မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
သားဥအိမ် ဆိုတာ သန္ဓေသား တစ်ခု ဖြစ်တည်လာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ သားဥတွေကို ထုတ်ပေးနေတဲ့ နေရာတစ်ခုပါ။ သားဥအိမ်ကနေ ထုတ်လိုက်တဲ့ သားဥနဲ့ အမျိုးသားဆီက သုက်ကောင်လေးတို့ တွေ့မှ ကိုယ်ဝန်တစ်ခုဖြစ်တည်လာရတာပါ။ ဒါတင်မကသေးပါဘူး။ ဓမ္မတာ စက်ဝန်း ကိုထိန်းချုပ်တဲ့ ဟော်မုန်းတွေကိုလည်း ဒီသားဥအိမ်ကနေပဲ ထုတ်တဲ့အတွက် သားဥအိမ်ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ သားဥအိမ် မရှိတော့ရင် ဘာတွေဖြစ်သွားမလဲ။ ကိုယ်ဝန်ရော ရနိုင်သေးလား။
သားဥအိမ်ထုတ်တာကို ဆေးပညာအရ oophorectomy လို့ ခေါ်ပါတယ်။ သားအိမ် တစ်ဘက်တစ်ချက်စီမှာရှိတဲ့ သားဥအိမ် တစ်လုံးကို ဖြစ်စေ၊ နှစ်ခုလုံးကို ဖြစ်စေ မေ့ဆေး ( ဒါမှမဟုတ်) ခါးထုံဆေး ပေးပြီး ခွဲထုတ်တဲ့ အကြီးစား ခွဲစိတ်မှုတစ်ခုပါ။
သားဥအိမ် ထုတ်ရတဲ့ အကြောင်းအရင်းတွေကတော့
သားဥအိမ်ထုတ်တဲ့အခါမှာ သားဥအိမ် တစ်ခုလုံး ဒါမှမဟုတ်ရင် နှစ်ခုလုံးထုတ်လေ့ရှိပါတယ်။
ကိုယ်ဝန်ရခြင်း မရခြင်းနဲ့ ရာသီစက်ဝန်းအပေါ် သားဥအိမ်က သက်ရောက်မှု အများကြီးရှိတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ သားဥအိမ်ကိုထုတ်လိုက်တဲ့အခါ
သားဥအိမ် ၂ ဘက်လုံးထုတ်တဲ့အခါ
သားဥအိမ် နှစ်ဖက်လုံး ထုတ်ပြီးရင်
သားဥအိမ် ၁ ဘက်တည်းထုတ်ခြင်း
ကိုယ်ကလည်း အသက်ငယ်သေးတယ်၊ အိမ်ထောင်မကျသေးဘူး၊ ကလေးထပ်ယူချင်သေးတယ် ဆိုရင်တော့ ဖြစ်နိုင်ရင်သားဥအိမ် တစ်လုံးပဲ ထုတ်ပြီးနောက်တစ်လုံးချန်ခဲ့ပါ။
အသက်ကလည်းကြီးနေပြီ၊ ကလေးထပ်ယူဖို့လည်း ဆန္ဒမရှိတော့ဘူးဆိုရင်တော့ နောက်ပိုင်း ကင်ဆာရန်ကိုကြောက်ရတဲ့အတွက် သားဥအိမ် ၂ ခုလုံးထုတ်လိုက်တာ ပိုကောင်းပါတယ်။
သားဥအိမ်တစ်လုံး ကျန်ခဲ့ရင် ကိုယ်ဝန်ရဖို့က ဖြစ်နိုင်ပေမယ့် သားဥအိမ် နှစ်ဖက်လုံး ထုတ်ပြီးရင် သဘာဝအတိုင်း ကိုယ်ဝန်ရဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ ဖန်ပြွန်သန္ဓေသားနည်းပဲဖြစ်ပါတယ်။ သားဥအိမ် ၂ ဘက်လုံး မရှိတော့ပေမယ့် သားအိမ်ရှိနေသေးရင် ဖန်ပြွှန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ယူလို့ရပါသေးတယ်။
သားဥအိမ် ၂ ဘက်လုံးထုတ်ထားတဲ့ အမျိုးသမီးတွေခံစားရတဲ့ သွေးဆုံးကိုင် လက္ခဏာတွေကို သက်သာစေဖို့အတွက် ဟော်မုန်းအစားထိုးခြင်း ကုသမှုခံယူလို့ရပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။