရေးသားသူ- Dr Thin Yadanar @ Frances
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။